Pages

Pages - Menu

Wednesday, May 28, 2014

ပုရိသတွေ အကြိုက်တွေ့ခဲ့တဲ့ ဟော်လန်က ကမ္ဘာ့ဖလားပြိုင်ပွဲ


RangonNewsDaily: May . 28 .2014
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကြိုဆိုတဲ့အနေနဲ့ ဟော်လန်နိုင်ငံမှာ ဘောလုံး ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ဒီပြိုင်ပွဲကို ပရိသတ်တွေလည်း တော်တော်စိတ်ဝင်စားခဲ့ပါတယ်။ အထူးသဖြင့် ပုရိသပရိသတ်တွေက ပိုပြီးစိတ်ဝင် စားခဲ့ကြပါတယ်။

တစ်သင်းမှာ လေးဦးစီပါဝင်ပြီး 
လှပတဲ့အမျိုးသမီးငယ်တွေက အတွင်းခံသာ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားအကြို ဘောလုံးပြိုင်ပွဲပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကံအကောင်းဆုံးဖြစ်ခဲ့သူကတော့ ဟော်လန်ကစားသမားဟောင်းဗန်ဒါမေဒီပါ။ ဗန်ဒါမေဒီက ဒိုင်လူကြီး အဖြစ်ဆောင်ရွက်ပြီး ပြိုင်ပွဲဝင်တွေနဲ့ စကားတွေပြော ဓာတ်ပုံတွေရိုက်နဲ့ အနီးကပ်ဆုံးနေရာမှာ ရှိနေခဲ့လို့ အားကျစရာတောင် ဖြစ်ခဲ့ရပါတယ်။

ဒီပြိုင်ပွဲကို ဘရာဇီး၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီးယားနဲ့ရုရှတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်အမျိုးသမီးငယ်တွေက သူတို့ရဲ့ နိုင်ငံအလံအရောင်အတွင်းခံတွေကို ၀တ်ဆင်ယှဉ်ပြိုင် ခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာ ဟော်လန်အသင်းက ဘရာဇီးကို အနိုင်ယူပြီး ချန်ပီယံဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။
ဗန်ပါစီဦးဆောင်တဲ့ ဟော်လန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘယ်လိုလာမလဲဆိုတာကိုတော့ . . .

Ref: dailymail , KOLATT(PBDN)
RangonNewsDaily







No comments:

Post a Comment