Pages

Friday, January 23, 2015

First Look: 2014 Toyota Hilux with Invincible Package


RangonNewsDaily:: January . 23 .2015
Toyota Hilux ဆိုတဲ့ အမည်ဟာ ကမ္ဘာ့ Pick-up ကား ဈေးကွက်မှာတော့ မသိသူမရှိသလောက် ရှားပါးတဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။ Hilux ကို ပထမဆုံး စတင်ထုတ်လုပ်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၄၇ နှစ်ခန့်ကဖြစ်ပြီး ယနေ့အချိန်အထိ ကမ္ဘာတစ်ဝန်း အစီးရေ ၁၅ သန်းကျော် ရောင်းချရပြီး ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ အရည်အသွေး၊ ယုံကြည်စိတ်ချရမှု၊ အကြမ်းခံမှု၊ အဆင်ပြေလွယ် ကူမှု စတာတွေဟာ ခေတ်အဆက်ဆက် Hilux များရဲ့ ဂုဏ်ပုဒ်များပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်တွေပြောင်းလဲ လာတာနဲ့အတူ Hilux များကို နေ့စဉ်သုံး မော်တော်ယာဉ် အဖြစ် စီးနင်းမှုဟာ မရှိသလောက် နည်းပါလာခဲ့ပါတယ်။

ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့ ၂၀၁၄ မော်ဒယ် Hilux ရဲ့ Invincible Package ကို ဥရောပမှာ ၂၀၁၃ ခုနှစ် အကုန်ပိုင်းမှာ စတင်ရောင်းချ ခဲ့ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ပုံစံဒီဇိုင်းနဲ့ သက်တောင့်သက်သာရှိမှု တို့ကို အဓိက ဦးစားပေးထားတဲ့ ထပ် ဆောင်းထည့်သွင်းမှု ဖြစ်ပါတယ်။ Invincible Package ကို Double-Cab နဲ့ Extra-Cab ဂရိတ်များမှာ ထည့်သွင်းနိုင်ပြီး ကားရဲ့ အတွင်း၊ အပြင် ၂ မျိုးစလုံးကို သိသိသာသာ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ အစိတ်အပိုင်းများကတော့ ကားတံခါးပေါက်မှ ငွေရောင် ခြေနင်း သတ္တုပြား၊ ငွေရောင် ရှေ့လေဝင်ပေါက်များ၊ ငွေရောင် မြူခွင်းမီးနှင့် နောက်မီး အနားကွပ်များ၊ ရှေ့တံခါးပေါက်များပေါ်မှ “Invincible” အမှတ်တံဆိပ်များ၊ ၁၇ လက်မ အလွိုင်းဘီးများပဲ ဖြစ်ပါတယ်။


ကားရဲ့ အတွင်းပိုင်းမှာလည်း နူးညံ့သည့် သားရေထိုင်ခုံများ၊ သားရေပတ် လက်ဆွဲဘရိတ်စသည်တို့ကို ထည့်သွင်းပေးထားပါတယ်။

Hilux Invincible ကို အရောင် ၈ မျိုး၊ manual ဂီယာဘောက်စ်ပါ ၂.၅ လီတာ D-4D ဒီဇယ်အင်ဂျင် (၂ ဘီးယက်နှင့် ၄ ဘီးယက်) ၊ manual နှင့် အော်တို ဂီယာဘောက်စ် ၂ မျိုး ရွေးချယ်နိုင်သည့် ၃.၀ လီတာ D-4D ဒီဇယ်အင်ဂျင် (၄ ဘီးယက်) စသည်ဖြင့် စွမ်းဆောင်ရည် ၄ မျိုး ခွဲခြားပြီး ထုတ်လုပ်ထားပါတယ်။

Specifications:
ကားပုံစံ - ၅ ယောက်စီး ပစ်ကပ်
အင်ဂျင် - ၂.၅/၃.၀ လီတာ ဒီဇယ်
မြင်းကောင်ရေ - ၁၄၂ ကောင်
အင်ဂျင်ရုန်းအား - ၂၅၂ ပေါင်-ပေ
အလေးချိန် - ၄၄၅၀ ပေါင်
ဝ-၆၀ မိုင်နှုန်း - ၁၃.၃/၁၂.၁ စက္ကန့်
ဝန်စည်ဆွဲယူနိုင်မှု - ၆၁၇၂ ပေါင်
ဆီစားနှုန်း - ၁ ဂါလံလျှင် ၃၈.၇/၃၆. ၇
ဈေးနှုန်း - ဒေါ်လာ ၄၅၀၀၀

Myanmar Consumer Guided , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment