Pages

Monday, July 2, 2012

အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲများကို အဓိက စပွန်ဆာပေးထားသည့် အင်္ဂလန်အခြေစိုက် နာမည်ကျော် ဘာကလေဘဏ်လုပ်ငန်းအုပ်စု ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်သွားပြီ


Photo: ဗြိတိန်နိုင်ငံ အင်္ဂလန်အခြေစိုက် နာမည်ကျော် ဘာကလေဘဏ်လုပ်ငန်းအုပ်စု (Barclays) ၏ ဥက္ကဋ္ဌဖြစ်သူ မားကပ်စ် အေဂျီးယပ်စ် (Marcus Agius) သည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း ဘာကလေက ယနေ့ ကြေညာချက်ထုတ်ပြန်သည်။ 
၂၀၀၈၊ ၂၀၀၉ ခုနှစ်များအတွင်းက ဘဏ်ချေးငွေအတိုးနှုန်းဆိုင်ရာ ကိစ္စရပ်များတွင် ဘာ
ကလေဘဏ်က ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အေဂျီးယပ်စ်မှာ ဘဏ်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားခြင်း ဖြစ်ကြောင်း CNN က ပြောကြားသည်။
ဘာကလေအုပ်စုသည် ဘဏ်လုပ်ငန်း အတိုးနှုန်းကိစ္စရပ်များတွင် ဝင်ရောက်ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပေါင်စတာလင် သန်း ၂၉၀ ဒဏ်ရိုက်ခံခဲ့ရသေးသည်။ 
ဘာကလေသည် ကမ္ဘာ့ဘောလုံးပရိသတ်များကြား လူကြိုက်များသော အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲများကို အဓိက စပွန်ဆာပေးထားသည့် ဘဏ်လုပ်ငန်းအုပ်စုလည်း ဖြစ်သည်။

ဗြိတိန်နိုင်ငံ အင်္ဂလန်အခြေစိုက် နာမည်ကျော် ဘာကလေဘဏ်လုပ်ငန်းအုပ်စု (Barclays) ၏ ဥက္ကဋ္ဌဖြစ်သူ မားကပ်စ် အေဂျီးယပ်စ် (Marcus Agius) သည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း ဘာကလေက ယနေ့ ကြေညာချက်ထုတ်ပြန်သည်။ 

၂၀၀၈၊ ၂၀၀၉ ခုနှစ်များအတွင်းက ဘဏ်ချေးငွေအတိုးနှုန်းဆိုင်ရာ ကိစ္စရပ်များတွင် ဘာ
ကလေဘဏ်က ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အေဂျီးယပ်စ်မှာ ဘဏ်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားခြင်း ဖြစ်ကြောင်း CNN က ပြောကြားသည်။

ဘာကလေအုပ်စုသည် ဘဏ်လုပ်ငန်း အတိုးနှုန်းကိစ္စရပ်များတွင် ဝင်ရောက်ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပေါင်စတာလင် သန်း ၂၉၀ ဒဏ်ရိုက်ခံခဲ့ရသေးသည်။ 

ဘာကလေသည် ကမ္ဘာ့ဘောလုံးပရိသတ်များကြား လူကြိုက်များသော အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲများကို အဓိက စပွန်ဆာပေးထားသည့် ဘဏ်လုပ်ငန်းအုပ်စုလည်း ဖြစ်သည်။

Ref: Planet Myanmar Network:

0 comments:

Post a Comment