Pages

Pages - Menu

Sunday, May 15, 2016

ပဲခူးတွင် ရေတွင်းဆယ်ရာမှ သားအဖ နှစ်ဦး သေဆုံး


RangonNewsDaily::Sunday. 15 May. 2016
ပဲခူးမြို့ မဇင်းရပ်ကွက် မဟာစေတီအနီးရှိ နေအိမ်ခြံဝင်း တစ်ခုတွင် ယနေ့ (မေ ၁၅) နံနက်ပိုင်းက ရေတွင်းဆယ်သည့် အမျိုးသားလေးဦးအနက် သားအဖနှစ်ဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံးခဲ့သည်။

အသက် ၁၄ နှစ်အရွယ် သားဖြစ်သူ မောင်မြင့်မြတ်က တွင်းထဲဆင်းနေစဉ် ပြန်တက်မလာသဖြင့် အသက် ၄၇နှစ် အရွယ် ဖခင် ဦးဖိုးဆောင်းပါ ရေတွင်းထဲသို့ ဆင်းဆယ်ရမှာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မဇင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။

“ရေမလိုက်လို့ ဆယ်ရင်းကနေ အပေါ်မှ အဖေနဲ့ အတူအလုပ်လုပ်တဲ့ အမျိုးသားက ကြိုးကိုင်းပေးထားပြီး သားက ရေတွင်းထဲဆင်းသွားတာ၊ တော်တော်နဲ့ ပေါ်မလာလို့ အဖေကပါ ထက်ဆင်းရာကနေ သားအဖ နှစ်ယောက်လုံး ဆုံးသွားတာ” ဟု ပဲခူးမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရေတွင်းထဲသို့ ဆင်းမည်ဆိုပါက မလိုလားအပ်သော အသက်ဆုံးပါးမှုများ မရှိစေရန် အောက်စီဂျင် ရှိမရှိကို သစ်ရွက်ချကာ စမ်းသပ်ခြင်း၊ ဖယောင်းတိုင် မီးထွန်းကာ ရေတွင်းထဲချကာ စမ်းသပ်သင့်ကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောကြားသည်။ အဆိုပါ သားအဖနှစ်ဦး သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိစေရန် သေမှုသေခင်း အမှတ်စဉ် ၁၀/၁၆ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးနေကြောင်း အမှတ် (၂) နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။
(ဓာတ်ပုံ - Zaw Shinn Facebook) / The Voice
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment