Pages

Pages - Menu

Sunday, November 30, 2014

ဒဂုံမြို့နယ၊်မြို့မကျောင်းလမ်းရှိ ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ဝင်းအတွင်းလူတစ်ဦး ၀င်ရောက် သေနတ်ပစ်ဖောက်

RangonNewsDaily:: November . 30 .2014
အရပ်သားဆိုသူတစ်ဦးသည် ဒဂုံမြို့နယ၊်မြို့မကျောင်းလမ်းရှိ အမှတ်၉၅၄ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲအတွင်းသို့ ကားဖြင့်အတင်းဝင်ရောက်ပြီး အသင့်ပါလာသည့် ပစ်္စတိုသေနတ်ကို မိုးပေါ်ထောင်ဖောက်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိဝင်ဘာလ ၂၇ ရက်တွင် ကင်းတာဝန်ကျစစ်သည်မှ ကားတံခါးဖွင့်၍ စစ်ဆေးမေး မြန်းစဉ်နေစဉ် တပ်တွင်းယာဉ်ကို အတင်းဝင်ရောက်မောင်းနှင် သွားခဲ့ပြီး အိမ်ထောင်သည် လိုင်းခန်းရှေ့တွင်
ရပ်ကာ ဟွန်းကိုအဆက်မပြတ် တီးနေခြင်းကို တပ်ခွဲရှိဒုအရာခံဗိုလ်တစ်ဦးက မေးမြန်းစဉ် ပစ္စတို သေနတ်ကိုမိုးပေါ် ထောင်ပစ်ခဲ့ကြောင်း စခန်းမှူး ဒု-ရဲမှူးသောင်းစိန်က အတည်ပြုပြောဆိုသည်။

“ လောလောစစ်ဆေးချက်တွေအရ သူကအရပ်သားလို့ထွက်ဆိုထားပါတယ်။ ဆက်လက်စစ်ဆေးနေဆဲပါ“ ဟု ၎င်းင်းကပြောကြားသည်။
::
သေနတ်ပစ်ဖောက်ခဲ့သူကို ဒဂုံမြို့မရဲစခန်းတွင်ဖမ်းဆီးကာ တပ်မှစိစစ်သည်ကို မလိုက်နာမှု ဥပဒေပုဒ်မ(၃၅၃)၊ ခွင့်ပြုချက်မရပဲ တပ်ပိုင်မြေအတွင်းဝင်ရောက်မှု ဥပဒေ ပုဒ်မ (၄၄၇)နှင့် သေနတ်ပစ်ဖောက်မှု ဥပဒေပုဒ်မ(၃၀၇)တို့ဖြင့် စစ်ဆေးအရေးယူထားဆဲဖြစ်ပြီး သေနတ်အမျိုးအစားနှင့်တပ်အတွင်းဝင်ရန်ကြိုးစား ရ သည့်အကြောင်းရင်းကိုလည်း စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယင်းအမျိုးသားစီးလာသည့်ကားပေါ်မှ ဗြောက်အိုး ရှုးဒိုင်းတစ်ချောင်း၊ ဗြောက်အိုးတစ်ထုပ်၊ ကားသော့တစ်ချောင်း၊ လက်ကိုင်ဖုန်းတစ်လုံး၊ ပစ္စတိုတစ်လက်၊ကျည်ကတ်တစ်ကတ် ပစ်ပြီးသားကျည်ခွံ တစ်ခု အရိုးအသွားရှစ်လက်မ ခန့်ရှိ ခေါက်ဓားတစ်ချောင်း နှင့် စတီးခေါက်တုတ်တစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၎င်းကဆိုသည်။
::
အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ သားတစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်သူကို ထုတ်ဖော်မပြောလိုကြောင်း စစ်ဖက်ဆိုင်ရာထောက်လှမ်းရေးတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။
::
““ဘယ်သူ့သားသမီးလဲဆိုတာက ကိုယ်ရေးကိုယ်တာကိစ်္စဖြစ်တဲ့အတွက် ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး။ သူပြုခဲ့တဲ့ ပြစ်မှုအတိုင်းပဲ အရေးယူသွားမှာပါ””ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒု-ရဲမှူးပြည့်စုံက သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။

People power ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment