Pages

Pages - Menu

Thursday, May 29, 2014

ကာလုံ၏ ထောက်ခံချက်ဖြင့် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက် ထုတ်ပြန်ရန် ဦးသိန်းညွန့်အဆိုတင်မည်

RangonNewsDaily: May . 29 .2014
နေပြည်တော်၊ မဇ္ဈိမ။ ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)၏ ထောက်ခံချက်ဖြင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်ပေးရန် သမ္မတ ဦးသိန်းစိန်ကို ပြည်သူ့လွှတ်တော်က တိုက်တွန်းကြောင်းအဆိုကို သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းသွားမည်ဟု ဆိုသည်။
အထက်ပါ လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို မေလ ၂၉ရက်က ကျင်းပသည့် ပထမအကြိမ်၊ ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ်တွင် ပါဝင်သော်လည်း ရက်ရွှေ့ဆိုင်းဆွေးနွေးရန်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဦးသိန်းညွန့်က "လွှတ်တော်ဥက္ကဋ္ဌက ကာ/လုံမှာလည်း ပါတယ်။ ဘာပဲဖြစ်ဖြစ် Agenda (အစီအစဉ်)မှာ ထည့်ပေးတာ ကျေးဇူးတင်ပါတယ်။ မလွဲမသွေဆွေးနွေးရမှာပါ"ဟု လွှတ်တော်အပြီးတွင် မီဒီယာများကို
ပြောကြားသည်။


ယင်းအဆိုကို ပြီးခဲ့သည့် ပထမအကြိမ်၊ န၀မပုံမှန်အစည်းအဝေး ဇန်န၀ါရီလ ၇ရက်တွင် စတင်တင်သွင်းခဲ့ပြီ ယနေ့ဆွေးနွေးရန် လွှတ်တော်အစီအစဉ်တွင် ပါဝင်သော်လည်း ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။


အမျိုးသား ပြန်လည်စည်းလုံးညီညွန်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ရေးအတွက် လူသားချင်း စာနာထောက်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(ခ)အရ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပေးရန် အဆိုတင်သွားမည်ဟု ဦးသိန်းညွန့်က ပြောသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(ခ)တွင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်းချမ်သာခွင့်ပေးပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားသည်။


ဦးသိန်းညွန့်က "အမျိုးသားအင်အားစုသုံးစုဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်သားအင်အားစုတွေ၊ တပ်မတော်ခေါင်းဆောင်တွေ ၀ိုင်းဝန်းလိုက်ရင် ဒီအဆိုဟာ မအောင်မြင်စရာမရှိပါဘူး" ဟု ဆိုသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment