Pages

Monday, August 20, 2012

မျိုးတုန်းအန္တရာယ်ကာကွယ်ရန် မွေးမြူသင့်သော ဒေါ်လာစား ဗမာကြောင်များ



အင်းလေးဒေသကို နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားများစိတ်ပါဝင်စားမှုမြင့်မားစေရန်နှင့် ဗမာကြောင် မျိုးပြုန်းတီးမည့် ဘေး မှကာကွယ်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသတွင်ဗမာကြောင် များ မွေးမြူထားသည်ကို တွေ့ရသည်။

မွေးမြူထားသည့်နေရာမှာ အင်းပေါခုံကျေးရွာမှ ဦးစိုင်းအုန်းမောင်၏ အင်းလေးဒေသ အကြီးဆုံး ရေပေါ်အိမ်တွင် အခန်းကန့်၍ ချောကလက်ရောင်(သို့)အညိုရောင်ရှိ ဗမာကြောင် (Burmese Cat) (၇)ကောင် စတင်မွေးမြူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အ
ကောင်ရေ (၃၀)ကျော်မွေးမြူထားခြင်း ဖြစ်သည်။ 

‘’ကမ္ဘာလူဦးရေ တိုးတတ်မြင့်မားလာတာနဲ့အမျှ ကြောင်ဦးရေ လျော့ပါးလာတာကြောင့် ဗမာကြောင် တွေ ဗမာမြေ   ပေါ်က နှစ်
အတော်အကြာ ပျောက်ခဲ့ရတယ်၊  မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဗမာကြောင်မျိုးကို ကာကွယ်ထိမ်းသိမ်းတာလည်း ဖြစ်
တယ်”ဟု ရှမ်းပြည်တောင်ပိုင်း အင်းပေါခုံကျေး ရွာမှဦးစိုင်းအုန်းမောင်က ပြောသည်။ 

ဦးစိုင်းအုန်းမောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံ ညောင်ရွှေ(၁) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ညောင်ရွှေ၊ အင်းလေး၊ပင်းတယနှင့် မြောက်ဦးတွင် ဟိုတယ်မျုားဖွင့်လှစ်ထားသည့် ဟို
ယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။  အင်းပေါခုံရွာတွင် မွေးမြူထားသော ဗမာကြောင်အမျိုးအစားမှာ လွန်ခဲ့သည့် နှစ်ပေါင်း(၈၀)ကျော်က အရှေ့ တောင် အာရှဘုန်းကြီးကျောင်းများတွင် မွေးမြူခဲ့သော ကြောင်အမျိုးအစားများဖြစ်ပြီး၊ သြစတေးလျမှ (၂)ကောင်၊ အင်္ဂလန်မှ (၅)ကောင် မှာယူကာ စတင်မွေးမြူခဲ့ခြင်းဖြစ်သည်။ 

ကြောင်မွေးမြူထားသည့် အင်းပေါခုံကျေးရွာမှ ရေပေါ်အိမ်အား ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ ကတည်းက အိမ်သစ်ဖွင့်ပွဲကျင်းပ
ခဲ့ပြီး နိုင်ငံခြားသားများ အထူးစိတ်ဝင်စားသည့် နေရာဖြစ်ကြောင်း အင်းသားတို့က ဆိုသည်။ “အင်းရိုးရာကို ဖော်ထုတ်ဖို့ သူ့အဖိုး
အဖွားတွေက သူ့ကိုအမွေပေးခဲ့တယ်နဲ့တူတယ်”ဟု အင်းပေါခုံ ရွာသားတစ်ဦးက ဗမာကြောင်မွေးမြူခြင်းကိစ္စနှင့် ပတ်သက်၍ ဦး
စိုင်းအုန်းမောင်အပေါ် မှတ်ချက်ပြု ပြောကြားခဲ့သည်။ 

ဦးစိုင်းအုန်းမောင်အနေဖြင့် အင်းလေးဒေသမှ ဒေသခံလူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းအတွက် ဟိုတယ်ဝန်ဆောင်မှု
ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေသူတစ်ဦးဖြစ်သည်။ ဗမာကြောင်များမှာ မြန်မာ့မြေပေါ်မှ ၁၉၃၀ခုနှစ်ဝန်းကျင်းက စတင်
ကွယ်ပျောက်ခဲ့ခြင်းဖြစ်ပြီး ဆန်ဖရန်စ္စကိုမှ ဆေးပညာရှင်တစ်ဦးက အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ကာ ထိုနိုင်ငံတွင် သားဖောက်၍ အဆင့်ဆင့် ရောင်းချခဲ့ရာမှ အိမ်မွေးတိရိစ္ဆာန်ဈေးကွက်တွင် ဗဖြင်မာကြောင်ဟူ၍ နာမည်ကြီးနေခြင်း ဖြစ်သည်ဟု ကြောင်ချစ်သူ
များထံက သိရှိရသည်။


အမေရိကန်နိုင်ငံမှအဆင့်ဆင့် ဗမာကြောင်အဖြစ် အသိအမှတ်ပြုခံပြီးနောက် ၁၉၄၉-ခုနှစ်တွင်  အင်္ဂလန်နိုင်ငံ၊ ၁၉၅၀ ၀န်းကျင်တွင် သြစတေးလျနိုင်ငံနှင့် ၁၉၆၉-ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ဗမာကြောင်များ ရောက်ရှိကာ  ယနေ့အထိ ဥရောပနှင့် ကမ္ဘာနိုင်ငံအသီး
သီးတွင် ဗမာကြောင် ရောက်ရှိနေခြင်းဖြစ်သည်ဟု  ကြောင်ချစ်မြတ်နိုးသူများထံမှ သိရှိရသည်။ 

နိုင်ငံတကာဈေးကွက်၌ ဗမာကြောင်တစ်ကောင်လျှင် အမေရိကန်ဒေါ်လာ(၃၀၀)၀န်းကျင်ရှိကြောင်းနှင့် အင်္ဂလန်နှင့် အမေရိကန်
နိုင်ငံရှိ ဗမာကြောင်မျိုးများတွင် အင်္ဂလန်မျိုးမှာ ပိုမျိုးစစ်၍ ကြောင်မြတ်နိုးသူ မှန်လျှင် ဗမာကြောင် မွေးမြူလေ့ရှိကြောင်းကိုလည်း သိရှိရသည်။ 

ဗမာကြောင်များမှာ အခြားကြောင်မျိုးများကဲ့သို့ အလွယ်တကူအမွှေးမကျွတ်ခြင်း၊ ကြောင်များမှာ လူစကားနားလည်လွယ်ခြင်း၊ သတ္တ၀ါများနှင့်ရင်းနှီးလွယ်ခြင်း၊ သီးသန့်နေထိုင်၍ ရှာဖွေစားသောက် လေ့ရှိခြင်းနှင့် သိမ်မွေ့သည့် ဓလေ့ကြောင့်   နိုင်ငံတကာ ကြောင်ချစ်သူအသိုင်းအ၀ိုင်းတွင် အထူး နာမည်ရနေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။ 

ဗမာကြောင်မျိုးစိတ်အား တိတိကျကျခြေရာခံ၍ လိုက်ကြည့်မည်ဆိုပါက အရှေ့တောင်အာရှဒေသ အတွင်းရှိ ထိုင်းနိုင်ငံမှ မြန်မာ
နိုင်ငံအတွင်းသို့ ကြောင်မျိုးသယ်ဆောင်လာခြင်းဖြစ်ပြီး ၊ ဗမာပြည် ရောက်မှ ဗမာကြောင်ဟု အမည်တွင်ခြင်းဖြစ်ကြောင်း ၀ီကီပီး
ရီးယားစွယ်စုံကျမ်းက ဆိုထားသည်။ 

ဗမာကြောင် (Burmese Cat)များမှာ  ရွှေရောင်မျက်လုံးနှင့် ပိုးသားကဲ့သို့ နူးညံ့သည့် ချောကလက် ရောင် (သို့) အညိုရောင်အမွှေး
နှင့်  တခါတလေလည်း မိုးပြာရောင် အမွှေးရှိသည့် ကြောင်းများ ဖြစ်သည်။ 

မြန်မာမြေပေါ်မှာ နှစ်ပေါင်းများစွာအကြာပျောက်ကွယ်ခဲ့သော ဗမာကြောင်များအား အင်းလေး ဒေသသို့ ပြန်လည်ပို့ဆောင်ပေးသူ
မှာ ဦးဝမ်ဖြစ်ပြီး အင်္ဂလန်နှင့် သြစတေးလျမှကြောင်များအား ဟောင်ကောင်မှတဆင့် မြန်မာပြည်အတွင်းသို့ တင်ပို့ပေးခဲ့ခြင်းဖြစ်
ကြောင်း ကိုလည်း သိရှိရသည်။


မစ်မခသတင်းမီဒီယာ

0 comments:

Post a Comment