Pages

Pages - Menu

Wednesday, November 26, 2014

အကယ်ဒမီတစ်ပြေးနေသူများ၏ ရင်ခုန်သံစကား


RangonNewsDaily:: November . 26 .2014
အကယ်ဒမီနေတိုး
********************
''ကျွန်တော်ကဒီနှစ်အကယ်ဒမီ ဆန်ခါတင်ခြောက်ကားမှာ လေး ကားပါဝင် သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေက ကျွန်တော်ကိုအကယ် ဒမီနဲ့ပတ်သက်ပြီးတော့ ထင်မြင်ချက် ပေးနေတဲ့အတွက် ကျွန်တော်ကတော့ ကျေနပ်မိပါတယ်။
ဒါပေမဲ့လည်း ကျွန်တော်အကယ်ဒမီရတာထက် ပရိသတ်တွေ aပးတဲ့အကယ်ဒမီဆုရ တာကိုပိုကျေနပ်ပါတယ်။ အကယ်ဒမီစာရင်းဝင်တဲ့ ရုပ်ရှင်ဇာတ်ကား လေးကားပါပေမယ့်လဲ ကျွန်တော် အတွက်ကတော့ အရင်နှစ်တွေနဲ့မထူး တဲ့ ခံစားချက်မျိုးပဲရှိပါတယ်။

ကျွန် တော် အကယ်ဒမီကိုရင်မခုန်ပါဘူး။ကျွန်တော်အတွက်ပရိသတ်တွေ ကျွန် တော်ဘက်မှာရှိနေတာကိုပဲ ကျေနပ် မိတယ်။ ပရိသတ်အားပေးမှုနဲ့ပဲ ကျွန် တော်ကတော့ ဆက်ကြိုးစားသွားမှာပါ''

အကယ်ဒမီပြေတီဦး
**********************
''ကျွန်တော်ကိုအကယ်ဒမီမှန်း ပေးကြတဲ့ ကျွန်တော်ရဲ့ပရိသတ်တွေ အားလုံး ကိုကျေးဇူးတင်ပါတယ်။ ကျွန် တော်ကိုယ်တိုင်ကတော့ အများကြီး မမျှော်လင့်ထားပါဘူး။ အကယ်ဒမီ ရဖို့ဆိုတာက ကံတရားနဲ့လည်းဆိုင် သလို အကယ်ဒမီကဟိုအရင်ခေတ် မင်းသား၊ မင်းသမီးကြီးတွေရဲ့ အပြော အတိုင်းပြောရမယ်ဆိုရင်တော့ အ ကယ်ဒမီကနတ်ကြီးပါတယ်။ 


အနုပ ညာရှင်တိုင်းကတော့ အကယ်ဒမီကို လိုချင်ကြမှာပဲလေ။ကျွန်တော်လည်း လိုချင်တဲ့စိတ်အပြည့်ရှိပေမယ့် မ မျှော်
လင့်ထားဘူး။ ရရင်လဲ ကျွန်တော်ရဲ့ ကြိုးစားအားထုတ်မှုရဲ့ ကံတရားအ တိုင်းပဲ၊ မရရင်လည်း ကျွန်တော်နောက် ထပ်ကြိုး
စားသွားမယ်။'အဖြူရောင် ရဲတိုက် 'ရုပ်ရှင်ဇာတ်ကားနဲ့ပရိသတ် တွေက ကျွန်တော်ကိုအကယ်ဒမီပေး ကြတယ်ဆိုတော့ ကျွန်တော်အရမ်းကို ဝမ်းသာမိပါတယ်။

အဖြူရောင်ရဲ တိုက်ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော် တော်တ်ာလေးကို ကြိုးစားထားတယ် ဆိုတာ ကျွန်တော်နဲ့အတူတူအ

လုပ် တွဲလုပ်တဲ့သူတွေရော ပြီးတော့ကြည့် ရှုတဲ့သူတွေရောသိမှာပါ။ ဒါပေမဲ့ လဲ ကျွန်တော်အကယ်ဒမီ ရပါစေဆို တဲ့စိတ်
ထားနဲ့ ဘယ်ဇာတ်ကားကိုမှ မ ရိုက်ကူးခဲ့ပါဘူး။''

အကယ်ဒမီ အိန္ဒြာကျော်ဇင်
*******************************
''အူဝဲကို အကယ်ဒမီနဲ့ပတ် သက်ပြီးတော့ ထင်ကြေးပေးကြတယ် ဆိုတာက အူဝဲကိုပရိသတ်တွေကချစ် ခင်တဲ့အတွက်ပါ။ အူဝဲအကယ်ဒမီ ကို ဘယ်တော့မှမမှန်းဘူး။ မမှန်းရဲ တာလဲပါတယ်။ ကိုယ်ကအရမ်းမှန်း ထားပြီးတော့မှ မရရင်ပိုပြီးတော့ ခံ စားရတယ်။


ဘယ်လောက်ပဲအကယ် ဒမီရအောင်ကြိုးစားကြိုးစား ကံတ ရားနဲ့လည်း ဆိုင်တယ်။ ကံပါမှရ မှာလေ အဲဒီတော့အူဝဲ

စိတ်ထဲမှာ ပေါ့ ပေါ့ပါးပါးပဲထားတယ်။ အရမ်းကြီး မမှန်းထားဘူး။ အူဝဲကိုထင်ကြေးပေး ကြတဲ့သူတွေကိုတော့ ကျေးဇူးတင်
ပါ တယ်။'အဖြူရောင်ရဲတိုက်''ဇာတ်ကား က မင်းသမီးလုပ်ကွက်ရတဲ့ဇာတ်ကား တစ်ကားပါ။

အူဝဲအတွက်တော့ အခွင့် အရေးကောင်တစ်ခုလို့ပြောရမယ်။ဘယ်ဇာတ်ကားမဆို ကိုယ်ကလုပ် ကွက်ရမှ အိုက်တင်

ထုတ်ပြလို့ရတာ လေ။ ကိုယ်ကဘယ်လောက်ပဲအိုက် တင်တွေကျင့်ကျင့် လုပ်ကွက်မရရင် အဲဒီအိုက်တင်ချပြလို့ရမှာ
မဟုတ်ဘူး။ အဲဒီဇာတ်ကားက သမီးလေးကိုယ်ဝန် သုံးလေးလလောက်နဲ့ဆိုတော့ အူဝဲ အတွက် အမှတ်တရလေးတစ်ခုပါ။

အခုချိန်မှာနောက်ထပ် ကိုယ်ဝန်လွယ် ထားရတော့တကယ်လို့ အကယ်ဒမီရခဲ့ မယ်ဆိုရင်ရောဆိုတော့ အဲဒီလောက် အထိတော့ အူဝဲကံမကောင်းနိုင်ဘူး နဲ့တူတယ်။ ကံတရားက အဲဒီလောက် အထိ အူဝဲဘက်ကိုမလိုက်လောက်ဘူး တော့ အူဝဲထင်တယ်''


ခိုင်သင်းကြည်
****************
''စုန်းပြူးဇာတ်ကားနဲ့ပတ်သက် ပြီးတော့ မခိုင်လေးကို ပရိသတ်တွေက အကယ်ဒမီထပ်ပြီးတော့မှန်းပေး ကြတာကိုတော့မ ခိုင်လေးဝမ်းသာပါ တယ်။ မခိုင်လေးအကယ်ဒမီရအောင် ဝိုင်းပြီးဆုတောင်းပေးတဲ့အသံတွေ ကိုလည်း ကြားပါတယ်။ ဒါပေမဲ့မခိုင် လေးက ကံမကောင်းဘူး။


ကိုယ့်က ကံမ ကောင်းတတ်တော့ ပရိသတ်တွေကို အားနာတယ်။ မခိုင်လေးကိုပရိသတ် တွေကအကယ်ဒမီမှန်းကြတယ်။ အ ကယ်ဒမီရစေချင်ပေမယ့်လဲ မခိုင် လေးက ဘယ်တော့မှ အကယ်ဒမီနဲ့ ကံမစပ်ဘူး။
ပရိသတ်တွေက မခိုင်လေး ကို

အကယ်ဒမီရစေချင်တာကိုတော့ ဝမ်းသာပါတယ်။ မခိုင်လေးကတော့ အကယ်ဒမီကိုမမှန်းရဲဘူး။ အခု တောင်ပရိသတ်
တွေရဲ့ ခန့်မှန်းခြေနဲ့ တော်တော်ကိုရင်ခုန်နေရတာပါ။ မှန်း ထားပြီးမရရင် ခံစားရမှာစိုးလို့ မမှန်း တာပါ''

Democractoday , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment