Pages
▼
Pages - Menu
▼
Sunday, November 30, 2014
၆ ပွင့်ဆိုင် ဆွေးနွေးရေးကို လက်မခံဘူးလို့ ကာကွယ်ရေးဦးစီးချုပ် ပြောကြား
RangonNewsDaily:: November . 30 .2014
ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို လက်ခံမှာမဟုတ်ပဲ အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုတဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုးကိုသာ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ၇ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
ဦးသန်းရွှေနှင့် ဦးခင်ညွန့်တို့စကားနားထောင်ရင်း ဦးသိန်းစိန်သမ္မတဖြစ်လာဟု အစ်ကိုအရင်းကဖွင့်ဟ
RangonNewsDaily:: November . 30 .2014
မြန်မာနိင်ငံသမ္မတဦးသိန်းစိန် သမ္မတဖြစ်လာရသည့်အကြောင်းအရင်းများတွင် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ၊ဗိုလ်ချုပ်ခင်ညွန့် တို့၏ အနားတွင်နေပြီး ထိုသူများစကားနားထောင်ကာ ကလန်ကဆန်ပြောကြားမူများမရှိခဲ့ခြင်းက ဦးသိန်းစိန်အား မြန်မာနိင်ငံသမ္မတအဖြစ်သို့ရောက်ရှိစေခဲ့သည့် အကြောင်းအကြောင်းအရင်းများအနက်တစ်ခုအဖြစ် အစ်ကိုဖြစ်သူ ဦးထွန့်းမြင့်က ပြောကြောင်း မြန်မာသံတော်ဆင့် သတင်းစာတွင်ဖေါ်ပြထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် စာရေးဆရာ ထင်လင်ဦးကို ချောင်းဦးနယ်လုံးဆိုင်ရာ သံဃာများ ပတ္တနိကုဇ္ဈနကံဆောင်မည်
RangonNewsDaily:: November . 30 .2014
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်လုံးရှိ သံဃာတော်များက သာသနာတော်ကို ညှိုးနွမ်းစေရန် ဟောပြောခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပတ္တနိကုဇ္ဈန ကံဆောင်မည် ဖြစ်ကြောင်း ချောင်းဦးမြို့ ညောင်ပင်ပဇ္ဇောတာရုံ ကျောင်းတိုက်ဆရာတော် အရှင်ပဝရက The Voice သို့ မိန့်ကြားသည်။
ရန်ကုန်တွင် အကြမ်းဖက်သမားနှင့် လူမိုက်ဂိုဏ်းများကို စီမံချက်ဖြင့် ဖမ်းဆီးစဉ် မူးယစ်အမှုများ ပါဖမ်းမိနေ
RangonNewsDaily:: November . 30 .2014
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အကြမ်းဖက်သမား များအား စုံစမ်းရှာဖွေရေးနှင့် လူ မိုက်ဂိုဏ်းများကို စီမံချက်ဖြင့် ဖမ်း ဆီးစစ်ဆေးနေစဉ် ယင်းအမှုများ နှင့် ဆက်စပ်ကာ မူးယစ်ဆေးအမှု များလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်မူးယစ် တပ်ဖွဲ့စုအမှတ်(၄၂)မှ သတင်းရ ရှိသည်။
ဒဂုံမြို့နယ၊်မြို့မကျောင်းလမ်းရှိ ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ဝင်းအတွင်းလူတစ်ဦး ၀င်ရောက် သေနတ်ပစ်ဖောက်
RangonNewsDaily:: November . 30 .2014
အရပ်သားဆိုသူတစ်ဦးသည် ဒဂုံမြို့နယ၊်မြို့မကျောင်းလမ်းရှိ အမှတ်၉၅၄ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲအတွင်းသို့ ကားဖြင့်အတင်းဝင်ရောက်ပြီး အသင့်ပါလာသည့် ပစ်္စတိုသေနတ်ကို မိုးပေါ်ထောင်ဖောက်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဂါဇာမြို့ ရေကြီးမှု အရေးပေါ်အခြေအနေအဖြစ် ယူအန်န် ကြေညာ
RangonNewsDaily:: November . 30 .2014
နှစ်ရက်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမှုပြင်းထန်စွာ ဖြစ်ပွား နေတဲ့အတွက်
ဂါဇာကမ်းမြှောင်ဒေသကို စိုးရိမ်ရတဲ့ အရေးပေါ်ဒေသ အဖြစ် ယူအန်န်က ကြေညာလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ဒေသကို စိုးရိမ်ရတဲ့ အရေးပေါ်ဒေသ အဖြစ် ယူအန်န်က ကြေညာလိုက်ပါတယ်။
Friday, November 28, 2014
စတုတ္ထတန်းနှင့် အဋ္ဌမတန်း အစိုးရစစ်ဖြစ်သော်လည်း အကျ၊ အရှုံး မရှိသလောက်ဖြစ်မည်
RangonNewsDaily:: November . 28 .2014
ယခု ပညာသင်နှစ်မှ စတင်၍ စတုတ္ထတန်းနှင့် အဋ္ဌမ တန်းတို့တွင် ကျင့်သုံးမည့် အစိုးရ စစ်စာမေးပွဲများသည် အကျအရှုံး ရှိမည် မဟုတ်ဘဲ အရည်အချင်း မှတ်တမ်းသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

နေပြည်တော်တွင် ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်ရာမှ သားအမိနှစ်ဦး ပွဲချင်းပြီးသေဆုံး
RangonNewsDaily:: November . 28 .2014
ဟိုင်းလတ်ယာဉ် နှင့် ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင်ဝင်တိုက်မိ၍ ဆိုင်ကယ် ပေါ်ပါရှိသည့် သားအမိနှစ်ဦးမှာ ဖြစ်ပွားရာနေရာတွင် သေဆုံး သွားကြောင်း နေပြည်တော်ယာဉ် ထိန်းတပ်ဖွဲ့ထံမှ သတင်းရရှိ သည်။
ဟိုင်းလတ်ယာဉ် နှင့် ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင်ဝင်တိုက်မိ၍ ဆိုင်ကယ် ပေါ်ပါရှိသည့် သားအမိနှစ်ဦးမှာ ဖြစ်ပွားရာနေရာတွင် သေဆုံး သွားကြောင်း နေပြည်တော်ယာဉ် ထိန်းတပ်ဖွဲ့ထံမှ သတင်းရရှိ သည်။
အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း မန္တလေးမြို့တွင် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက သပိတ်မှောက်ဆန္ဒပြမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်ဟုဆို
RangonNewsDaily:: November . 28 .2014
မန္တလေးမြို့တွင် အမျိုးသားပညာရေး ဥပဒေအား ကျောင်းသားသမဂ္ဂများစုပေါင်း၍ သပိတ်မှောက်ဆန္ဒပြမှုအား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂများနှင့်အတူ ရန်ကုန်၊ မြင်းခြံ၊ ကျောက်ဆည်၊ မုံရွာ၊ စစ်ကိုင်း၊ ကန့်ဘလူ၊ တောင်ငူ အစရှိသည့် ကျောင်းသားသမဂ္ဂများစုပေါင်းပြီး အင်အား ၆ဝ ခန့်က နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီအချိန်ခန့်မှ စတင်ကာ ညနေ ၆ နာရီ အချိန်ခန့်အထိ မြို့အတွင်း လမ်းလျှောက်ချီတက်ကာ ဆန္ဒပြဟောပြောမှုများ၊ မြို့တော်ခန်းမရှေ့(ကျုံးနံဘေး)၌ ထိုင်သပိတ်ဆင်နွှဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အမြန်လမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ပြောင်းလဲတော့မည်
RangonNewsDaily:: November . 28 .2014
ရန်ကုန်-မန္တလေး အမြန်လမ်းအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တရားမဝင် မြန်မာလုပ်သားများအား ဒီဇင်ဘာ ၁ ရက်နောက်ဆုံးထားကာ နေရပ်ပြန်ရန် မလေးရှားအစိုးရကြေညာ
RangonNewsDaily:: November . 28 .2014
ရန်ကုန်၊ မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် အရေးယူမှုကို ခြောက်လ ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မလေးရှားအစိုးရမှ မလေးရှားနိုင်ငံအတွင်း၌ တရားမ ဝင် နေထိုင်သူများအနေဖြင် ဒီဇင်ဘာ ၁ ရက် နောက် ဆုံးထား၍ မိမိနိုင်ငံသို့ မပြန်ပါက ထောင်ဒဏ်နှင့် ကြိမ် ဒဏ် ချမှတ်မည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။
အမျိုးသား ပညာရေး ဥပဒေကို မန္တလေးတွင် သပိတ်မှောက်
RangonNewsDaily:: November . 28 .2014
ကျောင်းသားများ ကန့်ကွက်သည့်ကြားမှ အတည်ပြုပြဌာန်းလိုက်သော အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် မန္တလေးခရိုင်မှ ကျောင်းသားများ ဦးဆောင်ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းက မန္တလေးမြို့တွင် သပိတ်မှောက် ဆန္ဒဖော်ထုတ်စဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ)
ရန်ကုန်သို့ ဝင်သော နယ် မှတ်ပုံတင် ကားများ မြို့ဝင်ကြေး ကောက်ခံမည်
RangonNewsDaily:: November . 28 .2014
နိုဝင်ဘာ ၂၆ရက်မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဝင်ရောက်လာသော မော်တော်ယာဉ် များအား မြို့ဝင်ကြေး ကောက်ခံသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန် ကြေညာ ချက်အရ သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းကို စစ်အစိုးရမှ ဖျောက်ဖျက်ရန်ကြိုးပမ်းခဲ့ဟု ၈၈မျိုးဆက် ကိုဂျင်မီထောက်ပြ
RangonNewsDaily:: November . 28 .2014
ရန်ကုန်၊ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းမှတ်တမ်း များနှင့်အတွေးအခေါ်များကို ဖျောက် ဖျက်ရန်ကြိုးပမ်းခဲ့သော်လည်း ယနေ့ အချိန်အထိနိုင်ငံနှင့် ပြည်သူ၏ရင်ထဲ တွင်ရှင်သန်နေဆဲဟု ၈၈ ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှကိုဂျင်မီ ကပြောသည်။
မြေငလျှင်သတင်း
Friday :- 28 : November :- 2014
မန္တလေးမြို့တွင် (၂၇.၁၁.၂၀၁၄)နေ့ညနေ(၅နာရီ၄၇မိနစ်)တွင်(၇စက္ကန့်)ခန်ကြာသော ငလျှင် တခု့ ထက်အောက်ခပ်ပြင်းပြင်းလှုပ်သွားကြောင်းသတင်းရရှိသည်။
Wednesday, November 26, 2014
သိပ္ပံနည်းပညာဝန်ကြီး ဌာနနှင့် Huwei Technologies ပူးပေါင်း၍ အိုင်စီတီ ထူးချွန်လူငယ် တစ်သောင်းကျော် မွေးထုတ်မည်
RangonNewsDaily:: November . 26 .2014
သိပ္ပံနှင့်နည်းပညာ ၀န် ကြီးဌာနနှင့် Huwei Technologies (Yangon) ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ်ဆောင်မည့် မြန်မာ နိုင်ငံ အိုင်စီတီထူးချွန်လူငယ်မွေး ထုတ်ရေး စီမံကိန်းတစ်ခု ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မော်ဒယ်လ်သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်းတို့မှ ဒုက္ခိတဘဝရောက်အောင် နှိပ်စက်ဟု တရားရုံးတွင် အိမ်အကူ ထွက်ဆို
