Pages

Pages - Menu

Tuesday, November 25, 2014

ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်သဖြင့် အင်တာနက်နှင့် ဖုန်းလိုင်းများ ဆက်သွယ်ရန်ခက်ခဲ

RangonNewsDaily:: November . 25 .2014
မြဝတီနယ်စပ်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် အော်ပရေတာသုံးခုလုံးတွင် အင်တာနက်လိုင်း ပြတ်တောက်ခြင်းနှင့် နိုင်ငံတကာဖုန်းခေါ်ဆိုရာတွင် ခက်ခဲမှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
‘‘လက်ရှိမှာ ဖိုက်ဘာကေဘယ်ဒေါင်းနေတဲ့အတွက် အင်တာနက်ရော၊ နိုင်ငံတကာကို ဖုန်းခေါ်ဆိုတဲ့ဟာပါ အသုံးပြုလို့မရဘဲ ဖြစ်နေပါတယ်။ မနက်ဖြန်လောက်ဆိုရင်တော့ ပြန်ကောင်းလာနိုင်ပါတယ်’’ဟု အူရီးဒူးမြန်မာ၏ Call Center မှ ပြန်လည်ဖြေကြားခဲ့သည်။

အူရီးဒူးမြန်မာသည် မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ မြဝတီနယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းကို ငှားရမ်းအသုံးပြုထားသည့်အတွက် လက်ရှိတွင် အဆိုပါဆက်ကြောင်း ပြတ်တောက်မှုကြောင့် လိုင်းပြတ်တောက်မှုများဖြစ်ပေါ်နေသလို တယ်လီနောမြန်မာတွင်လည်း လိုင်းပြတ်တောက်မှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
::
‘‘မနေ့က ၄ နာရီလောက်က MPT နဲ့ Dtac ဆက်ကြောင်းကြားမှာ Joint ထားတဲ့နေရာက ISP ဒေါင်းနေတဲ့အတွက် လိုင်းကျနေတာပါ။ ပုံမှန် System Update လုပ်မယ်ဆိုရင်တော့ လေးနာရီလောက်ပဲ ကြာနိုင်ပါတယ်’’ဟု တယ်လီနောမြန်မာ၏ Call Center မှ ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်း (SMW-3)၊ မြဝတီနယ်စပ်ဖြတ်ကျော်ဖိုက်ဘာဆက်ကြောင်း၊ တရုတ်နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းနှင့် တာချီလိတ်နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းဟု ဆက်ကြောင်းလေးခုဆွဲထားသည့် အတွက် မြဝတီဆက်ကြောင်း ပြတ်တောက်မှုကြောင့် အင်တာနက်လိုင်းနှေးကွေးမှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
::
‘‘MPT က ဆက်ကြောင်းလေးခု ဆွဲထားတဲ့အတွက် လိုင်းလုံးဝပြတ်သွားတာတော့ မရှိပါဘူး။ လိုင်းနှေးတာလောက်ပဲရှိမှာပါ။ ပြတ်နေတဲ့ဆက်ကြောင်းကို ပြန်ပြင်ဖို့လုပ်နေသလို အခြားဆက်ကြောင်းတွေကလည်း ဘန်ဝှစ်ပိုယူနိုင်အောင် လုပ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသတင်း အချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

7 Day ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment