ပိတ်သိမ်းလိုက်သည့် မေပုလဲစာအုပ်အငှားဆိုင်သို့ စာအုပ်အဟောင်း လာဝယ်သော ကလေးငယ်တစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ - ညီညီဇော်
RangonNewsDaily::Friday. 6 May. 2016
မန္တလေးမြို့ ၁၉ လမ်းနံဘေး အထည်ဆိုင်တစ်ခု၏ နောက်ကျောဘက်တွင် ‘မေပုလဲ’ဟု အမည်ရသည့် စာအုပ်အငှားဆိုင်လေးတစ်ဆိုင် ရှိပါသည်။ ထိုစာအုပ်အငှားဆိုင်လေးအတွင်း ခန်းလုံးပြည့်တည်ရှိနေသော မြင့်မားလှသည့် စာအုပ်စင်ကြီးများ ပေါ်မှ သပ်ရပ်စွာစီထားသည့် စာအုပ်များကို ဆိုင်ကြမ်းပြင်ပေါ်သို့ ဆွဲချနေကြသည်။ စာအုပ်တွေက ဆိုင်ကြမ်းပြင်ပေါ်မှာ ဟိုနေရာတစ်စု သည်နေရာတစ်စုဖြင့် ပြန့်ကျဲလျက်။ ကိုယ်ကြိုက်နှစ်သက်သည့် စာအုပ်တွေကို ရွေးယူရင်း စာအုပ်အငှားဆိုင်ပိုင်ရှင် အမျိုးသမီးကြီးအား ဈေးနှုန်းမေးမြန်းကာ ငွေချေကြသည်။ ငွေချေပြီးနောက် တချို့က စာအုပ်တွေကို ပီနန်ကြိုးဖြင့် စည်းနှောင်နေကြသည်။ တချို့ကတော့ ပီနန်အိတ်တွေထဲ ထည့်နေကြသည်။
နှစ်ပေါင်း ၂၅ နှစ်နီးပါး သက် တမ်းရှိပြီဖြစ်သည့် မေပုလဲစာအုပ်အငှားဆိုင်လေး ဖြုတ်သိမ်းတော့မည်ဖြစ်၍ စာအုပ်ဝါသနာအိုးများက လာရောက်ဝယ်ယူနေကြခြင်း ဖြစ်သည်။ စာအုပ်ဝယ်နေသူတွေက သည်လောက် များသည့် စာအုပ်တွေ၊ ဖြတ်သန်းလာခဲ့သည့် နှစ်များစွာကို တွေ့မြင်ကြားသိရင်း စာအုပ်အငှားဆိုင်လေး ဖြုတ်တော့မည်ကို စိတ်မကောင်းဖြစ်ကြသည်။
သူတို့တွေနည်းတူ အသက် (၅၀)ကျော်အရွယ် ဒေါ်မြင့်မြင့်ခိုင်သည်လည်း စိတ်ထဲလွန်စွာထိခိုက်နေရပါသည်။ ‘‘သားသမီးတစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစား ရတယ်’’ဟု မေပုလဲစာအုပ်အငှားဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ခိုင်က ဆိုသည်။ တကယ်ဆို ဒေါ်မြင့်မြင့်ခိုင်အနေဖြင့် သည်စာအုပ်အငှားဆိုင်လေးကို ဖြုတ်ပစ်ဖို့ ဆန္ဒမရှိခဲ့ပေ။
ဖခင်ကိုယ်တိုင်က မန္တလေးမြို့မှာ စာပေဖြန့်ချိရေးလုပ်ငန်း တွေလုပ်ခဲ့သူမို့ ဒေါ်မြင့်မြင့်ခိုင်အနေဖြင့် ငယ်စဉ်ကတည်းက စာအုပ်များဖြင့် ရင်းနှီးခဲ့သူဖြစ်သည်။ အိမ် ထောင်ကျတော့လည်း စာအုပ်အ ငှားဆိုင်လေးဖွင့်ကာ စီးပွားရှာခဲ့သည်။ မိဘအိမ်တွင် ဆယ်နှစ်၊ ၁၉ လမ်း အမျိုးသားအိမ်ဘက်တွင် ၁၅နှစ်၊ ပေါင်းလျှင် နှစ်ပေါင်း ၂၅ နှစ်ကျော် သည်စာအုပ်ဆိုင်လေးဖြင့် မိသားစုစားဝတ်နေရေးဖြေရှင်းနိုင်ခဲ့သည်။
အိမ်ထမင်းအိုး တည်နိုင် လောက်အောင်လည်း စာအုပ်ဆိုင်ကလေးက ဖြစ်ထွန်းခဲ့ပါသည်။ တစ်ရက်တစ်ရက် အုပ်ရေနှစ်ရာ ကျော် ငှားရသည်။ နာမည်ကြီးစာ ရေးဆရာတွေရဲ့ ၀တ္ထုတွေ အသစ်ထွက်ပြီဆိုလျှင် အလုအယက်ငှား ကြလွန်း၍ တစ်မျိုးငါးအုပ်အထိတောင် ထားပေးခဲ့ရသည်။ ညနေ ၃ နာရီ ရန်ကုန်ရထား ၀င်ပြီးပြီဆိုလျှင် ဒေါ်မြင့်မြင့်ခိုင် စက်ဘီး ကလေးဖြင့် မြို့ထဲ စာအုပ်အ၀ယ် ထွက်သည်။ ပြန်လာလျှင် စာအုပ် ချုပ်သည်။ စာကြမ်းပိုးတွေက စာအုပ်အသစ်ရချင်လွန်း၍ စာအုပ်ချုပ်နေတာကို ထိုင်စောင့်ကာ ငှားကြသည်။
စာအုပ်အသစ် ထွက်ပြီဆိုတာနဲ့ ငှားချင်သူတွေ ၀ိုင်းဝိုင်းလည်ကာ အလုအယက်ဖြစ်ကြသည်မို့ ဒေါ်မြင့်မြင့်ခိုင်တစ်ယောက် စာအုပ်အသစ်ဆို တစ်နေရာမှာ သွားဝှက်ထားရသည်။ ‘‘စာအုပ်အသစ်ထွက်ပြီဆို လိုချင်တဲ့သူက များလွန်းလို့ ၀ှက်တောင် ငှားရတယ်။ မအပ်သေးလို့ ဘာလို့ ညာပြောရ တယ်။ ငါးပါးသီလထဲက တစ်ပါး တော့ ကျူးလွန်ရတာပဲ’’ဟု ဒေါ် မြင့်မြင့်ခိုင်က လွမ်းဆွေးစွာ ဆို သည်။
ထိုစာအုပ်အငှားဆိုင်လေး က အိမ်ထမင်းတည် အိမ်စရိတ်ထိန်းရုံသာမက သုံးလလောက်နေ လျှင် ရွှေတစ်ကျပ်သားလောက်ကို ၀ယ်နိုင်သည်ဟု ဒေါ်မြင့်မြင့်ခိုင်က စာအုပ်အငှားဆိုင်လေး၏ ရွှေရောင်ကာလကို
ပြန်ပြောင်းပြောပြခဲ့သည်။
ပြန်ပြောင်းပြောပြခဲ့သည်။
တစ်နေ့တစ်နေ့ ရာချီငှားရသော ဒေါ်မြင့်မြင့်ခိုင်၏ ဆိုင်လေးသည် လွန်ခဲ့သည့် တစ်နှစ်ခန့်မှာတော့ စာအုပ်ငှားအားတွေ တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ ထိုအချိန်က မှတ်မှတ်ရရ နိုင်ငံခြားဖုန်းလိုင်း ကုမ္ပဏီတွေ အသီးသီး ၀င်ရောက်လာပြီးနောက် ဖုန်းတွေ ပေါပေါများများ စတင်သုံးနေကြချိန် ဖြစ်သည်။ နှစ်ရာမှ တစ်ရာ၊ တစ်ရာမှ သုံးဆယ်လောက်အထိ စာအုပ်ငှားအား ကျဆင်းလာသောအခါ ဒေါ်မြင့်မြင့်ခိုင်တစ်ယောက် စာအုပ်ဆိုင်လုပ်ငန်းဖြင့် ဆက်လက်ရပ်တည်နိုင်ရန် သင့်၊ မသင့် စဉ်းစားရတော့သည်။ ဆိုင်လာငှားနေကျ ဖောက်သည်တွေကတော့ မ ပိတ်စေချင်။ နောက်ဆုံး မိသားစုနှင့် တိုင်ပင်ကာ စာအုပ်ဆိုင်နေရာကို အထည်ဆိုင်တစ်ဆိုင်အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ချက်ချရတော့သည်။
စာအုပ်အငှားဆိုင်လေးများ တဖြုတ်ဖြုတ် ပျောက်ကွယ်သွားရခြင်း အကြောင်းရင်းများတွင် ခေတ်မီနည်းပညာများ တိုးတက်လာသဖြင့် အခြားဖျော်ဖြေရေးများ အပေါ် အာရုံရောက်သွားခြင်း၊ စာအုပ်တစ်အုပ် ဖတ်ရခြင်းထက် ဖုန်းတစ်လုံးဖြင့် ဂိမ်းဆော့ခြင်း၊ အင်တာနက် ချက်တင်ထိုင်ခြင်းများကိုသာ ပျော်မွေ့လာကြခြင်း၊ စာအုပ်ဖြန့်ချိရေးစနစ်များ အားနည်းခြင်း၊ စာအုပ်ဈေးနှုန်းများကြီးမြင့်ခြင်း အစရှိသည့် အချက်များလည်း ပါဝင်ကြောင်း စာအုပ် အငှားဆိုင်ရှင် အချို့က ဆိုပါသည်။
အမရပူရမြို့တွင် ၁၉၉၃ ကတည်းက စာအုပ်အငှားဆိုင် တည်ထောင်ခဲ့ပြီး ယခုအချိန်အထိ ဆက်လက်လုပ်ကိုင်နေဆဲ အင်ပါယာစာပေမှ မစန်းစန်းအေးကတော့ စာအုပ်ငှားဖတ်သူအချို့ ရှိနေဆဲ ဖြစ်သော်လည်း စာအုပ်
ဈေးနှုန်းများ ကြီးမြင့်လာ၍ ငှားခဈေး တက်ရသောကြောင့် ယခင်က လောက် ငှားရမ်းဖတ်ရှုနိုင်မှု မရှိ တော့ခြင်း၊ စာစတင်ဖတ်သူများ အား စာဖတ်ဝါသနာပါလာအောင် ဆွဲဆောင်စေသည့် အပျော်ဖတ်လိုင်းစာအုပ်များ အထွက်ကျဲသွားခြင်း အစရှိသည့် အချက်များက လည်း စာအုပ်ဆိုင်များ ပြိုဆင်း သွားရခြင်းဖြစ်ကြောင်း ပြောပြသည်။
ဈေးနှုန်းများ ကြီးမြင့်လာ၍ ငှားခဈေး တက်ရသောကြောင့် ယခင်က လောက် ငှားရမ်းဖတ်ရှုနိုင်မှု မရှိ တော့ခြင်း၊ စာစတင်ဖတ်သူများ အား စာဖတ်ဝါသနာပါလာအောင် ဆွဲဆောင်စေသည့် အပျော်ဖတ်လိုင်းစာအုပ်များ အထွက်ကျဲသွားခြင်း အစရှိသည့် အချက်များက လည်း စာအုပ်ဆိုင်များ ပြိုဆင်း သွားရခြင်းဖြစ်ကြောင်း ပြောပြသည်။
‘‘ကာတွန်းဆို အရင်က တစ်ရက်ခြားတစ်ခါ လေးငါးဆယ်အုပ် ထွက်တာ။ အခုဆို တစ်ပတ် တစ်အုပ်လောက်ပဲ ထွက်တော့တယ်။ ၀တ္ထုလိုင်းဆိုရင်လည်း နာမည်ရ စာရေးဆရာတွေ မထွက်ကြတော့ဘူး။ စုံထောက်လိုင်းလည်း မင်းမြတ်သူရ တို့လောက်ပဲ ရှိတော့တယ်။ သိုင်းဆိုလည်း ပျောက်သွားပြီ’’ဟု မစန်းစန်းအေးက ဆိုသည်။
စာအုပ်အငှားဆိုင်လေးများ တစ်ဆိုင်ပြီးတစ်ဆိုင် ပျောက်ဆုံး သွားရခြင်း အတွက် ၀မ်းနည်းမိကြောင်း ကိုယ်တိုင်လည်း စာအုပ်အငှားဆိုင် ဖွင့်ခဲ့ဖူးသူ မန္တလေးမြို့မှ စာရေးဆရာ ဆရာဇော်ခိုင်ဦးက ဆိုသည်။
