Pages

Monday, March 28, 2016

အခြေခံဥပဒေဆိုင်ရာ ခုံးရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့အား ခန့်အပ်တာဝန်ပေးရန် လျာထားမှုအပေါ် ကန့်ကွက်ကြောင်း အဆိုကို ပည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်


RangonNewsDaily::March . 28 .2016
ယနေ့(မတ်လ ၂၈ ရက်) တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော် သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ တင်ပြထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့အား ခန့်အပ်တာဝန်ပေးရန် လျာထားမှုအပေါ် ကန့်ကွက်ကြောင်းအဆိုကို တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက တင်းသွင်းခဲ့ပါသည်။


.
နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ တင်ပြထားသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့အား ခန့်အပ်တာဝန်ပေးရန် လျာထားမှုအပေါ် ကန့်ကွက်ကြောင်း အဆိုကို တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက တင်းသွင်းခဲ့ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အား ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ရှင်းလင်းတင်ပြရန် ပြောကြားသဖြင့် ဦးဝင်းမြင့်က ရှင်းလင်းတင်ပြခဲ့ပါသည်။
.
ဒေါ်ခင်ဌေးကြွယ်အား ကန့်ကွက်ကြောင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၌ မဲခွဲဆုံဖြတ်ရာတွင် ကန့်ကွက်မဲ ၄၃၅ မဲ ရရှိသည့်အတွက် ကန့်ကွက်ကြောင်း အဆိုကို လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်သဖြင့် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန် မရှိကြောင်း ကြေညာခဲ့ပါသည်။
.
ဦးတွာလ်ကျင်ပေါင်အား ကန့်ကွက်ကြောင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၌ မဲခွဲဆုံဖြတ်ရာတွင် ကန့်ကွက်မဲ ၄၃၂ မဲ ရရှိသည့်အတွက် ကန့်ကွက်ကြောင်း အဆိုကို လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်သဖြင့် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန် မရှိကြောင်း ကြေညာခဲ့ပါသည်။
.
နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ တင်ပြထားသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၉ ဦးအား ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါသည်။
EMG ::--KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment