Pages

Pages - Menu

Wednesday, May 14, 2014

မတ္တရာရဲစခန်းတွင် အချုပ်သားခြောက်ဦး ဝိုင်းရိုက်၍ အချုပ်သားတစ်ဦး သေဆုံး

RangonNewsDaily: May . 14 .2014
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်တွင် နေထိုင်သူတစ်ဦးသည် အရက်သေစာ သောက်စားမူးယစ်၍ ဇနီးကို ရိုက်နှက်နှိပ်စက်မှုဖြင့် အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့စခန်း အချုပ်ခန်းတွင် ခေတ္တထိန်းသိမ်းထားရာမှ မေလ ၄ ရက်နေ့တွင် အချုပ်သား ခြောက်ဦးက ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် လမိုင်းကျေးရွာအုပ်စု မကျီးကုန်း ကျေးရွာတွင် မေလ ၄ ရက်နေ့က ဦးမှတ်တင် ၄၉ နှစ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး ဇနီးဖြစ်သူကို ရိုက်နှက်နှိပ်စက် နေသဖြင့် လာရောက် ထိန်းသိမ်းပေးရန် ရဲတပ်ဖွဲ့စခန်းသို့ ဖုန်းဖြင့် အကြောင်းကြားချက်အရ သွားရောက် ခေါ်ဆောင်ခဲ့ပြီး အချုပ်ခန်းထဲ ထည့်ထားစဉ် အချုပ်သားများ ရိုက်နှက်မှုကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ ထပ်မံသိရသည်။

ယင်းအချုပ်သား ခြောက်ဦးကို စစ်ဆေးရာတွင် ၎င်းတို့က ဦးမှတ်တင်ကို ဆံပင်ဆွဲ၍ ထိုင်/ထ အကြိမ် ၅၀ ပြုလုပ်ခိုင်းခဲ့ရာ ပုဆိုးကျွတ်နေသဖြင့် မည်သို့ ဝတ်ဆင်ရမည်ကို မေးမြန်းရာ အချုပ်သားတစ်ဦးက လက်သီးဖြင့် နှစ်ချက်ထိုးခဲ့ပြီးနောက် အချုပ်ကျနှစ်ဦးက ဝဲနံဘေးကို ခြေထောက်ဖြင့် ငါးချက်ကန်ခဲ့ကြောင်း 
::
ယင်းအပြင် နောက်ကျောကို လက်သီးဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်းများကြောင့် အချုပ်သန့်စင်ခန်းရှေ့တွင် လဲကျသွားခဲ့ရာ ဝဲနံဘေးကို ခြေထောက်ဖြင့် ထပ်မံကန်ခံရမှု များကြောင့် စအိုမှ မစင်များ ထွက်လာခဲ့ကြောင်း အဆိုပါ မှတ်တမ်းအရ သိရသည်။

ယင်းသို့ ပြုလုပ်ခံရမှု များကြောင့် အချုပ်သား ဦးမှတ်တင်သည် ချွေးများ အလွန်အကျွံ ထွက်လာပြီး မူးဝေနေသဖြင့် မတ္တရာဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ရာ မြို့နယ် ဆရာဝန်ကြီး၏ ရင်ခွဲစစ်ဆေးချက်အရ ဝဲနံရိုးကျိုးပြီး ၎င်းအောက်မှ ဘေလုံးကွဲကာ သွေးထွက်လွန်၍ သေဆုံးရခြင်း ဖြစ်ကြောင်း အဆိုပါ မှတ်တမ်းများအရ သိရသည်။
::
အဆိုပါအချုပ်သား ၆ ဦးကို စစ်ဆေးပြီး မေလ ၁၀ ရက်နေ့က မတ္တရာမြို့နယ် ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄/၁၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။

မန္တလေး ဗဟိုအကျဉ်းထောင်တွင် ဧပြီလ ၁၃ရက်နေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းက အကျဉ်းသား အမျိုးသား ခြောက်ဦးသည် အရက်ပျံနှင့် လျက်ဆား ရောသောက်ရာမှ အဆိပ်သင့်ကာ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် သုံးဦးသေဆုံးခဲ့သည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment