Pages

Friday, August 31, 2012

ကေအိုင်အေ မုန့်ဆန်းယန်သင်တန်းကျောင်းတွင် တပ်သားသစ်တက်နေသော ကချင်အမျိုးသမီး (၁) ဦး ထွက်ပြေးလွတ်မြောက်


ကေအိုင်အေ လိုင်ဇာဌာနချုပ်မှာရှိတဲ့ မုန့်ဆန်းယန်သင်တန်းကျောင်းမှာ တပ်သားသစ်သင်တန်း တက်ရောက်နေတဲ့ မမာကေ ဆိုသူအမျိုး သမီးတစ်ဦးဟာ သြဂုတ်လ (၂၉)ရက်နေ့ ညနေ (၆)နာရီခန့်မှာ သူမရဲ့ ရွာ ကို ထွက်ပြေး လွတ်မြောက်လာတယ်လို့ သိရပါတယ်။
မမာကေဟာကချင်ပြည်နယ်၊ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊မိုင်းမုကျေးရွာမှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၂ခု
နှစ်၊ ဇူလိုင်လကုန်ခန့်က ရွာမှာမိဘတွေနဲ့ လယ်ယာလုပ်ငန်းလုပ်ကိုင်စဉ်မှာဘဲ KIA အဖွဲ့ရဲ့ တပ်သားသစ် စုဆောင်းခြင်းကိုခံရပြီးမုန်ဆန်ယန်သင်တန်းကျောင်းမှာတပ်သားသစ်သင်တန်း တက်ရောက် နေခဲ့တာ ဖြစ်
ပါတယ်။ 
 
သူမဟာ အဆစ်အမြစ်ရောင်ရောဂါရှိနေတာကို အကြောင်းပြ ပြီး လွန်ခဲ့တဲ့သြဂုတ်လ (၂၆) ရက်နေ့က လိုင်ဇာကနေ ကားကြုံနဲ့ ရွာကိုထွက်ပြေးလာတာဖြစ်တယ်လို့ သိရ ပါတယ်။ 
 
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ(၁၅)ရက်နေ့က အဆိုပါ မုန့်ဆန်းယန် သင်တန်းကျောင်းက တပ်သား သစ် သင်တန်းတက်နေသူ သန်းဝင်း ဆိုတဲ့သူကလည်း သင်တန်းကျောင်းကနေ ထွက်ပြေး လွတ်မြောက် လာခဲတယ်လို့ သိရပါတယ်။ 
 
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

 
world time