Pages

Pages - Menu

Friday, November 28, 2014

နေပြည်တော်တွင် ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်ရာမှ သားအမိနှစ်ဦး ပွဲချင်းပြီးသေဆုံး

RangonNewsDaily:: November . 28 .2014
ဟိုင်းလတ်ယာဉ် နှင့် ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင်ဝင်တိုက်မိ၍ ဆိုင်ကယ် ပေါ်ပါရှိသည့် သားအမိနှစ်ဦးမှာ ဖြစ်ပွားရာနေရာတွင် သေဆုံး သွားကြောင်း နေပြည်တော်ယာဉ် ထိန်းတပ်ဖွဲ့ထံမှ သတင်းရရှိ သည်။
နိုဝင်ဘာ ၂၇ ရက် နံနက် ၄ နာရ်ီတွင် ဇမ္ဗူသီရိမြို့နယ်၊ ဇမ္ဗူဆေးရုံကြီးရှေ့၊ ပျဉ်းမနား တောင်ညှိလမ်းမပေါ်၌ HiluxDouble Cub ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ် မောင်းနှင်လာသော ယာဉ်ကြောပေါ်သို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှလာသော ဆိုင်ကယ်ကို ၀င်တိုက်မိခြင်းဖြစ်သည်။

‘‘ဆိုင်ကယ်မောင်းတဲ့သူက လည်း ဦးထုပ်တွေမဆောင်းထား ဘူး။ ယာဉ်မောင်းကလည်း မဆင် မခြင်မောင်းနှင်ပြီး အရှိန်မထိန်း နိုင်ဘဲ တစ်ဖက်ယာဉ်ကြောပေါ် ရောက်ပြီးတိုက်မိတာ။ ကားရော ဆိုင်ကယ်ရော စည်းနဲ့ကမ်းနဲ့ မောင်းရင် ဒီလိုဖြစ်မှာ မဟုတ် ဘူး’’ဟု ယင်းဌာနမှ ရဲအုပ် မောင်မောင်သိန်းကပြောသည်။

အဆိုပါယာဉ်သည် ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနပိုင်ယာဉ် ဖြစ်ပြီး ဖြစ်ပွားမှုနှင့် ပတ်သက်၍ ယာဉ်မောင်းကို ဖမ်းဆီးထား ကြောင်း သိရသည်။

ရဲအုပ်ထွန်းမင်းက တရားလို ပြုလုပ်ကာ ဇမ္ဗူသီရိမြို့နယ် အ မှတ် (၁) မြို့မရဲစခန်းတွင် ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့်ထားသည်

7Day Daily, 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment