Pages

Sunday, September 16, 2012

အမျိုးသား ကျန်းမာရေးအတွက် အသုံးဝင်သော လမ်းညွှန်ချက်များ


အမျိုးသားတွေအခုထက်ပိုမိုကျန်းမာလာဖို့အတွက်ဖော်ပြပေးမယ့်လမ်းညွှန်ချက်တွေကအိမ်မှာ လိုက်နာနိုင်
တဲ့အလွယ်နည်းတွေဖြစ်ကြပါတယ်။ဒီနည်းလမ်းတွေကအလုပ်လုပ်နေတဲ့ အမျိုးသားတွေ၊ ကျောင်းတက်နေ
ဆဲ အမျိုးသားတွေ၊ အိမ်ထောင်ရှင် အမျိုးသားတွေ စတဲ့ အမျိုးသား အားလုံးအတွက် ပိုမိုကျန်းမာလာစေမယ့် နည်းလမ်းတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ (၁) လတ်ဆတ်သန့်ရှင်းသော အစာကို ကောင်းကောင်းစားပါ

သင့်ကျန်းမာရေး အခြေအနေဟာ စားသောက်တဲ့ အစားအသောက်ပေါ်မှာ မူတည်နေပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာဖို့ ဆိုရင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာတဲ့ အစေ့အဆန်၊ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အဆီနည်း အဖြူရောင် အသား (ဥပမာ- ငါး၊ ကြက်)နဲ့ အနီရောင်အသား အသင့်အတင့်တို့ကို စားသောက်သင့်ပါတယ်။

(၂) နည်းပြဆရာနှင့် အတူ လေ့ကျင့်ခန်းလုပ်ပါ  

တစ်ပတ်မှာ လေးကြိမ်ခန့် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာက အထွေထွေ ကျန်းမာရေး အခြေအနေကို တိုးတက်ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်ရာမှာ စနစ်မှန်ဖြစ်စေဖို့ ကျွမ်းကျင်တဲ့ နည်းပြဆရာနဲ့ အတူလေ့ကျင့်ခန်းလုပ်ပါ။ဒါမှသာခါးနာတာ၊ကြွက်သားနာကျင်တာတွေမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါ
တယ်။

(၃) ရိုးစင်းလွယ်ကူသော လှုပ်ရှားမှုများကို လုပ်ဆောင်ပါ

လမ်းလျှောက်တာ၊ရွရွပြေးတာ၊ရေကူးတာ၊စက်ဘီးစီးတာစတဲ့ရိုးစင်းလွယ်ကူတဲ့ လှုပ်ရှားမှုတွေက ကြွက်
သားတွေကိုသန်စွမ်းစေပြီးခန္ဓာကိုယ်ကိုကျစ်လျစ်စေပါတယ်။ဒါကြောင့်အားကစားကိုနည်းပြရဲ့ လမ်းညွှန်
ချက်နဲ့ မလုပ်နိုင်သူတွေအဖို့ ဒီလေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။

(၄) အရက်နှင့် ဆေးလိပ် ရှောင်နိုင်လျှင် အကောင်းဆုံး  

အယ်လ်ကိုဟောနဲ့ဆးလိပ်တွေက အန္တရာယ်ရှိတဲ့ အရာတွေဖြစ်တာကြောင့် ရှောင်ရှားတာ အကောင်းဆုံးပါ။ သင့်အနေနဲ့အရက်ကိုလုံးဝမရှောင်နိုင်ဘူးဆိုရင် အသင့်အတင့်ပဲ သောက်သင့်ပါတယ်။ ဆေးလိပ်သောက်
တာကကင်ဆာဖြစ်နိုင်ခြေကိုတိုးစေသလိုအရက်သောက်တာကိုမထိန်းချုပ်နိုင်ရင် အရက်စွဲသူတစ်ဦးဖြစ်
သွားပြီး အသည်းရောဂါရကာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

(၅) အဖြူရောင် အစားအစာများကို ရှောင်ပါ  

သင်စားတဲ့ အစားအသောက်ထဲမှ အဖြူရောင် သကြား၊ ထမင်းဖြူ၊ ပေါင်မုန့်ဖြူ စတဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လျော့ပါးနေရုံသာမက သဘာဝ အမျှင်ဓာတ်လည်း ကင်းစင်နေတတ်ပါတယ်။ဒါကြောင့်အဖြူရောင်အစားအသောက်တွေကိုရှောင်ပြီးအညိုရောင် အစားအ
သောက်တွေကို စားသင့်ပါတယ်။

(၆) အန္တရာယ်ရှိသော ထရန့်စ်ဖက်စ်များကို ရှောင်ပါ

သင့်ကျန်းမာရေးအတွက်အဆီစားသုံးမှုကိုလျှော့ချသင့်ပါတယ်။အထူးသဖြင့် ထပ်ခါတလဲလဲ ပြန်ကြော်ထား
တဲ့ အဆီတွေကို မစားဖြစ်အောင် သတိထားပါ။

(၇) မျှတသော အာဟာရကို စားပါ  

ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ကိုထိန်းနိုင်အောင်မျှတတဲ့အစားအသောက်တွေကို စားပေးသင့်ပါ
တယ်။

(၈)  မိသားစု၊  မိတ်ဆွေသူငယ်ချင်းများနှင့် ရင်းနှီးသော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ပါ  

သင်ရဲ့မိသားစု၊မိတ်ဆွေသူငယ်ချင်းတွေနဲ့ခင်ခင်မင်မင်နေထိုင်ပါ။သူတို့နဲ့ ရင်းနှီးလုံခြုံတဲ့ ပေါင်းသင်းဆက်
ဆံရးရှိတာက သင့်ကို စိတ်ချမ်းသာပြီး ကျန်းမာသုခ ရရှိစေပါတယ်။

(၉) နာမကျန်းမှုကို ဖော်ပြနေသော လက္ခဏာများကို လျစ်လျူ  မရှုပါနှင့်

ခန္ဓာကိုယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးနာမကျန်းမှုတစ်စုံတစ်ရာဖြစ်လာခဲ့ရင်ဆရာဝန်ထံ ချက်ချင်းသွားပြသင့်
ပါတယ်။

(၁၀)  ကွန်ဒုံးကို စနစ်တကျ အသုံးပြုပါ  

ကွန်ဒုံးသုံးတာကြောင့်သန္ဓေတားနိုင်တဲ့အပြင်ဆစ်ဖလစ်ကာလသားရောဂါပိုး၊ ဂနိုဆီးပူညောင်းကျရောဂါပိုးနဲ့ HIV ပိုး စတဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ မရအောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် မလိုချင်တဲ့ ကိုယ်ဝန်ကို မရစေရုံသာမက ဘေးကင်းစေတဲ့ အတွက် ကွန်ဒုံးကို သုံးသင့်တာ ဖြစ်ပါတယ်။ အထူးသဖြင့် အပျော်အပါး လိုက်စားတဲ့ အခါတွေမှာ လိင်မှတစ်ဆင့် ရောဂါပိုးတွေ ကင်းစေဖို့ ကွန်ဒုံးကို စနစ်တကျ အသုံးပြုသင့်ပါတယ်။

ကေအမ်
Ref:Good Health

0 comments:

Post a Comment