Pages

Pages - Menu

Wednesday, May 14, 2014

မြစ်သားနှင့် မန္တလေးပြေးဆွဲသည့် ဟိုင်းလတ်ယာဉ် တိမ်းမှောက်


RangonNewsDaily: May . 14 .2014
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်းမ တမာတန်းထိပ်တွင် မြစ်သားနှင့်မန္တလေး ပြေးဆွဲနေသည့် ဟိုင်းလတ်ယာဉ်သည် မေလ ၁၄ ရက် ညနေ ၄ နာရီ တွင် တိမ်းမှောက်ခဲ့ကာ ခရီးသည်လေးဦး ဒဏ်ရာရရှိခဲ့သည်။

မတ္တရာရဲစခန်းတွင် အချုပ်သားခြောက်ဦး ဝိုင်းရိုက်၍ အချုပ်သားတစ်ဦး သေဆုံး

RangonNewsDaily: May . 14 .2014
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်တွင် နေထိုင်သူတစ်ဦးသည် အရက်သေစာ သောက်စားမူးယစ်၍ ဇနီးကို ရိုက်နှက်နှိပ်စက်မှုဖြင့် အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့စခန်း အချုပ်ခန်းတွင် ခေတ္တထိန်းသိမ်းထားရာမှ မေလ ၄ ရက်နေ့တွင် အချုပ်သား ခြောက်ဦးက ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

တူရကီ မိုင်းတွင်းပေါက်ကွဲမှု သေဆုံးသူ (၂၀၀)ကျော်ထိရှိလာ


RangonNewsDaily: May . 14 .2014
တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် သေဆုံးသူ အရေအတွက် (၂၀၀)ကျော်ထိ မြင့်တက်လာပြီဟု သိရသည်။ တူရကီ စွမ်းအင်ဝန်ကြီး တာနာယီလ်ဒစ်ဇ်က အသေအပျောက် စာရင်းသည် (၂၀၁)ဦးထိ ရှိလာပြီး လူပေါင်း (၇၈၇)ဦးထိ ပိတ်မိနေဆဲဟု ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ 

ချယ်ဆီးတိုက်စစ်မှူး ဒမ်ဘာဘာ ဗလီတစ်လုံးဆောက်လုပ်လှူဒါန်း


RangonNewsDaily: May . 14 .2014
ချယ်ဆီးတိုက်စစ်မှူးနဲ့ ဆီနီဂေါအမျိုးသားလက်ရွေးစင် ဒမ်ဘာဘာဟာ သူ့မိဘတွေရဲ့ ဇာတိ ဆီနီဂေါမှာ ဗလီတစ်လုံးဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

အင်တာနက် ဖွင့်သုံးနေစဉ် VIBER ကို OFFLINE လုပ်ထားနိုင်သော VIBER SWITCH.APK


RangonNewsDaily: May . 14 .2014
Viber Switch.apk သည် Android ဖုန်း Viber user များအတွက် အင်တာနက် ဖွင့်သုံးနေစဉ် မိမိ viber ကို အလွယ်တကူ Online/Offline စိတ်ကြိုက်ထား၍ အသုံးပြုနိုင်သော app ဖြစ်သည်။ 

VIBER မှ CHAT, CALL, CONTACT များကို BACKUP လုပ်ထားနိုင်သော VIBER BACKUP.APK


RangonNewsDaily: May . 14 .2014
သင့် Viber မှ chat ထားသမျှစာများ၊ Call နှင့် Contact များသည် အကြောင်းအမျိုးမျိုးကြောင့် ဖုန်းတစ်ခုခု ဖြစ်၍ဖြစ်စေ ဖုန်းနံပါတ်
လဲ ရ၍ဖြစ်စေ၊ ဖုန်းလဲရ၍ဖြစ်စေ၊ အခြားအကြောင်းများကြောင့် ဖြစ်စေ Viber ကို အစအဆုံးပြန်လုပ်ရ၍ ပျောက်ပျက်ကုန် တတ်
သည်။

အင်တာနက်သုံးရင်း အိပ်ပျော်သွားတတ်တဲ့ မိတ်ဆွေတွေအတွက် WIFI & 3G SLEEP APK FOR ANDROID


RangonNewsDaily: May . 14 .2014
အင်တာနက်သုံးရင်း အိပ်ပျော်သွားတတ်တဲ့ မိတ်ဆွေတွေအတွက် ဖုန်းကအင်တာနက်ကို auto ပိတ်ပေးမဲ့ app လေးပါ။

နိကာဟ်ထမ်းမြားခြင်း



RangonNewsDaily: May . 14 .2014
နိကာဟ်ထမ်းမြားခြင်းသည် အလ္လာဟ်အရှင်မြတ်၏ သက်သေလ္ခဏာဖြစ်သည်၊ကျမ်းတော်မြတ်ကုရ်အာန်တွင် မိန့် တော်
မူသည်မှာ- " (ဤအကြောင်းအရာသည်လည်း) ထိုအရှင်မြတ်၏ သက်သေလ္ခဏာတော်များတွင် အပါအဝင်ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့ အဖို့  အသင်တို့ ၏ အမျိုးအစားအနက်မှ ကြင်ရာကြင်ဖက်များကို ၎င်း တို့ ထံတွင်အသင်
တို့ အနားယူ စိတ်ချမ်းသာမှု ရရှိကြအံ့သောဌာ ဖန်ဆင်းတော်မူခဲ့၏။ထိုမှတပါး

ဒူးယားကျေးရွာတွင် ဘုရားသားတော် အပါး၅၀ တုတ်ဓားလက်နက် ကိုင်ဦးဆောင် ကာ လိုင်စင်ရ အမဲသတ်လုပ်ငန်းကို ဟန့်တားအဆိုပါ ကိစ္စ အမှုဖွင့်ခွင့်မရှိကြောင်း သက်ဆိုင်ရာရဲစခန်းကပြော

RangonNewsDaily: May . 14 .2014
ဧရာဝတီတိုင်းဒေသကြီး ဟင်္သတမြို့နယ်၊ ဒူးယားကျေးရွာတွင် ယခုလ ၇ ရက်နေ့ နံနက် ၁နာရီ ၃၀ မိနစ်အချိန်တွင် အမဲသတ်လိုင်စင်ရလုပ်ငန်းကို ဒုတ်ဓားလက်နက်ကိုင်ဆောင်ထားသည့် ဗုဒ္ဓသားတော် အပါး ၅၀ ခန့်နှင့် နောက်လိုက်စုစုပေါင်းအင်အား ၇၀ ၀န်းကျင်က ကျုးကျော်ဝင်ရောက်ကာ နွားသတ်လုပ်ငန်းမပြုလုပ်ရန်ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ သတင်းပေးပို့သည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းတံတား အနီး ဆိုင်ကယ်ကယ်ရီနှင့် ငှားရမ်းသူများ အဖွဲ့လိုက်ရန်ဖြစ်ရိုက်နှက်ရာ တစ်ဦးသေဆုံး

RangonNewsDaily: May . 14 .2014
ဆိုင်ကယ်ကယ်ရီမောင်းသူ ခြောက်ဦးနှင့် ဆိုင်ကယ်ငှားသူ လေးဦးတို့ စကားများပြီး
အုပ်စုဖွဲ့ ရန်ဖြစ်ရာမှ ဆိုင်ကယ်ငှားသူများ အရိုက်ခံရပြီး အမျိုးသားတစ်ဦး သေဆုံး
ခဲ့ကြောင်း သတင်းရရှိသည်။

2014 AFC Cup တွင် နှစ်,နှစ်ဆက် ရှုံးထွက်အဆင့်ဖြင့်သာ အဆုံးသတ်ခဲ့ရသည့် ရန်ကုန်ယူနိုက်တက်အသင်း

RangonNewsDaily: May . 14 .2014
2014 AFC Cup ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် အင်ဒိုနီးရှားကလပ် ပါစီပူရာအသင်းကို အဝေးကွင်းတွင် ၉-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး AFC Cup ပြိုင်ပွဲတွင် နှစ် နှစ်ဆက် ရှုံးထွက်အဆင့်ဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

တာမွေမြို့နယ်၊ ဗညားဒလလမ်းအတွင်း စိတ်ရောဂါဝေဒနာရှင်တစ်ဦး တိုက်လေး လွှာမှ ခုန်ချသေဆုံး

RangonNewsDaily: May . 14 .2014
နေအိမ်တိုက်ခန်း လေးလွှာအမြင့်မှ စိတ်ဝေဒနာရှင်တစ်ဦး ခုန်ချသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၁၃ ရက်၊ နံနက် ၄ နာရီ ခွဲဝန်းကျင်က တာမွေမြို့နယ်၊ ဗညားဒလလမ်းအတွင်း ဖြစ်ပွားခဲ့သည်ဟု တာမွေမြို့မ ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းထိစပ်ရာ ပို့ဘလဲယားကျွန်းအနီးတွင် လေဖိအား နည်းရပ်ဝန်းမှ မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်

RangonNewsDaily: May . 14 .2014
ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းထိစပ်ရာ ပို့ဘလဲယားကျွန်းအနီးတွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သဖြင့် မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတောင်ပိုင်းဒေသများတွင် သက်ရောက်နိုင်မည်ဟု mmweather.com က မေလ ၁၃ရက်က ထုတ်ပြန် ကြေညာလိုက်သည်။

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ တစ်ဦးလျှင် အာမခံကြေး ငွေကျပ် ၄၅ သိန်း ပေးလျော်မည်


RangonNewsDaily: May . 14 .2014
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇ တွင် ရာဇာမင်းခရီးသည်တင် တိမ်းမှောက်ခဲ့ရာမှ သေဆုံးခဲ့သူ ၁၄ ဦးကိုအသက်အာမခံကြေး တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဖြင့် ရက်ပိုင်းအတွင်း ထုတ်ပေးသွားရန် စီစဉ်လျက် ရှိကြောင်း အဝေးပြေး မော်တော်ယာဉ် ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးထံမှ သိရှိရသည်။

မဘသ တရားဝင်ရပ်တည်နိုင်ရန် အထမမြောက်သေး

RangonNewsDaily: May . 14 .2014 
နိုင်ငံတော် သံဃမဟာနာယက(မဟန)အဖွဲ့မှ တစ်ပါး အခြားသော သံဃာအဖွဲ့အစည်းများ ဖွဲ့စည်းခွင့် မရှိဟူသည့်အချက်ကို ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ပြင်ဆင်နိုင်မည်ဟု သံဃာတော် အချို့ဦးဆောင်သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က မျှော်လင့်ထားသော်လည်း မေ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့သည့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်ချက်တွင် မပါဝင်ခဲ့ပေ။

မြစ်ကြီးနားဆွေးနွေးပွဲအပြီး ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် သဘောတူ

RangonNewsDaily: May . 14 .2014
အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးပွဲအပြီးတွင်ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကိုဖွဲ့စည်းရန်သဘော
တူညီလိုက်သည်ဟု နှစ်ဖက်အဖွဲ့၏ မေလ ၁၃ရက် ညနေက ထုတ်ပြန်လိုက်သည့် ပူးတွဲကြေငြာချက်တွင် ဖော်ပြထား
သည်။