Pages

Wednesday, August 29, 2012

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှု လူအများ အထိတ်တလန့်ဖြစ်

 
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုဇွန်တောင် စာတိုက် မှတ်တိုင် အနီးရှိ ကြည်တော် ရဲတပ်ဖွဲ့ လူနေ လိုင်းခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှုကြောင့် လမ်းသွား လမ်းလာများ၊မော်တော်ယာဉ်စီးခရီးသည်များနှင့်ဒေသခံပည်သူများကြားထိတ်လန့်မှုဖြစ်ပွားခဲ့ရကြောင်း ၎င်းတို့၏ ပြောကြားချက်
အရ သိရသည်။
“ရုပ်ရှင် ရိုက်နေတာ တဲ့ဗျာ၊ ကျွန်တော်တို့လည်း ရဲတွေ အများကြီး လူတွေ အများကြီး ကားတွေလည်း ပိတ်နေတော့ တစ်ခုခု ဖြစ်တယ် ထင်လို့ သွားကြည့် လိုက်တာပါ’’ ဟု ပုဇွန်တောင် ဈေးရှေ့တွင် နေထိုင်သူ အိန္ဒိယ နွယ်ဖွား တစ်ဦးက ဆိုသည်။

ပုဇွန်တောင်ရဲတပ်ဖွဲ့စခန်း၊ဗိုလ်တစ်ထောင်ရဲတပ်ဖွဲ့စခန်းနှင့်မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့စခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များ၊ ကျောက်တံ
တားမြို့နယ် ဗဟို မီးသတ် တပ်ဖွဲ့မှ မီးသတ် တပ်ဖွဲ့ဝင်များ ခန့်မှန်း အင်အား ၅၀ နီးပါး အပါအ၀င် မီးသတ်ယာဉ် နှစ်စင်း၊ အုပ်ချုပ်ရေးယာဉ်တစ်စင်း၊ရဲတပ်ဖွဲ့မော်တော်ယာဉ်ကားသေး၃စီးဖြင့်ဝတ်စုံပြည့် ရိုက်ကူး နေကြောင်း ဒေသခံများက ပြောကြား
သည်။

ယင်းဇာတ်ကားမှာ ယခု နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့သော လမ်းမတော်မြို့နယ်နေ ဆယ်တန်း ကျောင်းသူလေး အား သတ်ဖြတ် မီးရှို့ခဲ့သော တစ်ကယ်ဖြစ်ရပ်မှန် မှုခင်းဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ မောင်မောင်ဦး (စနှိုးဝှိုက်)၊ ဇတ်ညွှန်း ကိုလွင်တို့က ကြီးကြပ် ရိုက်ကူးခြင်း ဖြစ်ကြောင်း၊ မင်းသားနိုင်နိုင်း၊ ရဲအောင်၊ ဝမ်းဝမ်း၊ ယွန်းယွန်းတို့ ပါဝင် သရုပ်ဆောင် ထားကြောင်း ဇာတ်ညွှန်း ကိုလွင်ထံက စုံစမ်း သိရသည်။
 
 
ရန်ကုန်သတင်း

0 comments:

Post a Comment

 
world time