Pages

Pages - Menu

Wednesday, May 28, 2014

ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သည့် ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာ ဒီချုပ်တုံ့ပြန်မည်

RangonNewsDaily: May . 28 .2014
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့သော
စာနှင့် ပတ်သက်၍ တစ်ပတ်အတွင်း ကြေညာချက်ထုတ်ပြန်မည်ဟု ဒီချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်
ဝင်းက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်များကိုကတိပြုလိုက်နာဆောင်ရွက်
ရန် ရွေးကောက်ပွဲကော်မရှင်ကမေလ ၂၂ ရက်တွင် ဒီချုပ်ဥက္ကဋ္ဌထံစာပို့ခဲ့ခြင်း ဖြစ်သည်။

''အဲဒီစာဟာ ဥပဒေအရလည်း မှားနေတယ်။ အကြောင်းအရာ အရလည်း မှားနေတယ်'' ဟု ဦးဥာဏ်ဝင်း က ပြောသည်။ အဆိုပါ စာကိုမည်သို့ ပြန်လည် တုံ့ပြန်မည်ကို စဉ်းစားလျက် ရှိပြီး တစ်ပတ်အတွင်း ကြေညာချက် ထွက်လာ မည်ဟု ၎င်းက ပြောကြားသည်။


မန္တလေးတိုင်းဒေသကြီး အောင် ပင်လယ် ကွင်း၌ ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှင်းလင်းဆွေးနွေးပွဲတွင် တပ်

မတော်သား ကိုယ်စားလှယ်များကို ပြောဆိုမှုများသည် အခြေခံ ဥပဒေကခွင့်ပြုထားသည့်ဘောင်ကို ကျော်လွန်ရာ ရောက်ကြောင်း ၎င်းစာတွင် ဖော်ပြထားသည်။

တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ပြည်ထောင်စု သမ္မတ မြန်

မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို လေးစားလိုက်နာရေးစသည့် ပြဋ္ဌာန်း ချက်များကို စောင့်ထိန်းလိုက်နာ ရန် ပျက်ကွက်ခြင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်းကိုတွေ့ရပါက လက်
မှတ်ရေးထိုးထားသော နိုင်ငံရေးပါတီ သို့မဟုတ် ပါတီဝင်တစ်ဦးဦး အား ကော်မရှင်က လိုအပ်သည်များကို ညွှန်ကြားနိုင်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှင်းလင်းဆွေးနွေးရာတွင် တည်ဆဲဥပဒေများနှင့် အညီ ဆွေးနွေးေ ဟာပြောမှုများဖြစ်စေရန်အသိပေးကြောင်း ဟူ၍ ကော်မရှင်၏ ပေးစာတွင်ပါရှိသည်။

Popular Myanmar , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment