ဒီဇင်ဘာ ၁၀ ရက်မှာတော့ အပျက်အစီးတွေကို ဘူဒိုဇာတွေနဲ့ ရှင်းလင်းပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။
ဆောက်အအုံ ၂ ခုစလုံးမှာ ၄ ထပ်ရှိကြောင်းနဲ့ အဆောက်အအုံတခုမှာတော့ လူနေထိုင်မှုမရှိဘဲ ဒုတိယအဆောက်အအုံမှာတော့ ကလေးမွေးဖွားတာကို အထိမ်းအမှတ်ပြုတဲ့ အာကီကာဟ်ကို ရိုးရာပွဲတော် ကျင်းပနေကြောင်း ဖက်ဇ်မြို့ အစိုးရရှေ့နေက ကြေညာချက်မှာ ပြောပါတယ်။
ပွဲတော်ကျင်းပနေတဲ့ အဆောက်အအုံမှာ မိသားစု ၈ စု နေထိုင်ကြောင်း ဒေသန္တရအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ေ-သဆုံးသူ အရေအတွက်ဟာ အစောပိုင်းထုတ်ပြန်မှုသာဖြစ်ပြီး စုံစမ်းစစ်ဆေးရေး စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
၂၀၁၀ ပြည့်နှစ်တုန်းက မြောက်ပိုင်းမြို့ မက္ကနက်ဇ်မှာ သမိုင်းဝင် မျှော်စင်တခု ပြိုကျခဲ့လို့ လူ ၄၁ ယောက် ေ-သဆုံးခဲ့ပြီး နောက်ပိုင်း ဗုဒ္ဓဟူးနေ့က ပြိုကျမှုဟာ မော်ရိုကိုမှာ အဆိုးရွားဆုံး ဖြစ်ရပ်တွေထဲက တခုဖြစ်ပါတယ်။
Source: Reuters






0 comments:
Post a Comment