Pages

Pages - Menu

Sunday, November 30, 2014

ရန်ကုန်တွင် အကြမ်းဖက်သမားနှင့် လူမိုက်ဂိုဏ်းများကို စီမံချက်ဖြင့် ဖမ်းဆီးစဉ် မူးယစ်အမှုများ ပါဖမ်းမိနေ


RangonNewsDaily:: November . 30 .2014
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အကြမ်းဖက်သမား များအား စုံစမ်းရှာဖွေရေးနှင့် လူ မိုက်ဂိုဏ်းများကို စီမံချက်ဖြင့် ဖမ်း ဆီးစစ်ဆေးနေစဉ် ယင်းအမှုများ နှင့် ဆက်စပ်ကာ မူးယစ်ဆေးအမှု များလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်မူးယစ် တပ်ဖွဲ့စုအမှတ်(၄၂)မှ သတင်းရ ရှိသည်။
‘‘လုံခြုံရေးအရှိန်မြှင့်ထား တုန်းမှာ မူးယစ်ဆေးအမှုတွေ လည်း ဖမ်းဆီးနိုင်တာမျိုးတွေရှိနေ ပါတယ်။ ဒါကကောင်းတဲ့ လက္ခ ဏာပေါ့။ ဒေသတွင်းစီမံချက်ကာ လကလည်း အကန့်အသတ်မရှိ ဘူး။ ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်သွားမှာပါ’’ဟု ရန်ကုန်အ နောက်ပိုင်းခရိုင်မူးယစ်တပ်ဖွဲ့စု အမှတ်(၄၂)မှ ရဲမှူးခင်မောင်သိန်း ကပြောသည်။

နိုဝင်ဘာ ၂၆ရက်က ကန် တော်ကြီးဝင်ပေါက်အမှတ်(၁) ဂိတ်တွင် ရပ်ထားသည့် တက္ကစီပေါ်မှ မူးယစ်ဆေးနှင့် ဆေးထိုးအပ်များကို လုံခြုံရေးရဲတပ်ဖွဲ့က ပိုင်ရှင်မဲ့ဖမ်းဆီးနိုင်ခဲ့သည်။ ရဲတပ်ဖွဲ့က မူးယစ်ဆေး သတင်းရ ၍ ရှာဖွေခြင်းမဟုတ်ဘဲ ကားတစ် စီးချင်းကို လုံခြုံရေးအရစစ် ဆေးနေစဉ် မူးယစ်ဆေး သယ် လာသူများက ကြောက်လန့်ကာ ကားပေါ်မှ ထွက်ပြေးသွားကြ ခြင်းဖြစ်သည်။
::
ပိုင်ရှင်မဲ့ မူးယစ်ဆေးများ ဖမ်းမိသည့် ထိုအမှုကို မူးယစ်ရဲတပ်ဖွဲ့က စစ်ဆေးစဉ် ပစ္စည်းပိုင်ရှင်များဖြစ်သည့် အမျိုးသားနှစ်ဦးကို ရန်ကုန်နှင့် စစ်တွေမြို့တို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိ သည်။အဆိုပါ အမျိုးသားနှစ်ဦး ထံမှ ဒိုင်ယာစီပင်ထိုးဆေးပုလင်း ပေါင်းတစ်သောင်းကျော်နှင့် စိတ် ကြွဆေးပြား သုံးသောင်းကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်းရဲမှူးခင် မောင်သိန်းကပြောသည်။

၂၀၁၄ အတွက် ရေးဆွဲ ထားသည့် မူးယစ်ဆေးဝါး တား ဆီးနှိမ်နင်းရေးစီမံချက်တွင် ရန် ကုန်တိုင်းဒေသကြီးကို ဦးစားပေး သတ်မှတ်ကာ ၂၀၁၄ သြဂုတ် ၂၀ ရက်မှစ၍ စီမံချက်စခဲ့ပြီး ကာလအတိအကျ သတ်မှတ် မထားကြောင်း မူးယစ်တပ်ဖွဲ့ ခွဲ-၃ (ရန်ကုန်)မှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မြင့်အောင်က ပြော သည်။
::
‘‘ဒေသတွင်းမှာ စီမံချက်ကို အကောင်အထည်ဖော်နေတယ်။ ၂၀၁၄ခုနှစ်အတွက် နေပြည်တော် ကနေ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရမချင်းကျွန်တော် တို့ဘက်က ဖမ်းဆီးတာမျိုးတွေဆက်တိုက်လုပ်နေတယ်’’ ဟုဒုရဲမှူးကြီးမြင့်အောင်က ပြော သည်။

စီမံချက်ကာလအတွင်း ရန် ကုန်တိုင်းဒေသကြီးစက်မှုဇုန်များ အတွင်းရှိ ကုန်လှောင်ရုံများကို ၀င်ရောက်စစ်ဆေးခြင်း၊ စိတ်ကြွဆေးအများဆုံးသုံးစွဲရာနေရာ ဖြစ် သည့် နိုက်ကလပ်များတွင် ရှာဖွေခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။
::
စီမံချက်စတင်သည့် သြဂုတ် လမှ ယခုထိ မူးယစ်ဆေး ၈၉ မှု နှင့် ပတ်သက်သူ ၁၁၀ ဦးကို ဖမ်းဆီးရမိပြီး စစ်ဆေးနေကြောင်း။၂၀၁၃ နှင့် နှိုင်းယှဉ်လျှင် ဖမ်းဆီးရရှိမှု ပိုမိုခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၃) မှ သတင်းရရှိသည်။
::
ယင်းအပြင် ကုမ္ပဏီပိုင်ရှင်ဦးဆောင်သည့် မူးယစ် ဆေးဝါးသိုလှောင်ရောင်းချသူများကို ဖမ်းဆီးနိုင်ခဲ့သကဲ့သို့ ထူးခြားဖြစ်စဉ်အနေဖြင့်ဘေထုပ်အတွင်း အ၀တ်အစားများနှင့်ရောထည့်ကာ သိန်းနှင့်ချီသော စိတ်ကြွဆေးပြားများကို နယ်ဒေသများသို့ ပို့ ဆောင်ရောင်းချသူများကိုလည်း မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

Phhoto ::၀င်ဘာ ၂၇ ရက်တွင် ဖမ်းဆီးရမိသော ဒိုင်ယာစီပင်ထိုးဆေးပုလင်းများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်ဦး)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment