Pages

Tuesday, September 11, 2012

၃၈ လမ်း ရှစ်လွှာ တိုက်ခန်း မီးလောင်၊ အသက်ရှစ်ဆယ်ခန့် အဖိုးအို သေဆုံး

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-snc7/399769_465591010127830_114460715_n.jpg

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်မြို့တော်၊ ကျောက်တံတား မြို့နယ်၊ ၃၈ လမ်း အလယ်ဘလောက် အမှတ် ၁၆၉ ၊ ရှစ်ထပ်တိုက် ရှစ်

လွှာ တိုက်ခန်း(ဘယ်ခြမ်း)ယနေ့နေ့လယ် ၂ နာရီဝန်းကျင်ကမီးလောင်မှုဖြစ်ပွားရာ ယင်းအခန်းထဲရှိအသက် 
၈၀ ဝန်းကျင် အဖိုးအို တစ်ဦး မီးလာင်မှုကြောင့် သေဆုံးသွားကြောင်းမျက်မြင် တွေ့ရှိသူများက ပြောကြား
သည်။
"အခုမီးလောင်တဲ့အခန်းမှာအသက်ရှစ်ဆယ် ဝန်းကျင် အဖိုးအိုတစ်ဦး ရှိတယ် နားကသိပ်မကောင်းဘူးမနေ့
က လမ်းလျှောက်တာ တွေ့တယ်။ ဒီနေ့တော့ အပြင်သွားတာ မတွေ့ရဘူး"ဟု မီးလောင်တိုက်ခန်းရှေ့ လမ်း
တစ်ဘက်ခြမ်း ရှစ်လွှာမှ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှု အကြောင်းရင်းမှာ ဝါယာရှော့ ဖြစ်ရန်များသည်ဟု သုံးသပ် ကြပြီး သက်ဆိုင်ရာက တစ်စုံ
တရာ အတည်ပြုပြော ဆိုခြင်းမရှိ သေးကြောင်း၊ အဘိုးအိုနှင့်အတူ အသက် ၂၀ ခန့်အရွယ်လူငယ် တစ်ဦး
တို့နေထိုင်ကြကြောင်းလည်း မီးလောင်မှု ဖြစ် ပွားရာအနီးတွင်နေထိုင်သူ တို့ကပြောဆိုကြသည်။

ကောင်လေးလည်း မရှိဘူး အလုပ်သွားနေတာ အခု မီးလောင်တော့ အခန်းတံခါးကို ဖျက်ပြီး ဝင်ရတာ ”ဟု
မီးလောင်မှု ဖြစ်ပွားခဲ့သည့် တိုက်ခန်း သုံးလွှာတွင် နေသူ အမျိုးသား တစ်ဦးကလည်း ဆိုသည်။
 
https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-snc6/249734_465591206794477_468954758_n.jpg

မီးလောင်မှုကြောင့် အခန်းတစ်ခုလုံးနီးပါးလောင်ကျွမ်းခဲ့ပြီး မီးစွဲလောင်မှုကြောင့် အိမ်ခန်းဖွဲ့စည်းထားသော နံရံများမရှိတော့ ကြောင်း မီးလောင်ကျွမ်းနေသည့် သစ်သားတိုင်များကြားတွင် အဖိုးအို၏ အလောင်းမှာ ၇၀ ရာခိုင်နှုန်းခန့် မီးကျွမ်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့ရသူများကပြောကြားသည်။
 
 
ရန်ကုန်သတင်း


0 comments:

Post a Comment

 
world time