Pages

Friday, August 3, 2012

ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေအတွက် ရွှေမင်းသား ဖေါင်ဒေးရှင်းက ဂျိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်တွေလှု

Photo: ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေ
အတွက် ဂျိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်ကို ရွှေမင်းသား 
 ဖေါင်ဒေးရှင်းက ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကနေတဆင့် ဒီနေ့လှူဒါန်းလိုက်ပါတယ်။

 ပြီးခဲ့တဲ့လက ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်တွေ ကချင်ဒုက္ခသည်
စခန်းတွေကိုသွားရောက် လေ့လာပြီးတဲ့နောက် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်
ကို သိခဲ့ရတဲ့အတွက် အလှူရှင်ရှာခဲ့တဲ့အခါမှာ ရွှေမင်းသားဖေါင်ဒေးရှင်းက အခုလို လှူဒါန်းလိုက်တာပါ။

ဂျိုင်းထောက် အခု ၃၀ နဲ့ ဘီးတပ်ကုလားထိုင် ၃ လုံးကို ဖေါင်ဒေးရှင်းဥက္ကဌ ဦးမြတ်သူဝင်းနဲ့ အမှုဆောင်အဖွဲ့ဝင် အဆိုတော် ဂျေညီညီတို့က ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ လာရောက်လှူဒါန်း တာ
 ဖြစ်ပါတယ်။ 

ဒီပစ္စည်းတွေကို ဒုက္ခသည်တွေဆီအမြန်ဆုံးရောက်အောင် ပေးပို့မယ်လို့
လည်း သိရပါတယ်။
(Photo: 88 Students Generation)

0 comments:

Post a Comment

 
world time