Pages
▼
Pages - Menu
▼
Saturday, May 31, 2014
Sky Net ထံမှ အကျိုးအမြတ်ဝေစု တိုးတောင်းမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနဆို
RangonNewsDaily: May . 31 .2014
သုံးဆယ်သုံးနှစ်ကြာ ရုပ်သံထုတ်လွှင့်ခွင့် သဘောတူစာချုပ်တွင် အစိုးရ၏ အကျိုးအမြတ်ဝေစု နည်းလွန်းသည်ဟု ဝေဖန်ခံနေရသော ပြန်ကြားရေး ဝန်ကြီးဌာနက Sky Net (ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်) နှင့် ချုပ်ဆိုထားသော စာချုပ်ကို ပြန်ပြင်၍ အကျိုးအမြတ် ဝေစုကို ထပ်တိုး တောင်းခံမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။
အော်ရီဒူးနှင့် တယ်လီနောကို ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ ဆက်သွယ်ရေး ပြည်ပ အကြံပေးများ ခေါ်မည်
RangonNewsDaily: May . 31 .2014
နိုင်ငံတကာအ တွေ့အကြုံနှင့် ဈေးကွက်ယှဉ်ပြိုင်မှု အတွေ့ အကြုံရရှိရန် ပြည်တွင်းပြည်ပ မှ အကြံပေးများ ခန့်အပ်သွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုအား အ ကောင် အထည်ဖော်ဆောင်ရွက်ရာ တွင် လိုအပ်သော ဆက်သွယ်ရေးဆိုင် ရာ Regulator အကြံဉာဏ်များပေး နိုင်ရန်အတွက် Regulator advisor ရာထူးများ အတွက် ခေါ် ယူခြင်းဖြစ် ကြောင်း သိရသည်။

ဒေါ်အောင်ဆန်း စုကြည် အမှု အယူခံပယ်ချခံရ
RangonNewsDaily: May . 31 .2014
ဒေါ်အောင်ဆန်း စုကြည်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ ဦး အောင်ဆန်းဦးတို့၏ အမှုအား ပြည် ထောင်စုတရား လွှတ်တော်ချုပ်၌ မေ ၃ဝရက်က အပြီးသတ်စီရင်ချမှတ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်ဘက် မှ တက်သည့်အယူခံကို ပယ်ချခံခဲ့ရ သည်ဟု သိရှိရသည်။

အများပြည်သူသို့ အသိပေး ပန်ကြားခြင်း
RangonNewsDaily: May . 31 .2014
၁။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဓာတ်အား ခွဲရုံများနှင့် ဓာတ်အား လိုင်းများ ကြံ့ခိုင်မှု ရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာ
ယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများ လျော့နည်း စေရန်အတွက်ဓာတ်အားလိုင်းများနှင့်မလွတ်သော
သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းနှင့် ဓာတ်အား ခွဲရုံများ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကို
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ ဆောင်ရွက်လျက် ရှိပါသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ငလျင်လှုပ်
RangonNewsDaily: May . 31 .2014
၃၀.၅.၂၀၁၄့ နံနက် ၇ နာရီ ၅၁ မိနစ်က မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သတင်းရရှိသည်။အဆိုပါငလျင်ကြောင့် ဒေသတွင်းပျက်စီးဆုံးရှုံးမှုမရှိေ ကြာင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ လူမှုဌာနမှသတင်းရရှိပြီး လှုပ်ခတ်ချိန် ၁၅ စက္ကန့်နီးပါးကြာခဲ့ပြီး အဆောက်အအုံများ သိသိသာသာလှုပ်ခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရဲအုပ်အောင်မျိုးနိုင်ကေ ပြာသည်။
၃၀.၅.၂၀၁၄့ နံနက် ၇ နာရီ ၅၁ မိနစ်က မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သတင်းရရှိသည်။အဆိုပါငလျင်ကြောင့် ဒေသတွင်းပျက်စီးဆုံးရှုံးမှုမရှိေ
သုံးခွမြို့နယ်တွင် တီအီးကားတစ်စီးမှ ကျောင်းဆရာမ တစ်ဦးကို ကြိတ်မိပြီး မောင်းနှင်ထွက်ပြေး
RangonNewsDaily: May . 31 .2014
အောင်ဇေယျလမ်းအတိုင်း မောင်းနှင်လာသည့် တီအီးကုန်တင်ယာဉ်သည် အရှိန်လွန်ကာ ဆိုင်ကယ် တစ်စီးကို နောက်မှဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်နောက်မှ ထိုင်စီးလာသူ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးမှာ ကားကြိတ်သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၈ ရက်၊ မွန်းလွဲ ၃နာရီဝန်းကျင်က သုံးခွမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုင်းရောက်မြန်မာများ ဗီဇာသက်တမ်းတိုးခ နှစ်ဆပေးနေရ
RangonNewsDaily: May . 31 .2014
ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် လေးနှစ်ဗီဇာသက်တမ်း ကုန်ဆုံးသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဗီဇာသက်တမ်းတိုးခ သတ်မှတ်ထားသည့် ဈေးနှုန်းထက် နှစ်ဆများနေသဖြင့် အလုပ်သမားများ နစ်နာမှု ရှိနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌဦးအောင်ကျော်ကပြောသည်။

Friday, May 30, 2014
မြန်မာနယ်စပ်အနီး နယ်ခြားစောင့်ကင်းစခန်း ၂၈ ခု ဘင်္ဂလာမှ တိုးချဲ့တည်ဆောက်
RangonNewsDaily: May . 30 .2014
မြန်မာနှင့် ထိစပ်နေသည့် နယ်စပ် တစ်လျှောက်တွက် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့် ကင်းစခန်း (၂၈) ခုကို တိုးချဲ့ တည်ဆောက်သွားမည်ဟု သိရသည်။“နယ်ခြားစောင့်စခန်းများကို တိုးချဲ့ရခြင်းမှာ လက်နက်မှောင်ခိုမှုနှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို တိုက်ဖျက်ရန်ဖြစ်ကြောင်း” ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Abul Hasnat Md Khairul Bashar က ပြောဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ၅၀၀၀ တန်ငွေစက္ကူအတုများ ဖမ်းမိ
RangonNewsDaily: May . 30 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ ဓါတ်မြေသြဇာနှင့် မျိုးစေ့ငွေပေးချေရာတွင် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု(၅) ရွက် အသုံးပြုခဲ့သည့်အတွက် ဆက်လက်စုံစမ်းရာ ၅၀၀၀ တန် ငွေစက္ကူအတု(၄၆)ရွက် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင်ဖြစ်ပွားခဲ့သည်ဟု ဖယ်ခံမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အရပ်ပုသောအမျိုးသားများ အသက်ပိုရှည်
RangonNewsDaily: May . 29 .2014
အရပ်ပုခြင်းသည် အသက်ရှည် စေကြောင်း လေ့လာမှုတစ်ခုကဆိုသည်။Kuakim Honolulu Heart Program (HHP)
နှင့် Kuakini Honolulu-Asia Aging Study (HAAS) မှ သုတေသနအဖွဲ့၏လေ့လာမှုအရ ဂျပန်အမျိုးသားများတွင် အရပ်
ပုခြင်းနှင့် အသက်ရှည် ခြင်းတို့ ဆက်စပ်နေကြောင်းသိရသည်။

အင်းစိတ်ထောင်အတွင်း ထောင်သားတစ်ဦး မိမိကိုမိမိ သေကြောင်းကြံ
RangonNewsDaily: May . 29 .2014
အင်းစိန်ဗဟိုအကျဉ်းထောင်တွင် မူးယစ်ပုဒ်မဖြင့် ထောင်ကျနေသူတစ်ဦး မိမိကိုယ်ကို သေကြောင်း ကြံစည်သည့် ဖြစ်စဉ်တစ်ခု မေ ၂၈ရက်၊ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဗီဇာစည်းကမ်းဖောက်ဖျက်သူ တရုတ်နိုင်ငံသား ၁၃ ဦးကို အမိန့်ချမှတ်
RangonNewsDaily: May . 29 .2014
ရှမ်းပြည်နယ်၊ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာမှာရှိတဲ့ ဘော်ဆိုင်းသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံအခြေစိုက် Good Plus Star(GPS) Joint Venture ကုမ္ပဏီက တရုတ်နိုင်ငံသား ၀န်ထမ်း ၁၃ ဦးနဲ့ မြန်မာဝန်ထမ်းတစ်ဦးကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ကလောမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၂ သိန်းစီ သို့မဟုတ် ထောင်ဒဏ် ၆ လစီကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
Thursday, May 29, 2014
စိုးလင်းဦးနှင့် တူးတူးတို့ တွဲဆိုင်း ပါဝင်သည့် မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ဇွန် ၁ ရက်တွင် ထိုးသတ်မည်
RangonNewsDaily: May . 29 .2014
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနိုင်ငံ ရိုးရာ အားကစား အဖွဲ့ချုပ်မှ စီစဉ် ကျင်းပမည့် မြန်
မာနိုင်ငံရိုးရာ အားကစား အဖွဲ့ချုပ် ရန်ပုံငွေ မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ဇွန် ၁ ရက်တွင် သိမ်ဖြူ ရိုးရာ
လက်ဝှေ့ အားကစား ခန်းမကြီး၌ ထိုးသတ် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
ချန်ပီယံလိဂ်ဖလားရင် အရက်ဖြတ်ဖို့ အစ်ကိုဖြစ်သူနဲ့ ရော်နယ်ဒို လောင်းကြေးထပ်
RangonNewsDaily: May . 29 .2014
ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ် အနိုင်ရတာဟာ ရော်နယ်ဒိုအတွက်
ပြည့်စုံတဲ့ အောင်မြင်မှုတစ်ရပ်ပါပဲ။ ရီးရဲလ်အသင်း ကစားသမား တစ်ယောက်အနေနဲ့ ကျေနပ်စရာ ကောင်းသလို မိသားစုအရေးအတွက်လည်း စိတ်အေးသွားရစေတဲ့ အကြောင်းရင်း တစ်ရပ်ရှိပါတယ်။အက်သလက်တီကိုနဲ့ ပွဲမတိုင်မီ ရော်နယ်ဒိုနဲ့ သူ့အစ်ကို ဟူဂိုအယ်ဗိုင်ရိုတို့ အလောင်းအစား တစ်ရပ်လုပ်ခဲ့ပါတယ်။
ကာလုံ၏ ထောက်ခံချက်ဖြင့် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက် ထုတ်ပြန်ရန် ဦးသိန်းညွန့်အဆိုတင်မည်
RangonNewsDaily: May . 29 .2014
နေပြည်တော်၊ မဇ္ဈိမ။ ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)၏ ထောက်ခံချက်ဖြင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်ပေးရန် သမ္မတ ဦးသိန်းစိန်ကို ပြည်သူ့လွှတ်တော်က တိုက်တွန်းကြောင်းအဆိုကို သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းသွားမည်ဟု ဆိုသည်။

မလေးရှားနိုင်ငံ ပယ်ရတ်က် (Perak) ပြည်နယ် ၏ ဘုရင် စူလ်တန် အဇ်လန်ရှားဟ်ကွယ်လွန်
RangonNewsDaily: May . 29 .2014
အသက် (၈၆) နှစ်ရှိ မလေးရှားနိုင်ငံ ပယ်ရတ်က် (Perak) ပြည်နယ်၏ဘုရင် စူလ်တန်အဇ်လန်ရှားဟ်သည်၂၈.၅.၂၀၁၄
နေ့လယ် ၁:၃၀ နာရီ က ကွာလာလမ်ပူမြို့ရှိ အမျိုးသားနှလုံးဌာန (National Heart Institute)တွင်ကွယ်လွန်ခဲ့ကြောင်း
ပရတ်က် အဓိပတိဝန်မင်းကြီး ဒါတွတ်ဆရီ ဒေါက်တာဇမ်ဗ်ရီ အဗ်ဒွလ်ကာဒရ် က Radio Televisyen Malaysia (RTM) တွင်ကြေညာခဲ့သည်။
အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ လူခေါ်ပွဲစားနှင့် အငှားယာဉ်ပွဲစား များကို စီမံချက်ဖြင့် အရေးယူ
RangonNewsDaily: May . 29 .2014
မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းရှိ လူခေါ်ပွဲစားနှင့် အငှားယာဉ် ခေါ်ပေးသော ပွဲစားများကို မေလဆန်းမှ စတင်ကာ စီမံချက်ဖြင့် ဖမ်းဆီး အရေးယူလျက်ရှိရာ လတ်တလောတွင် လူဦးရေ ၇၀ ကျော်ကို အရေးယူထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန (အောင်မင်္ဂလာ) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အရက်အလွန်အကျွံသောက်စားတတ်သူအမျိုးသားတစ်ဦး နေအိမ်၌ သေဆုံးနေသည်ကိုတွေ့ရှိ
RangonNewsDaily: May . 29 .2014
၂၇.၅.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မှော်ဘီမြို့မရဲစခန်းမှတပ်ဖွဲ့ဝ င်များသည် မှော်ဘီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်
တွင် အမျိုးသားတစ်ဦးနေအိမ်၌သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ ဇင်မောင်မောင်(ခ)မောင်မောင်၊ (၂၅)နှစ်အား ခြင်ထောင်အတွင်း၌ ခန္ဓာကိုယ်ပုပ်ပွလျက်သေဆုံးနေသည် ကိုတွေ့ရှိရပါသည်။
၂၇.၅.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မှော်ဘီမြို့မရဲစခန်းမှတပ်ဖွဲ့ဝ
တွင် အမျိုးသားတစ်ဦးနေအိမ်၌သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ ဇင်မောင်မောင်(ခ)မောင်မောင်၊ (၂၅)နှစ်အား ခြင်ထောင်အတွင်း၌ ခန္ဓာကိုယ်ပုပ်ပွလျက်သေဆုံးနေသည်
ဘာသာသာသနာကို ဖျက်ဆီးရန် ဘာသာကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်း အစိုးရ ထုတ်ပြန်
RangonNewsDaily: May . 28 .2014
သာသာနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားပြီး လွှတ်တော်သို့ တင်သွင်းမည့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို ဖျက်ဆီးရန် ရည်ရွယ်၍ ကိုးကွယ်ရာဘာသာ ကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်ချမှတ် နိုင်သောပုဒ်မများ ထည့်သွင်း ရေးဆွဲထားကြောင်း ယနေ့ (မေလ ၂၇ရက်နေ့) ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါ ဥပဒေမူကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် စည်ပင်အမှိုက်ကား ထော်လာဂျီကို ၀င်တိုက်၊ လူနှစ်ဦးသေဆုံး
RangonNewsDaily: May . 28 .2014
ယာဉ်မောင်းလိုင်စင်မရှိသည့် စည်ပင်ဝန်ထမ်းတစ်ဦး မောင်းနှင်လာသည့် အမှိုက်ကားတစ်စီးသည် ရပ်ထား သောထော်လာဂျီကို ၀င်တိုက်မိပြီး လူနှစ်ဦး သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု မေလ ၂၆ ရက်၊ ညနေ ၄ နာရီ ၀န်းကျင်ခန့်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် သည်။

Wednesday, May 28, 2014
မြန်မာနိုင်ငံတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသားများကိစ္စ တရုတ်အစိုးရ တာဝန်မယူဟုဆို
RangonNewsDaily: May . 28 .2014
တရုတ်နယ်စပ် ဒေသများမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရွှေ ထွက်ရာ၊ ဓာတ်သတ္တုထွက်ရာ ဒေသများသို့ တရားမဝင် လာရောက်ကာ အလုပ်လုပ်ကိုင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသား များကို အရေးယူခြင်းနှင့် ပတ်သက်၍ တာဝန် မယူကြောင်း၊ ၄င်းတို့ကို တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။
ထိုင်းနိုင်ငံမှာ အင်တာနက် အသုံးပြုမှုတွေအပေါ် စစ်တပ်က စောင့်ကြည့် ပိတ်ဆို့မှုတွေ ရှိနေ
ပုံစာ- Victory monument မှာ အာဏာသိမ်းမှု ဆန့်ကျင်သူ တစ်ဦးကို ဖမ်းဆီးအပြီး မကျေမနပ်ဖြစ်နေတဲ့ လူအုပ်နဲ့ ထိပ်တိုက် ရင်ဆိုင်မိစဉ်။
RangonNewsDaily: May . 28 .2014ထိုင်းနိုင်ငံမှာ အင်တာနက် အသုံးပြုမှုတွေအပေါ် စစ်တပ်က စောင့်ကြည့် ပိတ်ဆို့မှုတွေ ရှိနေပြီး တချို့ အင်တာနက် စာမျက်နှာတွေကို ဝင်ရောက် ကြည့်ရှုခွင့် လုံးဝ ပိတ်ပင်ထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးတော့မည်
RangonNewsDaily: May . 28 .2014
လစဉ်ချီးမြှင့်ငွေ ကျပ်သုံးသိန်းခံစားနေကြရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ၎င်းတို့၏လုပ်ငန်းတာဝန်များနှင့် ထိုက်တန်စွာ လိုက်လျောညီထွေရှိစေရန် ဥပဒေပြင်ဆင်သွားမည်ဟု ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းဝေးက မေလ ၂၈ရက်က အတည်ပြုခဲ့သည်။

Tuesday, May 27, 2014
ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား
RangonNewsDaily: May . 27 .2014
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံတွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။
အူရီးဒူးက ကျောင်းများအပါအ၀င် နေရာတစ်ရာခန့် အင်တာနက်အခမဲ့သုံးနိုင်အောင် ဆောင်ရွက်မည်
RangonNewsDaily: May . 27 .2014
စ, ချိုကို| အင်္ဂါနေ့၊ မေလ ၂၇ ရက် ၂၀၁၄ ခုနှစ်ဆက်သွယ်ရေးလိုင်စင်ရ အူရီးဒူးအော်ပရေတာက စာသင်ကျောင်းနှင့်
အများပြည်သူ အသုံးပြုနိုင်သောနေရာ တစ်ရာခန့်တွင် တစ်နှစ်အတွင်း အင်တာနက် အသုံးပြုနိုင်အောင် ဆောင်
ရွက်ပေးသွားမည်ဖြစ်သည်ဟု ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။