RangonNewsDaily:: November . 26 .2014
မော်ဒယ်လ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံ နှစ်ဦး၏ အိမ်၌ အိမ်အကူ လုပ်ကိုင်ခဲ့သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ဗဟန်းမြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၅ ရက် နံနက် ၁၁ နာရီက ရုံးတင် စစ်ဆေးစဉ် ကလေးငယ်က အိမ်ရှင် နှစ်ဦးက ဒုက္ခိတဘဝရောက်အောင် နှိပ်စက်ခဲ့သည်ဟု ထွက်ဆို ဖြေကြားခဲ့သည်။

Tuesday, November 25, 2014
အင်ဒိုနီရှားသမ္မတ ဂျိုကိုဝီ စင်ကာပူနိုင်ငံသို့ တိတ်တဆိတ်သာမာန်လေကြောင်းလိုင်းဖြင့် သွားရောက်
RangonNewsDaily:: November . 25 .2014
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်ဒိုသမ္မတနှင့် ဇနီးတို့သည် စင်ကာပူနိုင်ငံသို့ တိတ်တဆိတ် သာမာန်လေကြောင်းလိုင်းဖြင့် ရောက်ရှိကြောင်း သိရသည်။ ၄င်းတို့ နှစ်ဦး ချန်ဂီလေယာဉ်ကွင်းသို့ ညနေပိုင်း ဆိုက်ရောက်ချိန်တွင် စင်ကာပူနိုင်ငံ ဆိုင်ရာ အင်ဒိုသံအမတ်ကြီးမှာ ဆိုက်ရောက်ဂိတ်သို့ အလောတကြီး ရောက်ရှိ လာခဲ့သည်။

သီရိမင်္ဂလာဈေးသစ်အတွင်း အုပ်စုဖွဲ့ကာ ဒုစရိုက်မှုများ ကျူးလွန်နေသည့် လူမိုက်အဖွဲ့များကို ၀င်ရောက်ဖမ်းဆီးခဲ့ရာ ၁၁ ဦး ဖမ်းဆီးရမိ
RangonNewsDaily:: November . 25 .2014
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ် (ပိတောက်ချောင်း)အတွင်း အုပ်စုဖွဲ့ကာ ဒုစရိုက်မှုများ ကျူးလွန်နေသည့် လူမိုက်အဖွဲ့များအား ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့် နိုဝင်ဘာ ၂၃ ရက်ညပိုင်းတွင် ၀င်ရောက်ပိတ်ဆို့ စစ်ဆေးဖမ်းဆီးခဲ့ရာ ၁၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ပြောကြားသည်။
တာချီလိတ်နှင့် သပိတ်ကျင်းအနီး ငလျင်နှစ်ကြိမ်လှုပ်
RangonNewsDaily:: November . 25 .2014
တာချီလိတ်နှင့် သပိတ် ကျင်းမြို့အနီးတွင် နိုဝင်ဘာ ၂၃ ရက်က အင်အားအနည်းငယ်ရှိသည့် ငလျင်နှစ်ကြိမ်လှုပ်ခဲ့ကြောင်းသတင်းရရှိသည်။
ကန့်ဘလူရှိ အစိုးရ အကြီးအကဲများ တည်းသည့် ဧည့်ရိပ်သာ မီးလောင်
RangonNewsDaily:: November . 25 .2014
ရွှေဘို-မြစ်ကြီးနားလမ်းနှင့် ကန့်ဘလူမြို့သို့ ဆက်သွယ်ထားသည့် မြို့အဝင် လမ်းမပေါ်၌ အေးမြစိုး ဖောင်ဒေးရှင်းက တည်ဆောက်ထားသည့် အစိုးရအကြီးအကဲများ တည်းခိုသည့် ဧည့်ရိပ်သာမှာ နိုဝင်ဘာ တတိယပတ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်သဖြင့် အင်တာနက်နှင့် ဖုန်းလိုင်းများ ဆက်သွယ်ရန်ခက်ခဲ
RangonNewsDaily:: November . 25 .2014
မြဝတီနယ်စပ်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် အော်ပရေတာသုံးခုလုံးတွင် အင်တာနက်လိုင်း ပြတ်တောက်ခြင်းနှင့် နိုင်ငံတကာဖုန်းခေါ်ဆိုရာတွင် ခက်ခဲမှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပြန်ရွေးချယ်ရန် သံဃာလက်မှတ် လေးသိန်းကျော်ဖြင့် သမ္မတထံ တောင်းဆိုမည်
RangonNewsDaily:: November . 25 .2014
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သံဃာတော်အများစု၏ ဆန္ဒသဘောထားနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး သဘောထား ဆန္ဒပြုလက်မှတ်များကို သံဃာတော် လေးသိန်းကျော်ထံမှ ကောက်ခံသွားမည် ဖြစ်ကာ ယင်းလက်မှတ်များဖြင့် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါလက်မှတ် ကောက်ယူသည့် သံဃာတော်များထံမှ စုံစမ်းသိရှိရသည်။

စည်ပင်ရွေးကောက်ပွဲတွင် အမျိုးသမီး ၃၂ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်
RangonNewsDaily:: November . 25 .2014
ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲတွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၂ ဦးပါဝင်ကြောင်း သတင်းရရှိ သည်။
ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲတွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၂ ဦးပါဝင်ကြောင်း သတင်းရရှိ သည်။
တရားမဝင်လုပ်သားများကို ဒီဇင်ဘာ ၃၁ ရက်အလွန် ဖမ်းမိလျှင်ထောင်သုံးလနှင့် ကြိမ်ဒဏ်တစ်ချက်ချမည်ဟုဆို
RangonNewsDaily:: November . 25 .2014
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာ နိုင်ငံသားများ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြန်ခြင်းမရှိ ၍ ဖမ်းဆီးခံရပါက (3+1)စီမံ ချက်အရ ထောင်သုံးလနှင့် ကြိမ် ဒဏ်တစ်ချက်ချမှတ်ခံရမည်ဟု မလေးရှားအစိုးရက ကြေညာ လိုက်ကြောင်း မလေးရှားနိုင်ငံ ရောက် မြန်မာလုပ်သားများက ပြောသည်။

ဇာတ်ကားပေါင်း ၂ဝဝ ကျော် ရိုက်ခဲ့ပြီးပြီ ဖြစ်တဲ့ ယွန်းယွန်း
RangonNewsDaily:: November . 24 .2014
သုံးနှစ်ခွဲ အရွယ် ကလေးဘဝ ကတည်းက ကလေး သရုပ်ဆောင် လုပ်ခဲ့ တဲ့ ယွန်းယွန်းက အခု ဆိုရင် ပြည်သူ ချစ်တဲ့ နာမည်ကြီး ကလေး သရုပ်ဆောင် ယွန်းယွန်း ဖြစ်နေ ပါပြီ။ ချစ်စရာဟန်ပန် အမူအရာလေးတွေ နဲ့ ပရိသတ်ရဲ့ အချစ်ကို ရ ရှိခဲ့တဲ့ ယွန်းယွန်းက အနုပညာ အလုပ်တွေ ကို တကယ် ချစ်မြတ် နိုးပြီး အကောင်း ဆုံးဖြစ်အောင် ကြိုးစားခဲ့ တယ်လို့ ဆိုပါတယ်။
Sunday, November 23, 2014
နိုင်ငံရေးပါတီ တည်ထောင်ပြီး ရက် ၃၀ အတွင်း မှတ်ပုံတင် မလျှောက်ပါက ပျက်ပြယ်မည်
RangonNewsDaily:: November . 23 .2014
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ် ပြင်ဆင်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပြင်ဆင်ချက် အရ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြု ပြီး ရက် ပေါင်း ၃၀ အတွင်း မှတ်ပုံတင် မလျှောက်ထားပါက ပျက်ပြယ်သွားမည် ဖြစ်သည်ဟု ပါဝင်သည်။
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ် ပြင်ဆင်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပြင်ဆင်ချက် အရ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြု
ကချင် ပစ်ခတ်မှုဖြစ်စဉ် အမှန်အတိုင်း ဖေါ်ထုတ်ဖို့ သမ္မတ ညွှန်ကြား
RangonNewsDaily:: November . 23 .2014
ကချင် KIA ဌာနချုပ် လိုင်ဇာအနီးမှာ ရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကချင် အရာရှိလောင်း၂၀ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ တားဆီးနိုင်ရေး အတွက် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု အဖွဲ့တွေနဲ့ ဆက်ဆံရေးရုံးတွေ ပိုမိုဖွင့်လှစ်သွားရမှာဖြစ်ကြောင်း ဒါ့အပြင် တပ်မတော် အနေနဲ့လည်း သတင်းထုတ်ပြန်မှုတွေ ပိုမိုလုပ်ဆောင်သွားရမှာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။
FIFA U-20 World Cup 2015 (New Zealand) အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ၂၀ ကစားသမား စာရင်း ထုတ်ပြန်ခြင်း
RangonNewsDaily:: November . 23 .2014
နယူးဇီလန် နိုင်ငံတွင် ကျင်းပမည့် ဖီဖာ ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲ FIFA U20 World Cup 2015 (New Zealand) အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ၂၀ ကစားသမား စာရင်းကို နည်းပြအဖွဲ့မှ ယနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ကစားသမား စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။

သိပ္ပံနှင့်နည်းပညာ ကျောင်းသားများ စည်းကမ်းဖောက်ဖျက်မှု စာရင်းထုတ်ပြန်
RangonNewsDaily:: November . 23 .2014
မန္တလေး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများတွင် ၂၀၁၃-၁၄ ခုနှစ်၊ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူ/ကျောင်းသားများ၏ ယာဉ်မတော်တဆ ဖြစ်ပွားမှုများ၊ ခိုက်ရန်ဖြစ်ပွား မှုများ၊ ကျောင်းစည်းကမ်း ဖောက်ဖျက်မှုများနှင့် အခြားသော မတော်တဆ ဖြစ်ပွားမှုများကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်ဟု နည်းပညာ တက္ကသိုလ် (မန္တလေး) မှ သိရသည်။အဆိုပါ ထုတ်ပြန်ထားသောစာများအား သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းအသီးသီးသို့ နိုဝင်ဘာလ ၁၁ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
အင်ဂျင်နီယာနှင့်ကန်ထရိုက်တာများ၏ လိုင်စင်မှတ်ပုံတင်ကြေးကို တိုးမြှင့်ကောက်ခံမည်
RangonNewsDaily:: November . 23 .2014
ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မ တီမှ လိုင်စင်ကန်ထရိုက်တာများနှင့် လိုင်စင်အင်ဂျင်နီယာများ၏ လိုင် စင်မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေး နှုန်းထားများကို ၂ဝ၁၅ ခုနှစ်မှ စတင်၍ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီ အင်ဂျင် နီယာဌာန (အဆောက်အအုံ) မှ သိရသည်။
လက်နက်ကြီး ထိမှန်ကျဆုံးသွားသူများတွင် ကချင်ဗိုလ်လောင်းများ မပါဝင်
အခင်းမဖြစ်မီ ၅ ရက်ခန့်က စာသင်ဆောင်တွင် ဗိုလ်လောင်းများကို သင်တန်းဆရာများနှင့် တွေ့ရစဉ် (ဓာတ်ပုံ - Jade Land Kachin)By ပီတာအောင် 21 November 2014
