Pages

Saturday, July 28, 2012

အစိုးရခိုင်းမှ ပြောင်းရွှေ့ပေးမည်ဟုဆိုသည့် ပြည်မွတ်စလင်သချိုင်္င်း

နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိ ပြည်မြို့မှ မွတ်စလင်မ်သုဿာန်

ပြည်မြို့မွတ်ဆလင်သချိုင်္င်းအား မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် စည်ပင်ကပြောင်းရွှေ့ခိုင်းခြင်းအပေါ်တွင် ငြင်းဆန်လျက်ရှိပြီးနိုင်ငံတော် အစိုးရမှ တရားဝင်စာထုတ်ရွှေ့ခိုင်းမှ ရွှေ့ပြောင်းပေးမည်ဟုအစ္စလာမ် ဘာသာဝင်များထံက သိရှိရသည်။


ဤသုဿာန်မြေသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ရှိခဲ့သော သုဿာန်ဖြစ်ပြီး 

ကိုယ်ပိုင်ဝယ်ယူထားခဲ့ကြသော မြေနေရာဖြစ်ကြောင်း၊ ၂၀၀၈-ခုနှစ်တွင် မြို့နယ်စည်ပင်မှ 

မြို့နယ်အင်္ဂါရပ်နှင့်မညီညွတ်ဟုပြောသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ကြောင်း၊ 



သုဿာန်မြေအဟောင်းအား ပိတ်သိမ်းပြီး အသစ်သို့ပြောင်းရွှေ့ရန် နေရာအသစ်ပေးခဲ့သော်လည်း 

အဆိုပါနေရာမှာ အဆင်မပြေသောကြောင့် မပြောင်းရွေ့ပဲ နေခဲ့ကြကြောင်း၊ ယခုအခါ ထပ်မံ၍

 နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့ရန် လွန်ခဲ့သော ၁-လကျော်မှ သတ်မှတ်ပေးခဲ့ကြောင်း၊


 ဒေသခံများမှ သုဿာန်အသစ်သို့ ပြောင်းရွှေ့ခြင်းမပြုသေးတာကြောင့် ဇူလိုင်လ ၂၅-ရက်နေ့ ည ၉-

နာရီခန့်တွင် ရဲများမှ လာရောက်ပြီး သော့ခတ်သွားကြောင်း သတင်းရရှိပါသည်။


၎င်းသချိုင်္င်းတည်ရှိရာ နေရာသည် စည်ပင်သာယာဥပဒေမှပြဋ္ဌာန်းထားချက်များနှင့်ကိုက်ညီမှုရှိကြောင်းနှင့် အခြားနေရာသို့ပြောင်းရွှေ့လျှင် အဆင်ပြေနိုင်မည် မဟုတ်ဟု ပြည်မြို့နေအစ္စလာမ်ဘာသာဝင်များက ဆို သည်။ 

စည်ပင်သာယာမှ သချိုင်္င်းနှင့် ပတ်သတ်၍ ပြဋ္ဌာန်းထားသည့် ဥပဒေအချို့မှာမြို့၏ ဆင်ခြေဖုံးတွင် ရှိရမည်၊ ကျန်းမာရေးနှင့် ညီညွှတ်ရမည်၊မြင့်မားသည့် အုတ်တံတိုင်းနှင့် ရှိရမည် စသည့်အချက်များပါဝင်ကြောင်း
သိရှိရသည်။

အဆိုပါ သချိုင်္င်းသည် ပြည်မြို့ရှိ မင်းကြီးတောင်ခြေချိုင့်ဝှမ်းကြားတွငတည်ရှိပြီး  နှစ်တစ်ရာသက်တမ်းရှိပြီ ဖြစ်ပြီး ၄င်းသချိုင်္င်းကိုဘာသာပေါင်းစုံ သချိုင်္င်းသို့ ပြောင်းရွေ့ခိုင်းခြင်းဖြစ်ကြောင်းကိုလည်းသိရသည်။

်(၅)နှစ်လောက်ရှိသွားပြီ။ ကျွန်တော်တို့ ရွှေ့လိုက်ရင် ဒီနေရာကအသိမ်းခံရမယ့် နေရာဖြစ်တယ်။ အထက်က အာဏာပိုင်အဆင့်ဆင့်ကို တင်ထားတယ်။ ဘာအမိန့်မှတော့မပြန်သေးဘူး။ အောက်မှာ မ.ယ.ကနဲ့ စည်ပင်က မတရားသဖြင့်လုပ်နေတယ်။ 

တရားလည်းစွဲ နေတယ်။ နိုင်ငံတော်မှာ လိုအပ်ချက်ရှိရင်ကျွန်တော်တို့ ဖယ်ပေးပါ့မယ်။” ဟု အစ္စလာမ်ဘာသာဝင် ဦးချစ်မောင်မြင့်ကပြောသည်။

အကယ်၍ မြို့နယ် အုပ်ချုပ်ရေးမှုးမှ ရွှေ့ပြောင်းမှုမပြုလုပ်လျှင် ဥပဒေပုဒ်မ(၁၈၈)နှင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၄င်းတို့အားပြောကြားထားသည်ဟူ၍လည်း သိရသည်။

 သူတို့ရွှေ့ခိုင်းတဲ့နေရာက နောက်ထပ် (၁၀)နှစ် (၁၅)နှစ်နေရင်ထပ်ရွှေ့ရမှာဗျ။ ဗလီတစ်လုံး ဆောက်ရင်သိန်းလေး ငါးရာကုန်မှာ (၅)ဧကလောက်ရှိတဲ့ဟာကို အုတ်တံတိုင်းခတ်ရင် နောက် တစ်ရာ နှစ်ရာ လောက်ထပ်ကုန်ဦးမှာ။

 နောက် ကားထားဖို့ ရေချိုးဖို့တွေ လုပ်ရမယ့် နေရာတွေဆိုရင်စုစုပေါင်း သိန်းတစ်ထောင် လောက် ကုန်မယ်။ နောက်ဆယ်နှစ်လောက်ကြာလို့ထပ်ရွှေ့ရရင် ဘယ်လိုလုပ်မလဲဗျာ။” ဟု ၎င်းက ဆက် ပြောသည်။

အဆိုပါ သချိုင်္င်းကုန်းပြောင်းရွှေ့ပေးသည့်ကိစ္စနှင့် ပတ်သတ်၍မြို့နယ်အုပ်ချုပ်ရေးမှုးထံသို့ ဆက်သွယ်မေးမြန်း ရာတွင် ဥက္ကဋ္ဌမှာခရီးလွန်နေ၍ ဆက်သွယ်မေးမြန်း၍ မရပေ။

အစ္စလာမ်ဘာသာဝင်များမှလည်း နိုင်ငံတော်သမ္မတနှင့် အခြားအာဏာပိုင်များထံသို့မပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ စာတင်ထားကာ လက်ရှိတွင်တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း သိရှိရသည်။

မြစ်မခမီဒီယာ

0 comments:

Post a Comment

 
world time