Pages

Pages - Menu

Saturday, May 31, 2014

ပုဒ်မ(၄၃၆) ပြင်ဆင်ရေးလက်မှတ်ရေးထိုးရန်အတွက် ၈၈ မျိုးဆက်များ ယုဇနပလာဇာတွင် လက်မှတ်ကောက်ခံ


RangonNewsDaily: May . 31 .2014
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၃၆)ပြင်ဆင်ရေးအတွက် အများပြည်သူလက်မှတ်ရေးထိုးနိုင်ရန် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ဦးဆောင်၍ ယုဇနပလာဇာတွင် မေ ၃၁ ရက်နေ့ နေ့လည် ၁၁နာရီမှ ညနေ ၃နာရီခွဲအထိ ပြည်သူ့ ဆန္ဒကောက်ယူခဲ့ကြောင်းသိရှိရသည်။
“ပြည်သူလူထုဆန္ဒကိုအဓိကဖော်ထုတ်ချင်တဲ့အတွက် ပြည်သူလူထုနဲ့အနီးဆုးံနေရာတွေမှာ သွားရောက်ကောက်ခံတာပါ။ ပြည်သူကဒီမိုကရေစီနည်းအရဆန္ဒဖော်ထုတ်တဲ့နေရာမှာ နှောက်ယှက်ဟန့်တားတယ်လို့ ကြားသိရတဲ့နေရာတွေမှာ အခုလိုဆောင်ရွက်သွားမှာပါ” ဟုမမီးမီးမှ ပြောဆိုခဲ့သည်။

အဆိုပါ လက်မှတ်ကောက်ခံရာတွင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စမ်းချောင်းကိုကိုကြီးနှင့် မင်္ဂလာတောင်ညွန်မြို့နယ် လွှတ်တော်အမတ်ဒေါ်ဖြူဖြူသင်းတို့ပါဝင် တက်ရောက်ခဲ့ပြီး ဈေးအတွင်းသို့ လှည့်လည်၍ ပြည်သူများကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ကောက်ခံခြင်း အခမ်းအနားပွဲများကို မေ၃၀ ရက်နေ့တွင် လှည်းတန်း၌ ကျင်းပခဲ့ပြီး ယနေ့ညနေ ၄နာရီတွင် စမ်းချောင်းမြို့နယ်၊ဂွ ဈေး ၌ ဆက်လက်ကောက်ခံ သွားမည်ဖြစ်ကြောင်းသိရှိရသည်။

မြန်မာ့ခေတ် , KOLATT(PBDN)
RangonNewsDaily







No comments:

Post a Comment