Pages

Friday, August 24, 2012

မြန်မာနိုင်ငံထဲကို တရားမ၀င် ကျုကျော်ဝင်ရောက်လာတဲ့ ထိုင်းလူမျိုး(၉၃) ဦးအထဲက (၈) ဦးကို တရားမဝင် လက်နက် ကိုင်ဆောင်မှုနဲ့ ထောင် ဒဏ် (၇) နှစ်စီ အသီးသီးချမှတ်

နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ထိုင်းလူမျိုး(၉၃) ဦးအထဲက (၈) ဦးကို တရားမဝင်
လက်နက် ကိုင်ဆောင်မှုနဲ့ တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်မြို့နယ် တရားရုံးကနေ မနေ့ကထောင်
ဒဏ် (၇) နှစ် အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။
နဂိုချမှတ်ထားတဲ့ ပြစ်ဒဏ်အပြင် အခုပြစ်ဒဏ်တွေကို ထပ်မံကျခံရမှာဖြစ်ကြောင်းလည်း သိရပါတယ်။


ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်းကို ထိုင်းနိုင်ငံသား (၉၂)ဦးက ဝင်ရောက်နေထိုင်ပြီး ရော်
ဘာနဲ့ ဆေးခြောက်စိုက်ခင်းတွေ စိုက်ပျိုးလုပ်ကိုင်နေတာကို မြန်မာစစ်တပ် ခမရ (၄၃၁) က ဇူလိုင်လဆန်း
က ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်၊

ဒီ (၉၂) ဦးကို မြန်မာတရားရုံးက ထောင်ဒဏ်(၃)နှစ်ခွဲစီ ဇူလိုင်(၂၂) ရက်နေ့က ချမှတ်ခဲ့ပြီး၊ ဒီအထဲက (၉)ဦး
ကိုတော့ လက်နက်မှု၊ မူးယစ်ဆေးဝါးမှု တို့နဲ့ ထပ်မံတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
 
RFA (Burmese)

0 comments:

Post a Comment

 
world time