Pages

Sunday, August 26, 2012

ကြော်ငြာဆိုင်းဘုတ်များနှင့် ဓာတ်တိုင် ကြော်ငြာဆိုင်းဘုတ်များ မိမိအစီအစဉ်ဖြင့် ဖြုတ်သိမ်းရန် (YCDC) က သတင်းထုတ်ပြန်

ကြော်ငြာဆိုင်းဘုတ်များနှင့် ဓာတ်တိုင် ကြော်ငြာဆိုင်းဘုတ်များကို ယခုလကုန်တွင် မိမိအစီအစဉ်ဖြင့် ဖြုတ်
သိမ်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ယနေ့ထုတ်ပြန်လိုက်သည်။
ကြော်ငြာစိုက်ထူခွင့်ပြုထားသော (ပေ ၂၀ x ၉ ပေ) ယာယီဘုတ်၊ (ပေ ၂၀ x ၉ ပေ) အရွယ်အောက်  ကြော်
ငြာဆိုင်းဘုတ်များနှင့် ဓာတ်တိုင်ကြော်ငြာဆိုင်းဘုတ်များကို မိမိအစီအစဉ်ဖြင့် ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း၊
းအား ကော်မတီ၏ အစီအစဉ်ဖြင့် ဖြုတ်သိမ်းမည်ဖြစ်ကြောင်းဖြုတ်သိမ်းရန်ကျန်သည့် ဆိုင်းဘုတ်မျာ YCDC

ကကြေညာသည်။

ယခုကဲ့သို့ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရခြင်းကြောင့် ကြော်ငြာရှင်များကို ရှင်းပြတောင်းပန်မှုများ လုပ်နေရ
ကြောင်း၊ ကြော်ငြာရှင်များ၏ ယုံကြည်မှု လျော့နည်းသွားပြီး နိုင်ငံခြားကုန် ပစ္စည်းကြော်ငြာသူများကို ပိုမိုရှင်း
ပြရကြောင်း ဆိုင်းဘုတ်လုပ်ငန်းရှင်များကပြောသည်။

YCDC ၏အဆိုအရ ယခုအခါ မြို့တော်အင်္ဂါရပ်နှင့် အညီဆိုင်းဘုတ်များ စနစ်တကျရှိရေးဆောင်ရွက်နေပြီး စိုက်ထူပြီးဆိုင်းဘုတ်များကို ဧပြီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ငါးလတိတိအခမဲ့စိုက်ထူခွင့်ပြုထားသည်ဟု ဆိုသည်။

ဆိုင်းဘုတ်လုပ်ငန်းရှင်များ၏ အဆိုအရ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ထူခွင့်ပြုထား
ကြောင်း သိရသည်။
 
 
7days News

0 comments:

Post a Comment

 
world time