Pages

Thursday, August 2, 2012

ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ရေနွေးအိုးတည်ရာမှ ဓါတ်လိုက်သေဆုံးမှုတစ်ခုဖြစ်ပွား

ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ဇူလိုင်လ(၃၀)ရက်နေ့ မနက်ကိုးနာရီခွဲ ၀န်းကျင်ခန့်တွင် အသက်(၄၀)


ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဇီးကုန်းကျေးရွာတောင်ပိုင်းတွင် နေထိုင်သူ ကိုကျော်လင်း(အသက်၄၀၊၀န်းကျင်)သည် လျှပ်စစ်ဖြင့် ရေနွေး


အိုးတည်နေစဉ် ပလပ်ခေါင်းကို လှမ်းကိုင်ရာမှ မြေကြီးအစိုဓါတ်ကြောင့် ဓါတ်လိုက်ခဲ့ခြင်းဖြစ်ပြီး ပွဲချင်းပြီး


သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




ရွှေဘိုဆေးရုံကြီးတွင် အလောင်းအား ဆေးစစ်ချက်ရယူခဲ့ပြီး ရွှေဘိုရဲစခန်းနှင့် လျှပ်စစ်ရုံးမှလည်းလာရောက်


စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။




Eleven Media :

0 comments:

Post a Comment

 
world time