Pages

Pages - Menu

Saturday, May 31, 2014

" ကျောင်းဝင်ခွင့် ငွေပေးရပါက ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားရန် နှိုးဆော် "


RangonNewsDaily: May . 31 .2014
ကျောင်းဝင်ခွင့်အတွက် ငွေပေးရမှုများရှိလာပါက ပေးခဲ့ရသူတို့ကိုယ်တိုင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့အား
အသိပေးတိုင်ကြားကြရန် ဝန်ကြီးဌာနမှ နှိုးဆော်ထားသည်ဟု သိရသည်။
ပြင်ပတွင် ငွေကျပ်သိန်းချီ ကာ ပေးနေရသည်ဟု သတင်းများ ထွက်ပေါ်နေရာ ထိုသတင်းကိုအတည်ပြု၍ အရေးယူနိုင်ရန်မေတ္တာ ရပ်ခံခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
''စာနဲ့ ရေးတိုင်ပါ။ ဒါမှမဟုတ်ရင်တောင် ဖုန်းနဲ့တိုင်ပါ''ဟု ၎င်းကပြောသည်။ ထိုတိုင်ကြားမှုက မှန်ကန်မှုရှိဖို့တော့ လိုမည်ဟု ၎င်းက ဆက်ပြောပြသည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရန်ကုန် နာမည်ကြီး ကျောင်းများကို ခေါ်ယူတွေ့ဆုံပြီး ငွေကြေးမကောက်ခံရန် အသိပေးခဲ့ဖူးပြီး ထိုကျောင်းကြီးများ၏ အားနည်းမှုကို ပြည်သူသိအောင် ထုတ်ဖော်ခဲ့သည်။ ယင်းနောက်နှစ်စဉ် ထိုသို့သော သတိ ပေးမှုများကို ပညာရေးဝန်ကြီးဌာနက ဆက် တိုက်လုပ်လာခဲ့သည်။


''အပြင်မှာပြောတာပေါ့ဗျာ။ ဘယ်လိုတိုင်တိုင် မထူးပါဘူးလို့ ပြောနေတာရှိတယ်။ ဟုတ်နေပြီး ပညာရေးဝန်ကြီးဌာနက အရေးမယူရင်ပြောပါ''ဟု အထက်ပါပုဂ္ဂိုလ်ကပင် ပြောသည်။ ကလေး အား အငြိုးထားမည်ကို စိုး၍ မတိုင်ဝံ့သူများ ရှိပါကလည်း ထိုသို့မဖြစ်စေရဟု ၎င်းကဝန်ခံပြောကြားသေးသည်။

Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment