Pages

Monday, August 27, 2012

လစ်ဗျားရှိ အထွဋ်အမြတ်နေရာအချို့အား ဘာသာရေးအစွန်းရောက်တို့ဖျက်ဆီး


လစ်ဗျားနိုင်ငံတွင် ဘာသာရေး အစွန်းရောက် ဝါဒီအချို့သည် နိုင်ငံ၏ အထွဋ်အမြတ် နေရာအချို့ကို ဖျက်
ဆီးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ အစ္စလာမ် ဘာသာရေး အစွန်းရောက်များသည် ပြီးခဲ့သည့်သီတင်း
ပတ်ကုန်က နိုင်ငံ၏ အာဇာနည် တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ၏ ဂူဗိမာန်မှ အစိတ်အပိုင်း အချို့ကိုဘူဒို
ဇာဖြင့် ထိုးချေကာ ဖြိုချဖျက်ဆီး ပစ်ခဲ့သည်။ မူအမ်မာ ကဒါဖီခေတ်လွန် လစ်ဗျားနိုင်ငံကို အုပ်ချုပ်နေသော အစိုးရသည် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ထိန်းသိမ်းရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
စနေနေ့က ဇီလ်တန်ရှိ ရှိတ်ခ်အက်ဘ်ဒီဆာလမ် အယ်လ်အက်စ်မာ၏ ဂူဗိမာန်ကို ဖြိုချခဲ့ပြီးနောက် အခြားဒေ
သများတွင်လည်း အလားတူ ဖျက်ဆီးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းများက ဆိုသည်။ ထရီပိုလီအရှေ့
ဘက်တွင် တည်ရှိသော အထွဋ်အမြတ် နေရာအချို့ကို အစွန်းရောက်များက ဗုံးခွဲဖျက်ဆီးခြင်း၊ ဘူဒိုဇာဖြင့်
ထိုးချဖြိုဖျက်ခြင်းများ ပြုလုပ်နေသည်ကို လက်ရှိအာဏာရ ကွန်ဂရက်က တားဆီးနိုင်ခြင်း မရှိပေ။

အမျိုးသား ညီလာခံ၏ ပြောရေးဆိုခွင့်ရ အရာရှိ မိုဟာမက် အယ်လ် မီဂရစ်ဖ်က "ဒီလို လုပ်ရပ်တွေဟာတ
ရားမဝင်သလို ဘာသာရေး စည်းမျဉ်းတွေနဲ့လည်း မကိုက်ညီပါဘူး"ဟု ပြောကြားခဲ့သည်။ အချို့သော နေရာ
များတွင် အဖျက်အဆီးများမှ တစ်ဆင့် အုံကြွမှုများပါ ဖြစ်ပေါ်လရာ လူပေါင်း (၃)ဦးထက်မနည်း သေဆုံးခဲ့
ကြောင်းလည်း သတင်းများက ဆိုသည်။

လက်ရှိတွင် အစိုးရအဖွဲ့က ယခုကိစ္စအတွက် ကာကွယ်ရေး ဝန်ကြီးဌာနကို အကူအညီ တောင်းခံရန် စဉ်း
စားလျှက် ရှိနေသည်။ အစိုးရ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အစွန်းရောက် ဖျက်ဆီးမှုများအတွက် စစ်တပ်၏ စောင့်ရှောက်မှုကို လိုအပ်သည်ဟု ယူဆလျှက် ရှိနေကြောင်းလည်း သိရှိရသည်။


Planet Myanmar Media:

0 comments:

Post a Comment

 
world time