Pages

Friday, August 10, 2012

မြန်မာနိုင်ငံမှာ တက္ကသိုလ် ဆရာဆရာမများအသင်း ပေါ်ပေါက်လာပြီ

Photo: ရန်ကုန် တက္ကသိုလ်များမှ ၀ိဇ္ဖာ သိပ္ပံ ဌာန နှစ်ခု၏ ဆရာ၊ ဆရာမများအသင်းဖွဲ့စည်းပြီး တရားဝင်မှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း ယနေ့ သြဂုတ် ၁၀ ရက် ၄နာရီက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သော စာနယ်ဇင်းပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ သန်းလွင်ဦးက ပြောသည်။
၎င်းက သမဂ္ဂအနေဖြင့် အမည်မခံပဲ အသင်းအနေဖြင့်သာရပ်တည်သွားမည်ဖြစ်ကြောင်းဆက်လက်ပြောသည်။


၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ တက္ကသိုလ်ဆရာဆရာမများအသင်းကို အသင်းဝင် ဦးရေ (၅၀၀)ကျော်နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။ 

ပထမအဆင့် အနေနဲ့ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ် စတဲ့ 
တက္ကသိုလ် (၄)ခုက ဆရာ၊ ဆရာမတွေနဲ့ဖွဲ့စည်းလိုက်တာဖြစ်ပြီး၊ များမကြာမီ နိုင်ငံတ၀ှမ်းလုံးက တက္ကသိုလ်တွေ အားလုံးနဲ့ 
ချိတ်ဆက်ပြီး တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ဒီအသင်းဖွဲ့စည်းရတာဟာ တက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ အခွင့်အရေးနဲ့ ပညာရေးလွတ်လပ်ခွင့် ရရှိရေး၊ ထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေ မွေးထုတ်ရေး စတဲ့အရေးကိစ္စတွေကို ဆောင်ရွက် ဖို့ဖြစ်တယ်လို့ အသင်းဖြစ်မြောက်ရေး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန လက်ထောက်ကထိက ဒေါက်တာ ကျော်သန်းမိုးက RFA ကို ပြောပါတယ်။

ဒီကနေ့ခေတ် မြန်မာနိုင်ငံက တက္ကသိုလ်ဆရာ၊ဆရာမတွေဟာ လစာအထူးနည်းပါးတဲ့အပြင်၊ သာရေး နာရေး ကျန်းမာရေး အခြေခံ အခွင့်အရေးအထောက်အပံ့မရရှိတဲ့အပြင်၊ ပညာသင်ကြားရေးအပိုင်းမှာ လွတ်လပ်မှုမရှိဘဲ ၀န်ကြီးဌာနတွေရဲ့ ၀င်ရောက်စွက်
ဖက်မှု ခံနေရတယ်လို့ အသင်းဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါ တယ်။

ဒီအသင်းဖွဲ့စည်းရာမှာ ပါမောက္ခချုပ်တွေရဲ့ ခြိမ်းခြောက်မှုတွေရှိတဲ့အတွက် တက္ကသိုလ်ဆရာ၊ ဆရာမတွေ အကြားမှာ အသင်းဝင်အဖြစ် ပါဝင်ဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန် တက္ကသိုလ်များမှ ၀ိဇ္ဖာ သိပ္ပံ ဌာန နှစ်ခု၏ ဆရာ၊ ဆရာမများအသင်းဖွဲ့စည်းပြီး တရားဝင်မှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း ယနေ့ သြဂုတ် ၁၀ ရက် ၄နာရီက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သော စာနယ်ဇင်းပွဲတွင် ရန်ကုန်အရှေ့
ပိုင်းတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ သန်းလွင်ဦးက ပြောသည်။

၎င်းက သမဂ္ဂအနေဖြင့် အမည်မခံပဲ အသင်းအနေဖြင့်သာရပ်တည်သွားမည်ဖြစ်ကြောင်းဆက်လက်ပြောသည်။


RFA (Burmese)

0 comments:

Post a Comment

 
world time