Pages
▼
Pages - Menu
▼
Tuesday, May 24, 2016
ရန်ကုန်လေဆိပ်တွင် အမျိုးသားတစ်ဦးထံမှ ဆေးခြောက်နှင့် စိတ်ကြွဆေးများ ဖမ်းမိ
RangonNewsDaily::Tuesday. May 24.2016
ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ပြည်တွင်းထွက် ခွာဆောင် စစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦးထံမှ ဆေးခြောက်များနှင့် အိုက်စ်(ICE)များ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။

မန္တလေး - ပြင်ဦးလွင် အတက်လမ်းတွင် ခရီးသည်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွား
၂၀၁၆ ခုနှစ်၊ မေ ၂၃ (၁၈း၃၅) အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့ နယ်၊ ပြင်စာကျေးရွာတောင်ဘက် (၆) မိုင်ခန့်အကွာ မိုင်တိုင်အမှတ် (၂၀/၄ ) နှင့် (၂၀/၅) ကြားတွင် ပြင်ဦးလွင် - မန္တလေး အတက်လမ်းအတိုင်း မန္တလေးမှ မူဆယ်ဘက်သို့ ယာဉ်မောင်း ကတုံး မောင်းနှင်လာသည့် 9B – 7125 ၊ FUSO ၊ ဖြူ/စိမ်းကြား၊ စိတ်ကြိုက်ယာဉ် အသင်း၊ မှန်လုံယာဉ်ပေါ် တွင် ခရီးသည် ကျား (၃၇) ဦး၊ မ (၃)ဦး၊ ပေါင်း (၄၀) ဦးတို့ တင်ဆောင် မောင်းနှင် လာစဉ်
ကဗျာဆရာ မောင်ဆောင်းခ လွတ်မြောက်
RangonNewsDaily::Tuesday. May 24.2016
ကဗျာဆရာ မောင်ဆောင်းခကို အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ကျခံစေရန် ယနေ့ (မေလ ၂၄ ရက်) ရုံးချိန်းတွင် ရွှေပြည်သာမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သော်လည်း ၄င်းကို ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ခြောက်လကျော် ရှိခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးကြည်သာဖုန်းမြင့်က ပြောကြားသည်။

Friday, May 20, 2016
မြေငလျင်သတင်းထုတ်ပြန်ချက်
RangonNewsDaily::Friday. May 20.2016
၂၀၁၆ ခုနှစ်၊ မေလ (၂၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၅)နာရီ (၄၀)မိနစ် (၂၄)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက် (၁၅၀)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ အရှေ့မြောက်ဘက်(၂၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

အီဂျစ် လေကြောင်းပိုင် Airbus A320 လေယာဉ် ခရီးစဉ်အမှတ် flight MS804 ပင်လယ်ပြင်အတွင်း ပျက်ကျ
RangonNewsDaily::Friday. May 20.2016
ပဲရစ်မြို့  မှ ကိုင်ရိုမြို့ ကို ပျံသန်းလာတဲ့အီဂျစ် လေကြောင်းပိုင် Airbus A320 လေယာဉ်
ခရီးစဉ်အမှတ် flight MS804ဟာ ခရီသည် ၆၆ ဦး လေယာဉ်ဝန် ထမ်းတွေနဲ့ အတူ ပျံသန်းနေရင်း ယနေ့ မနက်ပိုင်းမှာ ပြောက်ဆုံးသွားတဲ့
ဖြစ်ရပ်ကို ယခုအခါ အီဂျစ်လေကြောင်းအာဏာပိုင်တွေက A320 လေယာဉ်ဟာ ပင်လယ်ပြင်အတွင်း ပျက်ကျသွားခဲ့
တာကို အတည်ပြုလိုက်ကြောင်း AP သတင်းမှာဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ရချဖတ် တက္ကသိုလ် ရုံး ခန်းအတွင်းက ဒေါက်တာနှစ်ဦးကို သေနတ်နဲ့  ပစ်သတ်ခဲ့တဲ့ တရားခံမိမိကိုယ် အဆုံးစီရင်
RangonNewsDaily::Friday. May 20.2016
မေလ(၁၈) ရက် မနေ့ နေ့ လည်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ရချဖတ်
တက္ကသိုလ် ရုံး ခန်းအတွင်းက ဒေါက်တာနှစ်ဦးကို သေနတ်နဲ့  ပစ်သတ် ထွက်ပြေးနေ သူ ဒေါက်တာ ၀မ်ချိုင်း အသက်(၆၀) ဟာ သူ ပုန်းနေတဲ့ တည်းခိုးခန်းကနေ ကား မောင်းအထွက်မှာ ရဲတွေက ၀ိုင်းထားလိုက်ပြီး
လက်နက်ချ အဖမ်းခံ ဘို့  အကြိမ်ကြိမ် ဆွေးနွေးနေခဲ့တာ မအောင်မမြင် ဖြစ်သွားခဲ့ပါတယ်။

ဆံပင်ညှပ်ရန်စောင့်ဆိုင်းနေသော အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပြတ်သေဆုံး
RangonNewsDaily::Friday. May 20.2016
ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားသည့် အမျိုးသား ထိုင်ခဲ့သည့် ခုံ
ပြည်မြို့တွင် အမျိုးသား တစ်ဦးသည် ဆံပင်ညှပ်ရန်စောင့် ဆိုင်းနေစဉ် ရုတ်တရက်ဦးနှောက် သွေးကြောပြတ် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

"စစ်ကိုင်းအလုပ်သမားသပိတ် က(၅၁) ဦးကို ပုဒ်မလေးခုနဲ့ တရားစွဲ"
RangonNewsDaily::Friday. May 20.2016
။အလုပ်သမားသပိတ်က ဖမ်းဆီးခံရသူ (၅၁) ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၄၃|၁၄၅|၁၄၇နဲ့ ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုလိုက်ပါတယ်။သပိတ်ခေါင်းဆောင်တွေကတော့ ခုလိုတရားရုံးကိုရောက်လာခြင်းက တရားရုံးကိုသပိတ်မှောက်တာဖြစ်တယ်လို့ဆိုပါတယ်။

မုန်တိုင်း ROANA(01B) အား လိမ္မော်ရောင်အဆင့် သတ်မှတ်ပြီ
#WeatherUpdateNews
RangonNewsDaily::Friday. May 20.2016
"အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေကို ဦးတည်နေသော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်ပါသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုအန္တရာယ်ကို ခံစားရမည်ဖြစ်ပါ၍ လက်ရှိအခြေအနေကို လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်"

Tuesday, May 17, 2016
#မုန်တိုင်းငယ်သတင်း
RangonNewsDaily::Tuesday. 17 May. 2016
#WeatherUpdateNewsMyanmar
#မုန်တိုင်းငယ်သတင်း
၁။ ၂၀၁၆ ခုနှစ်၊ မေလ(၁၇)ရက်နေ့ မြန်မာစံတော်ချိန် (၁၄း၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်သတင်း

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁)၊၂၀၁၆
မုန်တိုင်းငယ်အခြေအနေ
မုန်တိုင်းငယ်အခြေအနေ
Sunday, May 15, 2016
အပူရှောင်သူများ
RangonNewsDaily::Sunday. 15 May. 2016
မနက်မိုးလင်းလို့ နေထွက်သည့်အချိန်ကစပြီး ပူလိုက်သည့်အပူ၊ မွန်းတည့်ပြီးနောက်ပိုင်း နေ့လယ်ဆိုလျှင်တော့ ပြောမနေနှင့်။ ခြစ်ခြစ်တောက်ပူ၊ မခံမရပ်နိုင်အောင်ပူ၊ ချွေးပြိုက်ပြိုက်ကျအောင် ပူ။ ပူလိုက်တာ... ပူလိုက်တာ။ ယပ်တောင်တဖျပ်ဖျပ်ခပ်လည်း ပူ။ ပန်ကာဖွင့်တော့လည်း အစတော့ အေးသ လိုလိုနဲ့ နောက်တော့ ပူတာပါပဲ။

ရန်ကုန် မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် ရဲအင်အား ၃၀၀ ကျော် တိုးမြှင့်
RangonNewsDaily::Sunday. 15 May. 2016
ရန်ကုန်တိုင်းဒေသကြီး၏ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ စီမံချက်ကာလတွင် ရဲတပ်ဖွဲ့အင်အား ၃၀၀ ထပ်မံ တိုးမြှင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရသည်။
SSC ဆေးရုံပိုင်ရှင် ယာဉ်မတော်တဆ ဖြစ်ရာမှ သေဆုံး
RangonNewsDaily::Sunday. 15 May. 2016
သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းရှိ သုဝဏ္ဏ (အထက) ကျောင်းရှေ့တွင် မေ ၁၄ ရက် ညနေ ၄ နာရီခွဲက ကိုယ်ပိုင်ယာဉ်နှစ်စီး တိုက်မိရာ အသက် (၅၄) နှစ်အရွယ် SSC ဆေးရုံပိုင်ရှင် ဒေါက်တာဇော်ထွန်း သေဆုံးသွားသည်။

Saturday, May 14, 2016
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကုစားနိုင်ရန်အတွက် ရောင်းစားထားသည့် ဓာတ်ငွေ့များကို ပြန်လည်ဝယ်ယူရမည့် အခြေအနေသို့ ရောက်နေဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးပြောကြား
RangonNewsDaily::Saturday. 14 May. 2016
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကို ကုစားနိုင်ရန်အတွက် အချိန်တိုအတွင်း လျှပ်စစ်ထုတ်လုပ်ပေးနိုင်ရန် ရောင်းစားထားသည့် ဓာတ်ငွေ့များအား ပြန်လည်ဝယ်ယူ အသုံးပြုရမည့် အခြေအနေသို့ ရောက်နေကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးက ပြောကြားသည်။

ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး လှည့်လည်ရောင်းချမှုနှင့် ဆက်စပ်သည့် ရဲတပ်ကြပ်တစ်ဦး ဆိုသူအား သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖမ်းဆီး ရမိပြီး စစ်ဆေးနေ
RangonNewsDaily::Saturday. 14 May. 2016
ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး လှည့်လည်ရောင်းချမှုနှင့် ဆက်စပ်သည့် ရဲတပ်ကြပ်တစ်ဦး ဆိုသူအား မေ ၆ ရက် မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ် Junction (ဇ၀န) ရှေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် မှုခင်းရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံသားများ ပါဝင်သည့် မူးယစ်ဆေး သယ်ယူနေ သည့် အုပ်စုများအား ထိုင်းရဲများက ဆက်တိုက် ဖမ်းဆီး
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ မှာ မူးယစ်ဆေးဝါး ကုန်ကူးနေသူ မြန်မာနဲ့ 
ထိုင်းနိုင်ငံသားတွေကို နေရာနှစ်ရာမှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်း နိုင်ငံ နလေစွမ် တပ်မ(၄) မှ ဗိုလ်မှူး ကြီး Noppornနွတ်ဖွမ်း လေကျန် နဲ့  မူးယစ်နိမ်နင်းရေး တပ်ဖွဲ့ ဝင်တွေက ယနေ့ မနက်မှာ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်.။
နည်းပညာ တက္ကသိုလ်ကျောင်းသားများအတွက် BE ပေါင်းကူးစာမေးပွဲများ ယခုနှစ်အတွင်း ပြုလုပ်မည်
RangonNewsDaily::Saturday. 14 May. 2016
နည်းပညာ တက္ကသိုလ်အသီးသီးမှ ကျောင်းသား/သူများအတွက် BE ပေါင်းကူးစာမေးပွဲများကို ယခုနှစ် စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် ကျင်းပသွားမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန၊ စက်မှု နည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

တာမွေမြို့နယ် ဖိုးစိန်လမ်းရှိ ရတနာရှိုး ဟိုတယ်တွင် လောင်းကစားဝိုင်း ဖမ်းမိ
RangonNewsDaily::Saturday. 14 May. 2016
တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းရှိ ရတနာရှိုး ဟိုတယ်တွင် ယနေ့ ( မေလ ၁၂ ရက်) နံနက် ၂ နာရီခန့်က လောင်းကစားဝိုင်း တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

မွန်ပြည်နယ်ရေးမြို့အနီး ပင်လယ်ထဲ ပျက်ကျသည်ဆိုသည့် လေယာဉ် ရှာမတွေ့သေး
RangonNewsDaily::Saturday. 14 May. 2016
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်းအနီး ပင်လယ်ပြင်ထဲကို မနေ့ညနေပိုင်းက လေယာဉ်တစင်း ထိုးကျသွားတယ်ဆိုတဲ့ သတင်းကြောင့် သက်ဆိုင်ရာ ရေတပ်က ရေယာဉ်နှစ်စင်းနဲ့ တညလုံး ရှာဖွေခဲ့ပေမယ့် အခုထိ ရှာ မတွေ့သေးပါဘူး။

Friday, May 6, 2016
ရန်ကင်းစင်တာဘေးတွင် အမျိုးသမီးကို ချစ်သူဟောင်းက ဓားဖြင့်ဆင့်ထိုး
RangonNewsDaily::Friday. 6 May. 2016
ရန်ကင်းမြို့နယ် ရန်ကင်းစင်တာဘေး လမ်းသွယ်တွင် ဧပြီလ ၃၀ ရက် ည ၉ နာရီက အသက် ၂၈ နှစ် အရွယ် အမျိုးသမီးကို ၎င်း၏ ချစ်သူဟောင်း အမျိုးသားက ဓားဖြင့် ဆင့်ထိုးခဲ့ပြီး ဝင်ရောက် ဖျန်ဖြေသော အမျိုးသမီး တစ်ဦးနှင့် လုံခြုံရေးဝန်ထမ်း အမျိုးသားတို့ကိုပါ ဓားဖြင့် ထပ်မံထိုးခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

စာအုပ်အငှားဆိုင် ကွယ်လွန်ခြင်း
ပိတ်သိမ်းလိုက်သည့် မေပုလဲစာအုပ်အငှားဆိုင်သို့ စာအုပ်အဟောင်း လာဝယ်သော ကလေးငယ်တစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ - ညီညီဇော်
RangonNewsDaily::Friday. 6 May. 2016
မန္တလေးမြို့ ၁၉ လမ်းနံဘေး အထည်ဆိုင်တစ်ခု၏ နောက်ကျောဘက်တွင် ‘မေပုလဲ’ဟု အမည်ရသည့် စာအုပ်အငှားဆိုင်လေးတစ်ဆိုင် ရှိပါသည်။ ထိုစာအုပ်အငှားဆိုင်လေးအတွင်း ခန်းလုံးပြည့်တည်ရှိနေသော မြင့်မားလှသည့် စာအုပ်စင်ကြီးများ ပေါ်မှ သပ်ရပ်စွာစီထားသည့် စာအုပ်များကို ဆိုင်ကြမ်းပြင်ပေါ်သို့ ဆွဲချနေကြသည်။ စာအုပ်တွေက ဆိုင်ကြမ်းပြင်ပေါ်မှာ ဟိုနေရာတစ်စု သည်နေရာတစ်စုဖြင့် ပြန့်ကျဲလျက်။ ကိုယ်ကြိုက်နှစ်သက်သည့် စာအုပ်တွေကို ရွေးယူရင်း စာအုပ်အငှားဆိုင်ပိုင်ရှင် အမျိုးသမီးကြီးအား ဈေးနှုန်းမေးမြန်းကာ ငွေချေကြသည်။ ငွေချေပြီးနောက် တချို့က စာအုပ်တွေကို ပီနန်ကြိုးဖြင့် စည်းနှောင်နေကြသည်။ တချို့ကတော့ ပီနန်အိတ်တွေထဲ ထည့်နေကြသည်။
လှိုင်မြို့နယ်အတွင်းမှာ တက္ကစီငှားစီးတဲ့ အမျိုးသမီး တစ်ဦးကို မေ့ဆေးပေးပြီး ငွေကျပ်သိန်း (၇၀)ကျော် ခိုးယူ
RangonNewsDaily::Friday. 6 May. 2016
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်းမှာ တက္ကစီငှားစီးတဲ့ အမျိုးသမီး တစ်ဦးကို မေ့ဆေးပေးပြီး ငွေကျပ်သိန်း (၇၀)ကျော် ခိုးယူသွားတဲ့ အမှုတစ်ခု မေလ (၃)ရက်က ဖြစ်ပွားခဲ့ပါတယ်။
ပြည်ခိုင်ဖြိုးပါတီ အကွဲအပြဲ အနာဂတ်အတွက် ထိခိုက်နိုင်ဟု ဒုသမ္မတဟောင်း သတိပေး
RangonNewsDaily::Friday. 6 May. 2016
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့အား ရာထူးအပြောင်းအလဲပြုလုပ်မှုမှအစပြုကာ လက်ရှိအနေထားသည် လာမည့်ရွေးကောက်ပွဲများအပါအဝင် အနာဂတ်အတွက် ထိခိုက်မှုများရှိလာနိုင်သည်ဟု ဒုတိယသမ္မတဟောင်းဖြစ်သူ ဒေါက်တာစိုင်းမောက်ခမ်းက ပြောဆိုလိုက်သည်။
မြန်မာသံအမတ်များ ကိုယ့်နိုင်ငံသားများကို ကာကွယ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
RangonNewsDaily::Friday. 6 May. 2016
မြန်မာသံအမတ်များ ကိုယ့်နိုင်ငံသားများကို ပစ်မထား ဘဲ ကာကွယ်စောင့်ရှောက်ပေး ရန်နှင့် မြန်မာသံရုံးများသည် နိုင်ငံသားများ၏အားကိုးစရာ နေ ရာ ဖြစ်လာအောင် ဆောင်ရွက် ပေးရန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ညွှန် ကြားထားကြောင်း သတင်းရ ရှိသည်။