Pages

Monday, August 6, 2012

ငလျင်ဇုန်ပြ မြေပုံအား ၂ဝ၁၃ နှစ်ဆန်းတွင် နိုင်ငံတဝန်းလုံး ဖြန့်ချိမည်


ငလျင်ပြင်းထန်အားနှင့် လှိုင်းအရှိန် ကြာနိုင်ခြေတို့ကို ခန့်မှန်း တွက်ချက် ဖော်ပြထားသည့် ငလျင် ဇုန်ပြ မြေပုံ အား မြန်မာနိုင်ငံ တဝန်းလုံးသို့ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ မတိုင်မီ ဖြန့်ချိ မည် ဖြစ်သည်။လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ဌာနအောက်ရှိ ငလျင်ဌာနတို့က ပူးပေါင်း ဖြန့်ချိမည် ဖြစ်ပြီး အရေအတွက်ကိုမူ သက်ဆိုင်ရာသို့ ခွင့်ပြုချက် တင်ထားကြောင်း သိရသည်။

အဆိုပါ မြေပုံအား ထိုင်းနိုင်ငံ အခြေစိုက် အာရှ သဘာ ဝဘေး အန္တရာယ် ကြို တင်ပြင် ဆ င်ရေး ဌာန အပါအဝင်မြန်မာနိုင်ငံအင်
ဂျင်နီယာအသင်းရှိငလျင်ကော်မတီ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုး ဦးစီးဌာန၊ တက္ကသိုလ်များရှိ ဘူမိဌာနနှင့်မန္တလေး
မြို့တော် စည်ပင်တို့က နှစ်နှစ်ကြာ ပူးပေါင်းရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လအတွင်း ရေးဆွဲပြီးစီးခဲ့သည့် အဆိုပါ မြေပုံကို အင်ဂျင်နီယာများ၏ ပညာရပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အသုံးတည့်နိုင်ရေးအတွက် အဓိက ရည်ရွယ်ပြီး ငလျင်ပြင်းထန်အား ခံနိုင်ရည်ရှိမှု၊ ငလျှင်လှိုင်းအရှိန်နှစ် ကြာရှည်ခံ ရနိုင်မှု တို့ကို probability seismic hazard assessment (ငလျင်လှုပ်ခတ်ခဲ့မှု သမိုင်းစဉ်ပေါ် အခြေခံ တွက်ချက် ထားသည့် အကဲဖြတ်စနစ်) ဖြင့် ရေးဆွဲထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ ငလျင်ကော်မတီမှ အတွင်းရေးမှူး ဦးစိုးသူရထွန်း က ပြောသည်။

၂၀၀၆ ခုနှစ်ခန့်က မြေငလျင် ကော်မတီ၊ ဘူမိသိပ္ပံ အသင်းနှင့် အင်ဂျင်နီယာ အသင်းတို့ ပူးပေါင်းကာ လူတိုင်း သိရှိနိုင်သည့် ငလျင်ဇုန်ပြမြေပုံကို ထုတ်ဝေခဲ့ဖူးပြီး ၎င်းအတွက် အချိန် သုံးနှစ်ကြာ ရေးဆွဲခဲ့ရသည်။

“ငလျင်နဲ့ပတ်သက်ပြီး လူတိုင်း သတိထားနိုင်ဖို့အတွက် ဒီမြေပုံကို ရေးဆွဲခဲ့ရပါတယ်။ ဇွန်လက ရေးဆွဲပြီးစီးခဲ့တဲ့ မြေပုံ ကတော့ အင်ဂျင်နီယာတွေအတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ပိုအသုံးဝင်နိုင်အောင် အဓိက ရည်ရွယ်ရေးဆွဲတယ်” ဟု
 ဦးစိုးသူရထွန်း က ပြောသည်။

ရန်ကုန်တိုင်းအတွင်းတွင် ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းမှအပ အခြား နေရာများသည် နုန်းတင်မြေနုများဖြစ်သဖြင့် ငလျင်ဒဏ် ခံရကြောင်း သိရသည်။


ရန်ကုန်(မဇ္ဈိမ) 

0 comments:

Post a Comment

 
world time