Pages

Pages - Menu

Sunday, November 23, 2014

သိပ္ပံနှင့်နည်းပညာ ကျောင်းသားများ စည်းကမ်းဖောက်ဖျက်မှု စာရင်းထုတ်ပြန်

RangonNewsDaily:: November . 23 .2014
မန္တလေး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများတွင် ၂၀၁၃-၁၄ ခုနှစ်၊ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူ/ကျောင်းသားများ၏ ယာဉ်မတော်တဆ ဖြစ်ပွားမှုများ၊ ခိုက်ရန်ဖြစ်ပွား မှုများ၊ ကျောင်းစည်းကမ်း ဖောက်ဖျက်မှုများနှင့် အခြားသော မတော်တဆ ဖြစ်ပွားမှုများကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်ဟု နည်းပညာ တက္ကသိုလ် (မန္တလေး) မှ သိရသည်။အဆိုပါ ထုတ်ပြန်ထားသောစာများအား သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းအသီးသီးသို့ နိုဝင်ဘာလ ၁၁ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ၂၀၁၃ -၁၄ ပညာသင်နှစ်အတွင်းတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ယာဉ်မတော်တဆမှု ဖြစ်စဉ်ပေါင်း ၃၅ မှုဖြစ်ပွားခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရနှင့် သေဆုံးသူပေါင်း ၁၇ ဦးရှိသည်ဟု ဆိုသည်။
ထို့ပြင် ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုနှင့် ကျောင်းစည်းကမ်းထိန်းသိမ်းရေး ဖောက်ဖျက်မှုတို့ကြောင့် ကျောင်းမှထုတ်ပယ်၊ စာသင်နှစ်ရပ်နား၊ ခံဝန်ကတိ ရေးထိုးသူပေါင်း ၅၂ ဦးရှိခဲ့သည်ဟုဆိုသည်။
::
အခြားသော မတော်တဆဖြစ်ပွားမှုများကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၄ ဦး၊ သေဆုံးသူ ၁၃ ဦး ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ညွှန်ကြားချက်ထဲကအတိုင်း လုပ်ဖို့ကတော့ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာလည်း စာသင်တာ တစ်ဖက်နဲ့ပြီးတော့ ဒါတွေကို ပြောတော့လည်း သူတို့က နားထောင်ဦးမှ၊ ဒီလိုတွေပြောဖို့ အချိန်တစ်ချိန် သတ်မှတ်မှ ဖြစ်လိမ့်မယ်” ဟု နည်းပညာတက္ကသိုလ် (မန္တလေး) မှ ဌာနမှူး တစ်ဦးက ပြောသည်။
::
နည်းပညာ တက္ကသိုလ်အားလုံး၏ ပညာသင်နှစ်ကို၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment