![]() |
ကမ္ဘာ့ ရေနံစိမ်း ဈေးနှုန်း မြင့်တက်ဖို့ အတွက်ဆိုပြီး သူတို့ရဲ့ ရေနံ ထုတ်လုပ်မှု ပမာဏကို လျှော့ချမှာ မဟုတ်ဘူး လို့ ရေနံရောင်း နိုင်ငံတွေ စုပေါင်းဖွဲ့ထားတဲ့ အိုပက် OPEC အဖွဲ့က ပြောပါတယ်။
အိုပက် အဖွဲ့ဝင် နိုင်ငံတွေ က ကိုယ်စားလှယ် ၁၂ ဦးတို့ ၅ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ အပြီး အခုလို ဆုံးဖြတ်ချက် ထွက်ပေါ် လာတာပါ။
အရင်တုန်းကတော့ ရေနံဈေးကို မကျအောင် ထိန်းနေကျ ဖြစ်တဲ့ ဆောက်ဒီ အာရေးဗျား နိုင်ငံကလည်း ကျန် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ရေနံ ထုတ်လုပ်မှု လျှော့ မချရင် သူ့ တစ်နိုင်ငံထဲ အနေနဲ့လည်း မလျှော့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
ဒီ ကြေညာချက် ထွက်ပေါ်လာ အပြီးမှာပဲ၊ ကမ္ဘာ့ ရေနံ ဈေးနှုန်းဟာ ၄ နှစ် အတွင်း အနိမ့်ဆုံးကို ကျဆင်း သွားပါတယ်။
BBC , KOLATT(PBDN)
RangonNewsDaily


No comments:
Post a Comment