Pages

Saturday, September 8, 2012

ကိုကာကိုလာ အသုံးပြုသည့် ဆဲလ်ဖုန်း - ကိုကာကိုလာဖုန်း

 
 
 
 
 
 
 
 
 
 
 
ဒီဇိုင်နာ Daizi Zheng က တီထွင်ဖန်တီးထားတာ ဆိုပြီး ပြီးခဲ့တဲ့ နှစ် ဇွန်လ ကတည်းက ရေပန်းစားခဲ့တဲ့ ဖုန်းဒီဇိုင်း ဖြစ်ပါတယ်။

ဓာတ်ခဲအနေနဲ့ ကိုကာကိုလာအချိုရေကို အသုံးပြုမှာ ဖြစ်ပြီး သဘာဝစွမ်းအင် ဆုံးရှုံးမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ထည့်လိုက်တဲ့ ကိုကာကိုလာမှာ ပါဝင်တဲ့ ကာဘွန်ဟိုက်ဒရိုက်တွေကနေ လျှပ်စစ်ဓာတ်ကို ထုတ်ယူမှာ ဖြစ်ပါတယ်။ ကိုကာကိုလာရယ်လို့မဟုတ်ပဲ သကြားဓာတ်များ တဲ့ ဘယ်အချိုရည်တွေမဆို ထည့်သွင်းအသုံးပြုလို့ ရတယ်လို့ ဆိုပါတယ်။ 
 
ယင်းဖုန်းကို Nokia Green Phone လို့အမည်ပေးထားပြီး နိုကီယာကုမ္မဏီ ထုတ် ဖုန်းဖြစ်လာဖို့ Daizi Zheng ကမျော်လင့်ထားပါတယ်။ ဖုန်းက ဘက်ထရီအနေနဲ့ ကိုကာကိုလာအချိုရည်ကို အသုံးပြု ထားခြင်း ဖြစ်တဲ့အတွက် သာမန် လစ်သီယံ ဘက်ထရီအသုံးပြုတဲ့ ဖုန်းတွေထက် သုံး၊လေး ဆ ကြာရှည်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
Tech Space  Journal 

 

0 comments:

Post a Comment

 
world time