‘‘စာအုပ်အငှားဆိုင် ကွယ် လွန်ခြင်းလို့ ခံစားရတယ်။ အငှားဆိုင်ယဉ်ကျေးမှုက စာကောင်းပေကောင်းတွေ ဖတ်ခွင့်ရဖို့အတွက် လူတွေကို နေရာထိုင်ခင်းပေးခဲ့ တာ။ နိဗ္ဗာန်ဘုံတစ်ခု ပျောက်ဆုံးသွားတယ်လို့ ခံစားရတယ်။ ၀မ်းအနည်းဆုံးကတော့ တို့မြန်မာလူမျိုးတွေ စာမဖတ်တော့ဘူးဆိုတဲ့ သက်သေတစ်ခု ၀မ်းနည်းစွာနဲ့ ပြလိုက်ရတယ်လို့ မြင်တယ်’’ဟု ၎င်းကပြောသည်။
‘‘စာအုပ်အငှားဆိုင်တစ်ဆိုင် ကွယ်လွန်သွားတာက ဗြုန်းဆိုဘာ မှ မဖြစ်လောက်ဘူးထင်စရာရှိပေ မယ့် ဒါအင်မတန်ကြီးကျယ်တဲ့ တာဝန်ကြီးတစ်ခုပဲ’’ဟုဆိုကာ ခေတ် ပေါ် နည်းပညာပစ္စည်းများအား အချိန်ပိုင်းအရသုံးကာ အချိန်ပိုင်း အရ စာဖတ်ခြင်းဘက်လှည့်ပေး ရန် ဆရာဇော်ခိုင်ဦးက မေတ္တာရပ် ခံခဲ့သည်။
စာရေးဆရာများနှင့် အားလုံးဝိုင်းဝန်းကာ စနေ၊ တနင်္ဂနွေလိုနေ့မျိုးတွင် မြို့တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၌ စာဖတ်ဝိုင်းများ ပျိုးထောင်ပေးရန် လိုအပ်နေသည်ဟု ဆရာဇော်ခိုင်ဦးက ဆိုသည်။
‘‘ဒါအလုပ်ကြီးတစ်ခု။ အလုပ်သေး မဟုတ်ဘူးနော်။ ဒီအလုပ်ကြီးကို အင်တိုက်အားတိုက်ပြန်လုပ်ပေးနိုင်မှသာ စာဖတ်ခြင်းဘက် ပြန်ရောက်လာနိုင်မယ်လို့ ထင်တယ်။ ဒီအတိုင်းတော့ မလွယ်ဘူး။ ဒီတိုင်းဆို ရေစုန်မျောလိမ့် မယ်’’ဟု ၎င်းကဆိုသည်။
မေပုလဲ စာအုပ်အငှားဆိုင် ၏ ဖောက်သည်များထဲမှ ပင်တိုင်အားပေးခဲ့သူဖြစ်သည့် မန္တလေးမြို့မှ စာရေးဆရာ ဆရာသန်းနိုင်ဦးကတော့ ထိုစာအုပ်အငှားဆိုင်လေး ပိတ်ခဲ့သည့်အတွက် 7Day Daily သတင်းစာတွင် ‘‘အသိဉာဏ် ပညာများ သရောကြီးခိုင်းခြင်း’’ဟု အမည်ရသည့် ဆောင်းပါးတစ်ပုဒ်ရေးကာ လွမ်းဆွတ်ခဲ့ပါသည်။ ထိုဆောင်းပါး၏ အဖွင့်တွင် ‘‘စာအုပ်အငှားဆိုင်တွေက ဉာဏ်အလင်းဖွင့်လှစ်ပေးတဲ့ တံခါးပေါက်တွေဆိုရင် စာအုပ် အငှားဆိုင်တွေ အကြောင်းအမျိုးမျိုးကြောင့် ပိတ်သွားရတာဟာ ဉာဏ်တံခါးတွေ ပိတ်သွားတာပါပဲ’’ဟု ရေးသားကာ ထင်မြင်ချက်ပေးခဲ့သည်။
မန္တလေးမြို့မှ မေပုလဲ စာအုပ်အငှားဆိုင်လေး ထဲမှာတော့ တဖြည်းဖြည်းနှင့် စာအုပ်တွေ ကုန်စပြုနေပြီ။ မကြာမီ မေပုလဲစာအုပ်အငှားဆိုင်လေးသည် အထည်ဆိုင်တစ်ဆိုင် အဖြစ် အသွင်ပြောင်း ရတော့မည် ဖြစ်သည်။ စာအုပ်မရှိ တော့သည့် စာအုပ်စင်တွေက လူ သေကောင် အရိုးငေါငေါ ထွက်သလို အကျည်းတန်လျက် ရှိနေပါတော့သည်။
ဓာတ်ပုံ - ညီညီဇော် /
7Day , KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment