ယခုကျနော်တို့ မြို့ တွင် မြို့ နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်သည် ဒေသခံ စက်သုံးဆီအရောင်းဆိုင်များအပေါ်
၎င်း၏စီးပွါးရေးတစ်ခု အနေဖြင့်ငွေများ အဆမတန်ကောက်ခံနေပါသည်။
ကျနော်တို့ ဆီဆိုင်ပိုင်ရှင်များသည် တလလျှင် ၄င်းအားကျပ်သိန်း(၂၀) ပေးရပါသည်။ မပေးလျှင်မင်းတို့ဆိုင်တွေ
ပိတ်ရမည်ဟုဆိုပါ့သည်။ ကျနော်တို့လည်းတတ်နိုင်သမျှတော့ပံ့ပိုးပေးပါသည်။အုပ်ချုပ်ရေးမှူးဦးသက်လွင်သည်
၎င်းကိုယ်တိုင်လည်း အထက်မင်းလှရေနံမြေမှ ဆီများကိုခိုးထုတ်ခွင့် ရစေသောပါမစ်လက်မှတ်များပြုလုပ်ကာ
ပါမစ်တစ်စောင်လျှင် ငါးသောင်းကျပ်နှုန်းဖြင်လစဉ်ဆီခိုးပါမစ် စောင်ရေ (၁၀၀)ခန့် ကိုပြုလုပ်ပြီးစီးပွါးရှာနေပါသည်။
ထို့ အပြင် ၄င်းသည် ၈င/၈၀၅၀ ဆီဘောက်ဆာကားဖြင့်ရေနံစိမ်းများခိုးထုတ်ကာ မုံရွာမြို့ သို့ ပို့ ဆောင်နေပါသည်။ ငါက မြို့ နယ်အုပ်ချုပ်ရေးမှုးကွ မင်းတို့တိုင်ချင်ရာတိုင်လို့ ရသည်ဟု ဒေသခံများနှင်အဆင်မပြေတိုင်းပြောလေ့ရှိပါသည်။
မြို့ နယ်အုပ်ချုပ်ရေးမှုးဦးသက်လွင်သည်၎င်းကိုယ်တိုင်တရားမ၀င်လောင်စာဆီများကို ရောင်းဝယ်ဖောက်ကားနေပြီး
သမာအာဇီဝနည်းဖြင့် စီးပွါးရှာကာတ၀မ်းတခါးပြေလည် အောင်ရှာဖွေစားသောက်နေကြသော ဒေသခံပြည်သူများအပေါ်
အတင်းအကြပ်ငွေကြေးတောင်းခံမှူများကို သစ်ထူးလွင် မှတဆင့် အထက်လူကြီးများသိရှိစေရန် တင်ပြပေးလိုက်ပါသည်။
Ref: ကိုသစ်ထူးလွင်(အွန်လိုင်းမီဒီယာ)
0 comments:
Post a Comment