Pages

Pages - Menu

Tuesday, May 27, 2014

လက်နက်ပုန်းတွေ ပြည့်နေတဲ့ ထိုင်းနိုင်ငံရေး


RangonNewsDaily: May . 27 .2014
AK 47 သို့မဟုတ် M 16 တလက်ကို ထိုင်းဘတ်ငွေ ၂သောင်းခွဲ နဲ့ သုံးသောင်းအကြား (မြန်မာငွေ ၉ သိန်း)နီးပါး ပေါက်ဈေးရှိတဲ့ ထိုင်းနိုင်ငံမှာ လက်နက်ပုန်းတွေကို နေရာအနှံမှာ ဖမ်းဆီးရမိနေပါတယ်။
ဒီလို လက်နက်ပုန်းတွေ ဖမ်းဆီးရမိတဲ့အချက်ဟာ စစ်တပ်က အာဏာသိမ်းဖို့ အကြောင်းပြချက်တခု ဖြစ်သွားတယ်လို့ ဖော်ပြရာရောက်ကြောင်း မနေ့က ဘန်ကောက်ပိုစ်သတင်းမှာဆိုပါတယ်။

စစ်တပ်အာဏာမသိမ်းခင်တရက်အလို ပြီးခဲ့တဲ့ ဗုဒဟူးနေ့က စစ်တပ်အရာရှိများနဲ့ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး၊ ဘန်ကောက်၊ ဆမွတ်ဆခွန်၊ လော့ဘူရီ စတဲ့ ဒေသကြီးများမှ သတင်းအရ ဆက်တိုက်ဆိုသလို ၀င်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

ပထမဆုံး ဆမွတ်ဆခွန်က တိုက်ခန်းတခုကို ၀င်ရောက်စီးနင်းရာမှာ ရှပ်နီအမျိုးသမီးတဦးထံမှ AK 47 ချေမှုန်း ရေး ရိုင်ဖယ်တွေ၊ M 79 လောင်ချာတွေ၊ လက်ပစ်ဗုံးတွေ၊ ကျည်ဆန်တွေ ဖမ်းဆီးမိခဲ့သလို၊ လော့ဘူရီက ထိုင်းရိန်း ဂျားစစ်သားဟောင်းတဦးဆီကလည်း ပေါက်ကွဲစေတတ်တဲ့ လက်နက်များ ဖမ်းဆီးရမိခဲ့ ပါတယ်။


အလားတူ ဘန်ကောက်မြို့ ချပ်တူချက် အရပ်မှာလည်း M 16 ရိုင်ဖယ်နဲ့ အတူ ခဲယမ်းမီးကျောက်တွေကိုလည်း ဖမ်းဆီးရမိခဲ့သလို ရှပ်နီများ အားကောင်းရာ ပထုံဌာနီအရပ်မှာလည်း AK 47 တလက်နဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

မနေ့ မနက်ကလည်း ခေါင်ဆမင်းခရိုင်မှာ ထိုင်းမရိန်းတပ်သား ၁၀၀ကျော်ဟာ မသင်္ကာတဲ့ ရှပ်နီတဦးအိမ်ကို ၀င်ရောက်စီးနင်းရာ အထဲက ပြန်လည်ခုခံတဲ့ အတွက် မရိန်းတပ်သား တဦးကျဆုံးသွားပါတယ်လို့ စစ်အာဏာသိမ်း ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။


အဲဒီရှပ်နီအဖွဲ့ဝင်ဟာ ပြီးခဲ့ ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်ဆန္ဒပြပွဲမှာ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး မသင်္ကာသူဖြစ်ပါတယ်။


ထိုင်းရဲတပ်ဖွဲ့ အဆိုအရတော့ ထိုင်းလက်နက်မှောင်ခို ဈေးကွက်ကတော့ ဆာကဲ့ယို ခရိုင် အလန်ညာပရာသက် မြို့သို့မဟုတ် ထိုင်း- မြန်မာနယ်စပ် မဲဆောက်ဈေးကွက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


ထိုင်းလက်နက်မှောင်ခိုဈေးကွက်ကို ၀င်ရောက်နေတဲ့ လက်နက်တွေဟာ ကမ္ဘောဒီးယားက လာရောက်တယ်လို့ လည်း ဆိုပါတယ်။


ထိုင်း- မြန်မာနယ်စပ် လက်နက်ဈေးကွက်မှာတော့ AK 47 တလက်ဟာ ဘတ် ၅သောင်းခန့် ပေါက်ဈေးရှိပါ တယ်။

ထိုင်းနိုင်ငံမှာ လူတော်တော်များက တရားဝင်ရော၊ တရားမ၀င်ပါ လက်နက်ကိုင်ဆောင်ကြပါတယ်။
မြန်မာနိုင်ငံမှာလည်း တရုတ်- မြန်မာနယ်စပ်၊ အိန္ဒိယ- မြန်မာနယ်စပ်က လက်နက်ကိုင် အဖွဲ့အစည်း များအကြားမှာ ကူးသန်းရောင်းဝယ်ကြတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်လာရာမှာ မကြာသေးမီကပင် အော်တိုမက်တစ်ရိုင်ဖယ်တွေ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဧရာဝတီ , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment