Pages

Tuesday, May 17, 2016

#‎မုန်တိုင်းငယ်သတင်း‬

RangonNewsDaily::Tuesday. 17 May. 2016
‪#‎WeatherUpdateNewsMyanmar‬
‪#‎မုန်တိုင်းငယ်သတင်း‬
၁။ ၂၀၁၆ ခုနှစ်၊ မေလ(၁၇)ရက်နေ့ မြန်မာစံတော်ချိန် (၁၄း၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်သတင်း
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁)၊၂၀၁၆ 
မုန်တိုင်းငယ်အ‌ခြေအနေ

(က)ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ သီရိလင်္ကာနှင့် ယင်းနှင့် ဆက်စပ်လျှက်ရှိသော မန်နာပင်လယ်ကွေ့ တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ တောင် - အရှေ့တောင်ဘက် (၁၃၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက် - အနောက်တောင်ဘက် မိုင်(၇၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ် သည် နောက်(၁၂)နာ၇ီအတွင်း မြောက် - အနောက်မြောက် ဘက် ရွေ့လျားပြီးနောက် ပိုမိုအားကောင်လာမည်ဟု ခန့်မှန်းရပါသည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့် ရှိပြီး၊ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၁.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၁.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။
သတိပေးနှိုးဆော်ချက်
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်‌ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်‌ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန 

0 comments:

Post a Comment