BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

အန်အယ်လ်ဒီပါတီကို အတွင်းရေးမှူး ၅ ဦး ဆက်လက်ဦးဆောင်မည်


RangonNewsDaily::March . 28 .2016
အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူပြီး အတွင်းရေးမှူး ၅ ယောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်လက်ဦးဆောင်သွားမယ်လို့ အတွင်းရေးမှူး တဦး ဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကို ဘယ်မှီမလဲဗျာ။ ဒါပေမယ့် သူအစိုးရ အဖွဲ့ထဲမှာ လုပ်တာကိုင်တာတွေကို လမ်းညွန်အဖြစ်နဲ့ယူပြီး ပါတီမှာ ဆက်လက် ဦးဆောင်လို့ တော့ ဖြစ်နိုင်လောက်ပါတယ်”လို့ ဦးဝင်းထိန်က ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲအပြီး မီဒီယာတွေကို ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ၀န်ကြီး တာဝန်ကိုယူလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီရဲ့ လုပ်ငန်းစဉ်တွေမှာ ၀င်ရောက်ဆောင်ရွက်ခွင့်ရှိမှာ မဟုတ်တော့ပါဘူး။ အဲဒီအတွက်ကြောင့် ပါတီရဲ့ အတွင်းရေးမှူး ၅ ဦးဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဒေါက်တာဇော်မြင့်မောင် တို့က ပါတီကို ဆက်လက်ဦးဆောင်သွားမှာဖြစ်ပါတယ်။
DVB TV News ::--KOLATT(PBDN)
RangonNewsDaily