RangonNewsDaily:: November . 23 .2014အစိုးရတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ကြတဲ့ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း အရာရှိလောင်းတွေထဲမှာ ကချင်တပ်ဖွဲ့ဝင်တွေ ပါဝင်ခြင်း မရှိဘဲ ညီနောင်တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ဝင်တွေချည်း ကျဆုံးသွားတာလို့ ကေအိုင်အေက ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည်လွှတ်တော်နှင့်သာ သက်ဆိုင်ပြီး သမ္မတ၊ ကာချုပ်တို့နှင့် မပတ် သက်ဟု သမ္မတကVOA သတင်းဌာနနှင့် ယမန်နေ့က ပြောကြား
RangonNewsDaily:: November . 22 .2014
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည်လွှတ်တော်နှင့်သာ သက်ဆိုင်ပြီး သမ္မတ၊
ကာချုပ်တို့နှင့် မပတ် သက်ဟု သမ္မတကVOA သတင်းဌာနနှင့် ယမန်နေ့က ပြောကြား
ခဲ့ခြင်းအပေါ် တိုင်းပြည်ကို တကယ်စေတနာထားပါက ယခုကဲ့သို့ မပြောသင့်ကြောင်းနှင့်အစိုးရနှင့် တပ်ကိုမထိ ခိုက်စေဘဲ ပြည်သူ့အကျိုးအတွက် ပြုပြင် ပေးသင့်သည့်၊ သမ္မတက ဆောင်ရွက်ပေး နိုင်သည်များရှိကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေးပူးပေါင်းကော်မတီအတွင်းရေး
မှူး မလှိုင်မြို့ နယ်အမတ် ဦးအေးမောက်က မဇ္ဈိမကို ပြောသည်။

ပြည်ပမှ ဆေးပညာဘွဲ့ရယူခဲ့သည့် မြန်မာဆရာဝန် ၁၁ ဦး ဆေးကုသခွင့်လိုင်စင် (ဆမ) အရည်အချင်းစစ် ၀င်ရောက်ဖြေဆိုရာ ဖြေဆိုသူအားလုံး ကျရှုံး
RangonNewsDaily:: November . 22 .2014
ပြည်ပမှ ဆေးပညာဘွဲ့ရယူခဲ့သည့် မြန်မာဆရာဝန် ၁၁ ဦး ဆေးကုသခွင့်လိုင်စင် (ဆမ) အရည်အချင်းစစ် ဝင်ရောက်ဖြေဆိုရာ ဖြေဆိုသူအားလုံး ကျရှုံးခဲ့ကြောင်း မြန်မာနိုင်ငံဆေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၆ /၂၀၁၄)
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့
(၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်)
ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း
Saturday, November 22, 2014
ဆေးဘက်ဝင်အပင်မှ ဖော်စပ်သည်ဆိုသည့် လိင်အားတိုးဆေး အချို့ အန္တရာယ်ရှိဟု ထိုင်းဆေးသိပ္ပံဋ္ဌာန သတိပေး
RangonNewsDaily:: November . 22 .2014
ဘန်ကောက်ပို့စ်၊ နိုဝင်ဘာ၂၀။ အမျိုးသားများ အတွက် ရောင်းချသော ဆေးဘက်ဝင် အပင်မှ ထုတ်လုပ်ထားသည် ဆိုသည့် လိင်အား တိုးဆေး အချို့တွင် ပန်းသေပန်းညိုး ရောဂါကို ကုသသည့် ဗီယာဂရာ ဆေးတွင် ပါဝင်သော ဓါတုဒြပ်ပေါင်းနှင့် ဆင်တူသော အေးလ်ဒင် နာဖီးလ်(Aildenafil) ပါဝင်ကြောင်း တွေ့ရှိ ထားသည်။သို့သော် ၎င်းအား အတည်ပြု ထောက်ခံထားခြင်း မရှိသည့်အတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟု ထိုင်းဆေးသိပ္ပံ ဋ္ဌာနက သတိပေးထား သည်။အမျိုးသား များ၏ လိင်မှုဆန္ဒကို မြင့်မားစေသည်ဆိုကာ ဈေးကွက်တွင် ရောင်းချနေသော ပရဆေးအချို့ကို ယင်းဋ္ဌာက မကြာသေးမီ က စုံစမ်းစစ်ဆေးခဲ့သည်။