Pages

Pages - Menu

Sunday, May 15, 2016

SSC ဆေးရုံပိုင်ရှင် ယာဉ်မတော်တဆ ဖြစ်ရာမှ သေဆုံး

RangonNewsDaily::Sunday. 15 May. 2016
သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းရှိ သုဝဏ္ဏ (အထက) ကျောင်းရှေ့တွင် မေ ၁၄ ရက် ညနေ ၄ နာရီခွဲက ကိုယ်ပိုင်ယာဉ်နှစ်စီး တိုက်မိရာ အသက် (၅၄) နှစ်အရွယ် SSC ဆေးရုံပိုင်ရှင် ဒေါက်တာဇော်ထွန်း သေဆုံးသွားသည်။
“ကားနှစ်စီးက သံသုမာလမ်းအတိုင်း အရှိန်နဲ့ လားရာတူ မောင်းလာရင်း ရှေ့ကားက သုဝဏ္ဏကျောင်းရှေ့ MAX ဆီဆိုင်နားမှာ ရုတ်တရက် ဘယ်ဘက်ကို ကွေ့လိုက်တယ်။ နောက်က မောင်းလာတဲ့ ဒေါက်တာဇော်ထွန်းကားက အရှိန်မထိန်းနိုင်ဖြစ်ပြီး ရှေ့ကားနောက်ပိုင်းကို ဝင်တိုက်မိခဲ့တာ” ဟု သင်္ဃန်းကျွန်းမြို့နယ် ရဲမှူးသက်ထွန်းက ပြောကြားသည်။
.
ယင်းယာဉ်တိုက်မှုကြောင့် ဒေါက်တာဇော်ထွန်းမှာ နာကျင်ဒဏ်ရာများရခဲ့ပြီး ပင်လုံဆေးရုံသို့ တင်ပို့ခဲ့ရာ ည ၁၂ နာရီတွင် သေဆုံးခဲ့ကြောင်း ဒေါက်တာဇော်ထွန်း၏ ယာဉ်နှင့် ဝင်တိုက်မိသည့် WISH ကိုယ်ပိုင်ယာဉ်မှ အသက် (၅၂) နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သုဝဏ္ဏ နယ်မြေရဲစခန်းထံမှ သိရသည်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment