Pages

Pages - Menu

Tuesday, May 24, 2016

ကဗျာဆရာ မောင်ဆောင်းခ လွတ်မြောက်

RangonNewsDaily::Tuesday. May 24.2016 
ကဗျာဆရာ မောင်ဆောင်းခကို အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ကျခံစေရန် ယနေ့ (မေလ ၂၄ ရက်) ရုံးချိန်းတွင် ရွှေပြည်သာမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သော်လည်း ၄င်းကို ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ခြောက်လကျော် ရှိခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးကြည်သာဖုန်းမြင့်က ပြောကြားသည်။ 
“အလုပ်နဲ့ ထောင်ဒဏ် ခြောက်လကို ချုပ်ရက်နုတ်ကျခံဖို့ အမိန့်ချလိုက်တယ်။ ချုပ်ရက်က ခြောက်လကျော်သွားလို့ ပြစ်ဒဏ်ကျခံစရာ မလိုတော့ဘူး” ဟု ၄င်းက ပြောဆိုသည်။ 
.
ကဗျာဆရာ မောင်ဆောင်းခသည် လူမှုကွန်ရက် စာမျက်နှာတွင် သမ္မတကြီးခင်ဗျာ စာသားပါ ကဗျာရေးသားခဲ့သောကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ရွှေပြည်သာမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
The Voice::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment