Pages

Thursday, September 6, 2012

“ရေပြာချောင်း အတွင်း စက်လှေတိမ်းမှောက်မှုကြောင့် တစ်ဦးသေ၊ ၁၅ ဦးပျောက်ဆုံး”

ယနေ့နေ့လည် (၁၁)နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ လေ
ပြင်းများ တိုတ်မှုကြောင့် ရေပြာချောင်း အတွင်း စက်လှေ တစ်စီး တိမ်းမှောက် နစ်မြှပ်ခဲ့ကြောင်း သတင်းရရှိ
သည်။
ထိုလှေပေါ်တွင် ပေါက်မြို့မှ ကျောက်ထုမြို့သို့ သွားရောက် စာသင်ကြား မည့် ကျောင်း ဆရာမ လေးဦးနှင့်
အခြားခရီးသည် (၁၆)ဦးခန့် ပါဝင်ပြီးလှေတိမ်းမှောက်မှုကြောင့် ဆရာမလေးဦး အပါအ၀င် ခရီးသည် ၁၅ ဦး
မှာ ပျောက်ဆုံးလျှက် ရှိကြောင်း ဒေသခံ တစ်ဦးကပြောသည်။

လောလောဆယ် ဒီနေ့ နေ့လည်(၂)နာရီ အထိ အမျိုးသမီး အလောင်း တစ်လောင်းပဲ ရှာတွေ့သေးတယ်။

ကျန်တာကို လိုက်ရှာနေတုန်းပဲ။ မိုးကလည်း တော်တော်သည်းတဲ့ အပြင် ရေစီးကလည်း အရမ်းသန်တော့
ရှာရတာ ခက်ခဲတယ်။ ဒီလိုမျိုးဖြစ်ရတာက ရေပြာချောင်း တံတားကို ပြန်ပြီး  မပြင်ပေးလို့ အခုလိုဖြစ်ရတာ
ဟု ၄င်းကဆိုသည်။

ရေပြာချောင်း တံတားမှာ ၂၀၁၁ အောက်တိုဘာလ (၁၉) ရက်နေ့က ကုန်းတွင်းမုန်တိုင်း ၀င်ရောက်တိုတ်
ခိုက်မှု ဖြစ်စဉ် က ပြိုကျပျက်စီး ခဲ့ခြင်းဖြစ်သော်လည်း သက်ဆိုင်ရာမှ ယနေ့တိုင် ပြုပြင်မှု မရှိသေးကြောင်း
သိရသည်။


 Popular News

0 comments:

Post a Comment

 
world time