Pages

Pages - Menu

Saturday, May 31, 2014

ဒေါ်အောင်ဆန်း စုကြည် အမှု အယူခံပယ်ချခံရ

RangonNewsDaily: May . 31 .2014
ဒေါ်အောင်ဆန်း စုကြည်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ ဦး အောင်ဆန်းဦးတို့၏ အမှုအား ပြည် ထောင်စုတရား လွှတ်တော်ချုပ်၌ မေ ၃ဝရက်က အပြီးသတ်စီရင်ချမှတ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်ဘက် မှ တက်သည့်အယူခံကို ပယ်ချခံခဲ့ရ သည်ဟု သိရှိရသည်။
အဆိုပါ အမှုအား မေ ၃ဝရက် နေ့ တွင် တရားသူကြီးတစ်ဦး၏ရှေ့၌ စီရင်ချက်ချမှတ်မည်ဟု ပြည်ထောင် စုလွှတ်တော်ချုပ် အမှုစာရင်း အမှတ် စဉ်(၁၃)တွင် ဖော်ပြထားပြီး ယခုကဲ့ သို့ ပယ်ချခဲခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ ဝင် ဦးထွန်းထွန်းဟိန်းကဆိုသည်။

''ဒီနေ့အမှုမှာဒေါ်အောင်ဆန်း စုကြည်ဘက်က တက်တဲ့အယူခံကို ပယ်လိုက်တယ်လို့ သိရပါတယ်''ဟု ဦးထွန်းထွန်းဟိန်း က ပြောသည်။ ပြည်ထောင်စုတရားလွှတ်တော် ချုပ် အမှုစာရင်းတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးအောင်ဆန်းဦးတို့၏အမှုအား အမှတ်စဉ်(၁၃)တွင်ဖော်ပြ ထားပြီး တရားမအယူခံမှု၊ အမှုအ မှတ် ၄၄၁/၂၀၁၃၊ အယူခံ တရားလို ဒေါ်အောင်ဆန်းစုကြည်၊ အယူခံ တရားလိုရှေ့နေ ဦးဉာဏ်ဝင်း၊ အယူခံ တရားပြိုင် ဦးအောင်ဆန်းဦး(၎င်း၏အခွင့်ရ ကိုယ်စားလှယ် ဦးစိုင်းညွန့် နိုင်)၊ အယူခံတရားပြိုင်ရှေ့နေ ဦး အေးလွင် စီရင်ချက်ချမှတ်ရန်ဟု ဖော် ပြပါရှိသည်။

အဆိုပါ အမှုစီရင်ချက် ချမှတ် မှုနှင့်ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ဆက် သွယ်မေးမြန်းခဲ့သော် လည်း ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။ အဆိုပါ အထူးအယူခံမှုအား နေပြည်တော်ရှိပြည်ထောင်စုတရား လွှတ်တော်ချုပ် တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး (၁)ကြားရှေ့မှောက်၌(တစ်ပါးထိုင်) ကြားနာ စစ်ဆေးခဲ့ပြီးဖြစ်ကာ မေ ၃ဝရက်တွင် အပြီးသတ်စီရင်ချက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ နအဖ စစ်အစိုးရလက် ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီးဖြစ်သူ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ဦးအောင်ဆန်းဦးက ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေသည့် တက္ကသိုလ်ရိပ် သာလမ်း အမှတ်(၅၄) နေ အိမ်အား အမွေဆိုင်အဖြစ် ထုခွဲရောင်းချရန် တရားရုံးတွင် တရားမမှုအဖြစ် စွဲဆို ခဲ့ခြင်းဖြစ်သည်။

NY, NNPH(MMK)
Democracy today Daily Newspaper

KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment