Pages

Pages - Menu

Tuesday, May 17, 2016

မန္တလေးတွင် အများပြည်သူနေရာများ၌ အရက်သောက်စားပါက ထောင်ဒဏ် ခုနစ်ရက်ချမည်


RangonNewsDaily::Tuesday. May 17.2016 
မန္တလေးခရိုင်အတွင်း အများပြည်သူသွားလာသည့် နေ ရာများ၊ ကျုံးဘေးနှင့် စစ်ကိုင်းတံ တား (ရတနာပုံ)တွင် အရက် သောက်စားမူးယစ်နေပါက ထောင်ဒဏ် ခုနစ်ရက်ချမှတ်အရေးယူ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အများပြည်သူများသွားလာ နေသည့် နေရာများတွင် ညဥ့်နက် အချိန် အုပ်စုဖွဲ့၍ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ရမ်းကား ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ ဖြစ် ပေါ်နေ၍ မတ်လ၌ သတိပေးခဲ့သော်လည်း ထပ်မံဖြစ်ပွားနေသည့်အတွက် ထောင်ဒဏ်အထိ အရေးယူမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။
‘‘ကျုံးဆိုတဲ့ နေရာကလည်း အများပြည်သူတွေ အပန်းဖြေတဲ့ နေရာပါ။ ဒါကို အရက်သောက် ကြတယ်။ ရန်ဖြစ်တယ်။ သတိပေး တာတွေ လုပ်ခဲ့ပေမယ့်လည်း ထပ်ပြီးလုပ်နေတာတွေ တွေ့နေရတဲ့အတွက် ငွေဒဏ်နဲ့ အရေးယူတယ်။ ဒါကိုလည်း ထပ်လုပ်နေတဲ့အတွက် ထောင်ဒဏ်အထိ အရေးယူသွားမယ်’’ဟု ၎င်းက ပြောသည်။
.
ညအချိန် စစ်ကိုင်းတံတား (ရတနာပုံ)တွင် အရက်သောက် စား၍ ပုလင်းများ မြစ်အတွင်းပစ် ချခြင်းကို အရေးယူပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ကြောင်း တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
စစ်ကိုင်းတံတား (ရတနာပုံ) တွင် မေလ ၁၅ ရက် ညအချိန် အုပ်စုဖွဲ့အရက်သောက်နေသည့် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးကို ဖမ်းဆီး၍ ရဲအက်-၄၇ ဖြင့် အရေးယူကာ တရားရုံး၌ အမှုစွဲတင်မည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
‘‘ညဥ့်နက်ချိန်ဆိုမှတော့ မကောင်းဘူးလေ။ မကောင်းတဲ့ လူတွေပဲ ဒီအချိန်လမ်းပေါ်ရောက် နေတာ။ နောက်ပြီး အရမ်းအန္တ ရာယ်များတယ်။ အရက်သောက် စားနေတဲ့အတွက် လာရောက်အ ပန်းဖြေသူတွေအတွက် အများ ကြီးစိတ်အနှောင့်အယှက်ဖြစ် တယ်။ ထောင်ဒဏ်အထိ အရေး ယူလိုက်မှပဲ ဆင်ခြင်ကြမှာပဲ’’ဟု (၁၉) လမ်း မြောက်ပြင်ရပ်ကွက် နေ ကိုရန်အောင်ကျော်က ပြောသည်။
ပြီးခဲ့သည့် ဧပြီတွင် စစ်ကိုင်းတံတား (ရတနာပုံ)ပေါ်၌ ညဥ့်နက် ချိန် အရက်သောက်စားနေသူ ခြောက်ဦးကို ရဲအက်-၄၇ ဖြင့် ငွေဒဏ်ချမှတ်ခဲ့ကြောင်း ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှတ်တမ်းအရ သိရ သည်။
7Day ::--

KOLATT(PBDN)

RangonNewsDaily



No comments:

Post a Comment