Pages

Wednesday, August 22, 2012

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေဟာ ဘာသာရေးကြောင်း မဟုတ်ဘူးလို့ မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောကြား

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေဟာ မတူကွဲပြားတဲ့ ဘာသာ နှစ်ခု အကြား ဖြစ်ပွား
တဲ့ ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပြဿနာလည်း မဟုတ်တဲ့ အကြောင်း
မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်က ပဋိပက္ခဟာ လူ့အဖွဲ့အစည်း အစိတ်အပိုင်း နှစ်ရပ်အကြား ရာဇဝတ်မှု တခုကို အကြောင်းပြု
ပြီး နောက်ဆက်တွဲ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုသာ ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အကြမ်းဖက် ပဋိပက္ခတွေ အတွင်း သေဆုံးသူ စုစုပေါင်း ၈၈ ဦးရှိပြီး၊ ရခိုင် တိုင်းရင်းသား ၃၁ ဦး နဲ့ မူဆလင် ဘာသာဝင် ဘင်္ဂါလီလူမျိုး ၅၇ ဦး သေဆုံးတယ်လို့ ပြောပါတယ်။

အသိုင်းအဝိုင်း နှစ်ဖက်လုံးက ဘာသာရေး အဆောက်အအုံတွေ၊ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း
၊ နှစ်ဖက် သေဆုံးမှုကို ကြည့်ရင် လူမျိုးစုတစုက တခြား လူမျိုးစု တစုအပေါ် တဖက်သတ် ဖိနှိပ်ညှဉ်းပန်းတာ မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ပ သတင်း ဌာနတွေ နဲ့ အဖွဲ့အစည်း တချို့
က မဟုတ်မမှန် လုပ်ကြံ ချဲ့ထွင်နေတဲ့ သတင်းအမှားတွေကို အခြေခံပြီး ပြည်ပက လူပုဂ္ဂိုလ် တဦးချင်းရော အဖွဲ့အစည်း တချို့ကပါ သဘောထား ထုတ်ပြန်တာတွေ ရှိနေတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ 
ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
 
RFA (Burmese)

0 comments:

Post a Comment