Pages

Monday, June 18, 2012

တစ်သောင်းတန်ငွေစက္ကူများ ထွက်ပေါ်လာပြီးနောက်မြန်မာနိုင်ငံတွင် ရွှေဈေးနှုန်းများ ပြန်လည်မြင့်တက်

တစ်သောင်းတန်ငွေစက္ကူများ ထွက်ပေါ်လာပြီးနောက်မြန်မာနိုင်ငံတွင် ရွှေဈေးနှုန်းများ   ပြန်လည်မြင့်တက်




ဇွန်(၁၈)ရက်၊၂၀၁၂ခုနှစ်။ 


မြန်မာနိုင်ငံတွင် တစ်သောင်းတန်ငွေစက္ကူများ ထွက်ပေါ်လာပြီးနောက် ရွှေဈေးနှုန်းများ   ပြန်လည်မြင့်တက်လာကြောင်း    ရွှေအရောင်းဆိုင်ကြီးများက သိရှိရသည်။ “ပိုက်ဆံအသစ်ထွက်တာနဲ့ ရွှေဈေးတစ်သောင်းကျော် ထပ်တက်သွားတယ်။ ကမ္ဘာ့ရွှေဈေး ပြန်တက်လာတာလည်းပါတယ်။ တခြား
 ဒေါ်လာဈေးတို့လည်းလိုက် တက်လာကြတယ်”ဟု ရတနာ ရွှေ အရောင်းဆိုင်က မမြင့်မြင့်စန်းက ပြောသည်။ 

ရန်ကုန်မြို့ ရွှေဈေးကွက်အတွင်း မေလလလယ်ပိုင်းမှ ဇွန်လ လဆန်းပိုင်းဝန်းကျင်အထိ ရွှေတစ်ကျပ် သားလျှင် ကျပ်ငွေ ခုနှစ်သိန်းအောက်ဖြင့် ရပ်တည်နေခဲ့ပြီး ဇွန်လ ပထမအပတ်ကုန်ခါနီးတွင် ကျပ်ငွေ ခုနှစ်သိန်းတစ်သောင်း ဝန်းကျင် သို့ ပြန်လည် ရောက်ရှိခဲ့သည်။“




ဇွန်လ (၁၅)ရက်နေ့ ငွေစက္ကူအသစ် စတင်ထုတ်ဝေပြီးနောက် ရန်ကုန်မြို့ ရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်ငွေ ခုနှစ်သိန်းနှစ်သောင်းကျော်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ 

 “ရွှေဈေးပြန်တက်လာတော့ အရောင်းအဝယ်ပြန်ဖြစ်လာတယ်။ ရှုံးတဲ့သူရှိသလို၊ မြတ်တဲ့သူလည်း ရှိတယ်။ ကမ္ဘာ့ရွှေဈေးကလည်း မတည်ငြိမ်ဘူး။ အတက်အကျကြမ်းတယ်။ ပြီးတော့ ငွေစက္ကူအသစ်ကလည်း ထုတ်ထားတယ်ဆိုတော့ ဆက်ပြီးစောင့်ကြည့်ရဦးမယ်”ဟု Gold Star ရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဇွန်လဆန်းပိုင်းတွင် ရွှေဈေးနှုန်းခုနှစ်သိန်းအထက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ဇွန်လ (၈)ရက်နေ့အထိ ပြည်တွင်းအခေါက်ရွှေ (၁၆ ပဲရည်) တစ်ကျပ်အသားလျှင် ကျပ်ငွေ(၇၀၉၅၀၀) ရှိနေပြီး၊ (၁၅ ပဲရည်) တစ်ကျပ် သားလျှင် ကျပ်ငွေ(၆၆၅၀၀၀)နှင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၅၈၀) ဝန်းကျင်တွင် ရှိနေသည်။
  


ငွေစက္ကူအသစ်ထွက်သည့်နေ့ ဇွန်လ (၁၅) ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ (၁၆၂၆.၁၅) အထိရှိခဲ့ပြီးနောက်တစ်နေ့ ဇွန်လ (၁၆) ရက်နေ့တွင် ရန်ကုန်မြို့ရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်ငွေ (၇၂၂၀၀၀) အထိ ရောက်ရှိခဲ့သည်။ 

၂၀၁၂ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဇွန်လ ဒုတိယအပတ်ကျော်သည်အထိ ကမ္ဘာ့ရွှေဈေးမြင့်တက်ခဲ့မှုကြောင့် မတ်လလဆန်းပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၇၀၀)ကျော်အထိ မြင့်တက်ခဲ့ပြီး ပြည်တွင်း ရွှေဈေးနှုန်း တစ်ကျပ်သားလျှင် အမြင့်ဆုံး ကျပ် (၇၆၀၀၀၀)ကျော်အထိ ရောက်ရှိခဲ့ သည်။

 ရန်နိုင်(မြစ်မခ)


0 comments:

Post a Comment