Pages

Friday, March 15, 2019

သတ္တမတန်းအောင်မြင်ပြီးသူများ အနုပညာအထက်တန်း ကျောင်းများသို့ ဝင်ခွင့်လျှောက်ထားနိုင်


Rangonnewsdaily::Friday, March 15, 2019
သတ္တမတန်းအောင်မြင်ပြီးသူများကို ရန်ကုန်နှင့် မန္တလေးရှိ အနုပညာအထက်တန်းကျောင်းများက သင်တန်းသားများအဖြစ် ခေါ်ယူနေသည်။

အနုပညာ အထက်တန်း ကျောင်းများတွင် ပန်တျာ၊ ပန်းချီ၊ ပန်းပုဘာသာရပ်များကို ပညာသင်နှစ် သုံးနှစ်သင်ကြားမည့်အပြင် အခြေခံပညာအဋ္ဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်းစာပေများ ပူးတွဲသင်ကြားပေးမည်ဖြစ်သည်။

အနုပညာအထက်တန်းကျောင်းများ၌ နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများက သက်ဆိုင်ရာအတန်းအလိုက်အခြေခံပညာရေးကို လာရောက်သင်ကြားပေးပြီး နေ့ လယ်ပိုင်းတွင် ပန်တျာ၊ ပန်းချီ၊ ပန်းပုမေဂျာများကို အနုပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများက သင်ကြားပေးသည်။

ဇွန်လတွင် ဖွင့်လှစ်မည့် အနုပညာအထက်တန်းကျောင်း ပထမနှစ်သင်တန်းများသို့ အခြေခံပညာအလယ်တန်း(သတ္တမတန်း) အောင်မြင်ပြီးပါက တက်ရောက် ခွင့်လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို အ နုပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် ဧပြီ ၂၉ ရက် နောက်ဆုံးလျှောက် ထားရမည်ဖြစ်သည်။

အနုပညာအထက်တန်းကျောင်းတွင် ပန်တျာ၊ ပန်းချီ၊ ပန်းပုဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူက ရွေးချယ်တက်ရောက်နိုင်ပြီး ဝင်ခွင့်အတွက် ရွေးချယ်ထားသည့် ဘာသာရပ်နှင့် သက်ဆိုင်သည့် အခြေခံအချက်များကို လူတွေ့ဖြေဆိုရမည်ဖြစ်သည်။

အနုပညာအထက်တန်း ကျောင်းများမှ သုံးနှစ်သင်တန်းပြီးဆုံးပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပါက ယဉ်ကျေးမှုတက္ကသိုလ်နှင့် အခြားတက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက်တက်ရောက်နိုင်သည်။
အနုပညာအထက်တန်းကျောင်း(ရန်ကုန်)ကို အမှတ်(၁၃၀) ကမ္ဘာအေးစေတီလမ်းတွင် ဖွင့်လှစ်ထားပြီး မန္တလေးမြို့တွင် ၂၀×၂၂ လမ်းကြား၊ ၆၆ လမ်း၊ နန်းရှေ့တွင် ဖွင့်လှစ်ထားသည်။

၂၀၁၇-၁၈ ပညာသင်နှစ် စာရင်းများအရ အနုပညာအထက်တန်းကျောင်းများသို့ သင်တန်းသား ၁၀၀ ခန့် တက်ရောက်သင်ကြားခဲ့သည်။
#7Day News Journal

Rangonnewsdaily

0 comments:

Post a Comment