Pages

Friday, September 7, 2012

အခြေခံပညာရေးဝန်ထမ်းများအား ယခုလမှစတင်၍လစာတိုး

အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့် အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ၀န်ထမ်းများနှင့်ဆရာဆရာမအားလက်ရှိရာထူး၏တစ်ဆင့်တိုးလစာများအတိုင်းတိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ
ကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။
ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအပိုင်းအဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးအောင်ရှိန်ကပြောသည်။
မူလတန်းကျောင်းအုပ်များကိုအထက်တန်းပြလစာသို့လည်းကောင်း၊ခရိုင်ပညာရေးမှူးကိုဒုတိယညွှန်ကြားရေးမှူးအဆင့်နှင့် လစာ
သို့လည်းကောင်း၊  ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးများ ကို ညွှန်ကြား ရေးမှူးအဆင့်နှင့်လစာသို့လည်းကောင်း သတ်မှတ် တိုးမြှင့်ပေးသွားမှာဖြစ်သည်။
လစာတိုးနှုန်းပမာအားဖြင့် အခြေခံပညာကျောင်းအုပ်တစ်ဦးသည် လက်ရှိလစာပေါ်တွင် ၇ ရာခိုင်နှုန်းခန့် တိုးမည်ဖြစ်သည်။
လက်ရှိရာထူးထက်တစ်ဆင့်တိုးပြီးလစာပေးခြင်းကိုလးနှစ်အတွင်းလေးသုတ်ခွဲလုပ်ဆောင်သွားမှာဖြစ်ကာ "ပထမဦးဆုံးအသုတ်
မှာတော့ ပင်စင်ယူကြတော့ မယ့်သက်ကြီးတွေနဲ့ ထူးချွန်တဲ့ ဆရာ၊ ဆရာမတွေကို ဦးစားပေးဆောင်ရွက်မှာပါ" ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှ န်ကြားရေးမှူး ဦးစိန်ဝင်းက မဇ္ဈိမကိုပြောသည်။
ထို့ပြင်ပညာရေးကဏ္ဍ ပိုမိုအားကောင်းစေရန် ခရိုင်အဆင့်ပညာရေးမှူးများကိုလည်း ယခုနှစ်အတွင်း တိုးချဲ့ခန့် အပ်သွားရန် စီစဉ်နေကြောင်း ဦးအောင်ရှိန်ကပြောသည်။
"တိုင်းအဆင့်အနေနဲ့ကတော့ တိုင်းဒေသကြီးတွေရှိတဲ့ နေရာတိုင်းမှာ တိုင်းပညာရေးမှူးတွေ ထားရှိမြှာ  ဖစ်ပြီး၊ ရန်ကုန်ကိုတော့ ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသွားပါမယ်။ ရန်ကုန်အနေနဲ့ ခရိုင်လေး ခုရှိတဲ့အတွက် ခရိုင်ပညာရေးမှူးလေးဦး ထားရှိသွားပါမယ်"ဟု ဦးအောင်ရှိန် ကပြောသည်။
ရန်ကုန်တွင်ထားရှိမည့်ခရိုင်များတွင်တောင်ပိုင်းခရိုင်ပညာရေးမှူးရုံးကိုသံလျင်၌လည်းေ ကာင်း၊ မြောက်ပိုင်း ခရိုင်ပညာရေးမှူးရုံးကို အင်းစိန်၌လည်းကောင်း၊ရှေ့ပိုင်းခရိုင်ပညာရေးမှူးရုံးကိုသင်္ဃန်းကျွန်း၌လည်းကောင်းခန့်ထားသွားမည်ဖြစ်ပြီး အနောက်ပိုင်းခရိုင်
ပညာရေးမှူးရုံးကို လမ်းမတော်ရှိ ယခင်ရန်ကုန်တိုင်း ပညာရေးမှူးရုံး၌ပင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
 
 
ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment